ဘုရားပန်းအိုးလဲတဲ့ခါ ပန်းအရိုးတံပုပ်တာမဖြစ်ပဲ ပန်းကြာကြာခံအောင်ပြုလုပ်နည်း လျှို့ဝှက်ချက် - Property Knowledge in Myanmar from iMyanmarHouse.com
5015 Views

ဘုရားပန်းအိုးလဲတဲ့ခါ ပန်းအရိုးတံပုပ်တာမဖြစ်ပဲ ပန်းကြာကြာခံအောင်ပြုလုပ်နည်း လျှို့ဝှက်ချက်

Knowledge | Posted by Aye Myat Thu

[Unicode]

ပန်းအိုးထိုးတဲ့အခါ ပန်းတွေကို ကြာကြာခံနေစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ အလုပ်စားပွဲမှာ အလှပန်းအိုးထိုးတာမျိုးဖြစ်ဖြစ်၊သင့်အိမ်ဧည့်ခန်းမှာ အလှဆင်တာမျိုးနဲ့ ဘုရားမှာပန်းအိုးထိုးပြီး ပန်းကပ်ပူဇော်တဲ့အခါ ပန်းတွေ ခဏလေးနဲ့ ညှိုးနွမ်းခြောက်သွေ့သွားတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ ပန်းအိုးထိုးတဲ့အခါပန်းတွေ ကြာကြာခံနေစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

(၁) ပန်းတွေ ဝယ်လာတဲ့အခါ ရေဆေးပြီး ပန်းအိုးထိုးတာမျိုးကို ချက်ချင်း မလုပ်ဘဲ ပန်းအရိုးရဲ့ အောက်ခြေ ပင်စည်ကို ၂ လက်မခန့် ခပ်စောင်းစောင်းလေး ဖြတ်တောက်ပြီးမှ ထိုးပေးသင့်ပါတယ်။ဒီလိုပြုလုပ်ပေးခြင်းဟာ ပန်းတွေ ရေစုပ်အား ပိုမိုကောင်းမွန်စေပြီး ကြာကြာခံစေပါတယ်။

(၂) ပန်းအိုးထိုးတဲ့အခါ ပန်းအိုးထဲက ရေနဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့ အရွက်တွေကို ခြွေပေးရမှာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ပေးခြင်းဟာ ရက်အနည်းငယ်ကြာတဲ့အခါ ပန်းအိုးထဲက ရေပုပ်နံ့လိုအနံ့မကောင်းတာမျိုးကို ဖယ်ရှားပေးနိုင်တဲ့အပြင် ပန်းအရိုးတံပုပ်ပြီး အညှိုးနွမ်းမြန်တာမျိုးကိုလည်း မဖြစ်စေနိုင်ပါဘူး။

(၃) ပန်းအိုးထိုးပြီးတဲ့အခါ အခန်းအပူချိန်ပေါ် မူတည်ပြီး ရေကို ရက်ခြားဆိုသလို ပုံမှန် လဲလှယ်ပေးသင့်ပါတယ်။ ရေလဲတဲ့အခါတိုင်းလည်း ပန်းအရိုးတံကို လိုအပ်သလို ဖြတ်တောက်ပေးသင့်ပါတယ်။

(၄) ပန်းအိုး ထိုးတဲ့အခါ ပန်းအိုးထဲက ရေထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာခန့် ထည့်ပေးခြင်းဟာ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့အပြင်ပန်းအိုးထဲကရေတွေ အချိန်ကြာလို့ အနံ့အသက် မကောင်းတော့တာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။

(၅) ပန်းတွေ ကြာကြာခံစေမယ့် နောက်ထပ် နည်းလမ်းကောင်းတခုကတော့ ပန်းအိုးထိုးတဲ့အခါတိုင်း ပန်းအိုးထဲက ရေထဲကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့သကြား လက်ဖက်ရည်ဇွန်း တဝက်စာခန့်ကို ရောစပ်ပြီး ထည့်ပေးရမှာပါ။

ပန်းသီးရှာလကာရည်ဟာ ပန်းအရိုးတံတွေကို ပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး သကြားကတော့ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့ အစွမ်းရှိပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဟယ်လ်သင်(ဧရာဝတီ)

 

[Zawgyi]

ဘုရားပန္းအိုးလဲတဲ့ခါ ပန္းအ႐ိုးတံပုပ္တာမျဖစ္ပဲ ပန္းၾကာၾကာခံေအာင္ျပဳလုပ္နည္း လွ်ိဳ႕ဝွက္ခ်က္

 

ပန္းအိုးထိုးတဲ့အခါ ပန္းေတြကို ၾကာၾကာခံေနေစမယ့္ နည္းလမ္းေတြ ရွိပါတယ္။ အလုပ္စားပြဲမွာ အလွပန္းအိုး ထိုးတာမ်ိဳးျဖစ္ျဖစ္၊ သင့္အိမ္ဧည့္ခန္းမွာ အလွဆင္တာမ်ိဳးနဲ႔ ဘုရားမွာပန္းအိုးထိုးၿပီး ပန္းကပ္ပူေဇာ္တဲ့အခါ ပန္းေတြ ခဏေလးနဲ႔ ညႇိဳးႏြမ္းေျခာက္ေသြ႕သြားတတ္လို႔ စိတ္အေႏွာင့္အယွက္ ျဖစ္ရပါတယ္။ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေတြကေတာ့ ပန္းအိုးထိုးတဲ့အခါပန္းေတြ ၾကာၾကာခံေနေစမယ့္ နည္းလမ္းေတြပဲ ျဖစ္ပါတယ္။

(၁) ပန္းေတြ ဝယ္လာတဲ့အခါ ေရေဆးၿပီး ပန္းအိုးထိုးတာမ်ိဳးကို ခ်က္ခ်င္း မလုပ္ဘဲ ပန္းအ႐ိုးရဲ႕ ေအာက္ေျခ ပင္စည္ကို ၂ လက္မခန႔္ ခပ္ေစာင္းေစာင္းေလး ျဖတ္ေတာက္ၿပီးမွ ထိုးေပးသင့္ပါတယ္။ဒီလိုျပဳလုပ္ေပးျခင္းဟာ ပန္းေတြ ေရစုပ္အား ပိုမိုေကာင္းမြန္ေစၿပီး ၾကာၾကာခံေစပါတယ္။

(၂) ပန္းအိုးထိုးတဲ့အခါ ပန္းအိုးထဲက ေရနဲ႔ အနီးစပ္ဆုံးျဖစ္ေနတဲ့ အ႐ြက္ေတြကို ေႁခြေပးရမွာ ျဖစ္ပါတယ္။ ဒီလို ျပဳလုပ္ေပးျခင္းဟာ ရက္အနည္းငယ္ၾကာတဲ့အခါ ပန္းအိုးထဲက ေရပုပ္နံ႔လိုအနံ႔မေကာင္းတာမ်ိဳးကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ပန္းအ႐ိုးတံ ပုပ္ၿပီး အညႇိဳးႏြမ္းျမန္တာမ်ိဳးကိုလည္း မျဖစ္ေစႏိုင္ပါဘူး။

(၃) ပန္းအိုး ထိုးၿပီးတဲ့အခါ အခန္းအပူခ်ိန္ေပၚ မူတည္ၿပီး ေရကို ရက္ျခားဆိုသလို ပုံမွန္ လဲလွယ္ေပးသင့္ပါတယ္။ ေရလဲတဲ့အခါတိုင္းလည္း ပန္းအ႐ိုးတံကို လိုအပ္သလို ျဖတ္ေတာက္ေပးသင့္ပါတယ္။

(၄) ပန္းအိုး ထိုးတဲ့အခါ ပန္းအိုးထဲက ေရထဲကို မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၁ ဇြန္းစာခန႔္ ထည့္ေပးျခင္းဟာ ပန္းေတြကို ၾကာၾကာခံေစႏိုင္တဲ့အျပင္ပန္းအိုးထဲကေရေတြ အခ်ိန္ၾကာလို႔ အနံ႔အသက္ မေကာင္းေတာ့တာမ်ိဳးလည္း မျဖစ္ေစႏိုင္ပါဘူး။

(၅) ပန္းေတြ ၾကာၾကာခံေစမယ့္ ေနာက္ထပ္ နည္းလမ္းေကာင္းတခုကေတာ့ ပန္းအိုးထိုးတဲ့အခါတိုင္း ပန္းအိုးထဲက ေရထဲကို ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔သၾကား လက္ဖက္ရည္ဇြန္း တဝက္စာခန႔္ကို ေရာစပ္ၿပီး ထည့္ေပးရမွာပါ။

ပန္းသီးရွာလကာရည္ဟာ ပန္းအ႐ိုးတံေတြကို ပုပ္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြကို ေသေစႏိုင္ၿပီး သၾကားကေတာ့ ပန္းေတြကို ၾကာၾကာခံေစႏိုင္တဲ့ အစြမ္း ရွိပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ဟယ္လ္သင္(ဧရာဝတီ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service