ကြက်ဥတွေကို ရေခဲသေတ္တာ တံခါးပေါက်အကန့်မှာ ထည့်မထားသင့် - Property Knowledge in Myanmar from iMyanmarHouse.com
880 Views

ကြက်ဥတွေကို ရေခဲသေတ္တာ တံခါးပေါက်အကန့်မှာ ထည့်မထားသင့်

Knowledge | Posted by Shwe Zin Win

[Unicode]

ကျွန်ုပ်တို့ အများစုက အစားအစာသိမ်းထားတဲ့ ရေခဲသေတ္တာကို အရေးမပေးတတ်ကြပါဘူး။ သို့ပေမယ့် အစားအစာတွေကို လတ်လတ်ဆတ်ဆတ် သိမ်းထားချင်တယ်၊ အချိန်ကြာကြာ ကောင်းမွန်အောင် ထားချင်တယ်ဆိုရင် ဒါသိပ်အရေးကြီးပါတယ်။

အစားအသောက်ကို လတ်လတ်ဆတ်ဆတ်နဲ့ အချိန်ကြာကြာ ကောင်းမွန်နေအောင် သိမ်းထားမယ်ဆိုရင် ရေခဲသေတ္တာ အပူချိန်ကို ဝ-၄ ဒီဂရီထိ ချိန်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီနည်းဖြင့် ဘက်တီးရီးယား ဖွံ့ဖြိုးမှုကို တားဆီးပေးပါလိမ့်မယ်။

ရေခဲသေတ္တာရဲ့ အပေါ်ပိုင်းမှာ ထမင်းကျန်တွေ၊ ဟင်းခတ်အမွှေးကြိုင်နဲ့ ချက်ချင်းစားသုံးလို့ ရနိုင်တဲ့ အစားအစာ သိမ်းထားရပါတယ်။ အဲ့နေရာမှာ ရေခဲသေတ္တာရဲ့ အပူအအေး တစ်သမတ်တည်း အကျဆုံးဖြစ်ပါတယ်။

တံခါးပေါက်နေရာတွေဟာ ရေခဲသေတ္တာ အတွင်းပိုင်းရဲ့ အပူဆုံးနေရာတွေဖြစ်ပါတယ်။ အဲဒီနေရာဟာ သဘာဝအရ ကြာရှည်ခံသော ပစ္စည်းတွေကို သိမ်းထားသင့်တဲ့ နေရာဖြစ်ပါတယ်။ Mayonaise နဲ့ လိမ္မော်သီး ဖျော်ရည်တွေကို အဲ့နေရာမှာ သိမ်းထားနိုင်ပေမယ့် ကြက်ဥ၊ နို့နဲ့ပြုလုပ်တဲ့ အစားအစာတွေကိုတော့ မရပါဘူး။ အပူချိန်နည်းတဲ့ အတွက်ကြောင့် ကြက်ဥ၊ နို့နဲ့ ပြုလုပ်တဲ့ အစားအစာတွေကိုတော့ အောက်ထပ်မှာ သိမ်းထားသင့်ပါတယ်။

အောက်ထပ်တွေမှာ ပင်လယ်စာ၊ ငါး နဲ့ အသားစိမ်းတွေ သိမ်းထားနိုင်သေးတယ်။ ကြက်ဥက တခြားပစ္စည်းတွေရဲ့ အနံ့အသက်ကို စုပ်ယူနိုင်တာကြောင့် အနံ့ပြင်းတဲ့ ပစ္စည်းမျိုးထားမယ်ဆိုရင် ကြက်ဥတွေနဲ့ ဝေးဝေးနေရာမှာသာထားပါ။

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို သီးခြားအကန့်မှာ သိမ်းထားပါ။ အများအားဖြင့် အခန်းနှစ်ခု ကန့်ထားတဲ့ အောက်ဆုံးအထပ်မှာ တစ်ခုကို သစ်သီးအတွက် လုပ်ပြီး နောက်တစ်ခုမှာတော့ ဟင်းသီးဟင်းရွက်ထားပါ။ မက်မွန်သီး၊ သစ်တော်သီးနဲ့ မက်မန်းသီးလို အသီးမျိုးတွေကို ဟင်းသီးဟင်းရွက်တွေနဲ့ နီးနီးကပ်ကပ် မထားသင့်ပါဘူး။ ဘာလို့လဲဆိုရင် ဟင်းသီးဟင်းရွက်တွေကို အပုပ်မြန်စေတဲ့ ဂက်စ်တွေ ထုတ်တာကြောင့်ဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Trend Myanmar

 

 

[Zawgyi]

ၾကက္ဥေတြကို ေရခဲေသတၱာ တံခါးေပါက္အကန္႔မွာ ထည့္မထားသင့္

ကြၽႏ္ုပ္တို႔ အမ်ားစုက အစားအစာသိမ္းထားတဲ့ ေရခဲေသတၱာကို အေရးမေပးတတ္ၾကပါဘူး။ သို႔ေပမယ့္ အစားအစာေတြကို လတ္လတ္ဆတ္ဆတ္ သိမ္းထားခ်င္တယ္၊ အခ်ိန္ၾကာၾကာ ေကာင္းမြန္ေအာင္ ထားခ်င္တယ္ဆိုရင္ ဒါသိပ္အေရးႀကီးပါတယ္။

အစားအေသာက္ကို လတ္လတ္ဆတ္ဆတ္နဲ႔ အခ်ိန္ၾကာၾကာ ေကာင္းမြန္ေနေအာင္ သိမ္းထားမယ္ဆိုရင္ ေရခဲေသတၱာ အပူခ်ိန္ကို ဝ-၄ ဒီဂရီထိ ခ်ိန္ထားဖို႔ လိုအပ္ပါလိမ့္မယ္။ ဒီနည္းျဖင့္ ဘက္တီးရီးယား ဖြံ႕ၿဖိဳးမႈကို တားဆီးေပးပါလိမ့္မယ္။

ေရခဲေသတၱာရဲ႕ အေပၚပိုင္းမွာ ထမင္းက်န္ေတြ၊ ဟင္းခတ္အေမႊးႀကိဳင္နဲ႔ ခ်က္ခ်င္းစားသုံးလို႔ ရႏိုင္တဲ့ အစားအစာ သိမ္းထားရပါတယ္။ အဲ့ေနရာမွာ ေရခဲေသတၱာရဲ႕ အပူအေအး တစ္သမတ္တည္း အက်ဆုံးျဖစ္ပါတယ္။

တံခါးေပါက္ေနရာေတြဟာ ေရခဲေသတၱာ အတြင္းပိုင္းရဲ႕ အပူဆုံးေနရာေတြျဖစ္ပါတယ္။ အဲဒီေနရာဟာ သဘာဝအရ ၾကာ႐ွည္ခံေသာ ပစၥည္းေတြကို သိမ္းထားသင့္တဲ့ ေနရာျဖစ္ပါတယ္။ Mayonaise နဲ႔ လိေမၼာ္သီး ေဖ်ာ္ရည္ေတြကို အဲ့ေနရာမွာ သိမ္းထားႏိုင္ေပမယ့္ ၾကက္ဥ၊ ႏို႔နဲ႔ျပဳလုပ္တဲ့ အစားအစာေတြကိုေတာ့ မရပါဘူး။ အပူခ်ိန္နည္းတဲ့ အတြက္ေၾကာင့္ ၾကက္ဥ၊ ႏို႔နဲ႔ ျပဳလုပ္တဲ့ အစားအစာေတြကိုေတာ့ ေအာက္ထပ္မွာ သိမ္းထားသင့္ပါတယ္။

ေအာက္ထပ္ေတြမွာ ပင္လယ္စာ၊ ငါး နဲ႔ အသားစိမ္းေတြ သိမ္းထားႏိုင္ေသးတယ္။ ၾကက္ဥက တျခားပစၥည္းေတြရဲ႕ အနံ႔အသက္ကို စုပ္ယူႏိုင္တာေၾကာင့္ အနံ႔ျပင္းတဲ့ ပစၥည္းမ်ိဳးထားမယ္ဆိုရင္ ၾကက္ဥေတြနဲ႔ ေဝးေဝးေနရာမွာသာထားပါ။

သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ေတြကို သီးျခားအကန္႔မွာ သိမ္းထားပါ။ အမ်ားအားျဖင့္ အခန္းႏွစ္ခု ကန္႔ထားတဲ့ ေအာက္ဆုံးအထပ္မွာ တစ္ခုကို သစ္သီးအတြက္ လုပ္ၿပီး ေနာက္တစ္ခုမွာေတာ့ ဟင္းသီးဟင္း႐ြက္ထားပါ။ မက္မြန္သီး၊ သစ္ေတာ္သီးနဲ႔ မက္မန္းသီးလို အသီးမ်ိဳးေတြကို ဟင္းသီးဟင္း႐ြက္ေတြနဲ႔ နီးနီးကပ္ကပ္ မထားသင့္ပါဘူး။ ဘာလို႔လဲဆိုရင္ ဟင္းသီးဟင္း႐ြက္ေတြကို အပုပ္ျမန္ေစတဲ့ ဂက္စ္ေတြ ထုတ္တာေၾကာင့္ျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Trend Myanmar

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service