တိုက်ခန်းဝယ်ရင် အခန်းလွတ် လက်ရောက်အပ်မှ ကျန်ငွေပေးချေပါ

တိုက်ခန်းဝယ်ရင် အခန်းလွတ် လက်ရောက်အပ်မှ ကျန်ငွေပေးချေပါ - Property Knowledge in Myanmar from iMyanmarHouse.com
12 Mar 2022 10:58 am တွင် တင်ခဲ့သည်
1078 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ရန်ကုန်မြို့တွင်းမှ တိုက်ခန်း ဝယ်လိုသူများအနေ နဲ့ တိုက်ခန်း အရောင်းအဝယ်စာချုပ်ပေးဖို့ မောင်ကောင်းဖေကိုလာခေါ်တဲ့အခါ လူအများစုက “စာချုပ်စာတမ်းတွေ အသေအချာ စစ်ဆေးပေးပါ။ ပြည့်စုံမှန်ကန်တယ်ဆိုရင် စရန်ငွေပေးစာချုပ်မယ်။ ပြီးရင် သတင်းစာကြော်ငြာမယ်။ (၇)ရက် သို့မဟုတ် (၁၄)ရက် ကြော်ငြာချင်တယ်။ သတ်မှတ်ရက်အတွင်းမှာ ကန့်ကွက်မည့်သူ မရှိဘူးဆိုရင် အပြီးငွေချေ စာချုပ်ချုပ်မယ်...” စသဖြင့် မိမိ တို့ ဖြစ်ချင်တဲ့ဆန္ဒတွေကို မောင်ကောင်းဖေကို ပြောပြကြတယ်။

မောင်ကောင်းဖေကလည်း မေးရတာပေါ့…..”အခုရောင်းမယ့်သူနဲ့ ရင်းနှီးပြီးသားလား (ဒါမှမဟုတ်) လုပ်ဖော်ကိုင်ဖက်လား” လို့ မေးကြည့်တဲ့အခါ အချို့ကလည်း အသိအကျွမ်းမဟုတ်ကြဘူး။ တစ်လမ်းထဲနေသူအချင်းချင်းလည်း မဟုတ်ဘူး။ အခုမှ ပွဲစားက မိတ်ဆက်ပေးလို့ ဝယ်ဖို့ဆုံးဖြတ်ကြတာလို့ ပြောကြပါတယ်။

များသောအားဖြင့်တော့ ပွဲစားလုပ်သူကို မေးလိုက်ရင်တော့ အဖြေမှန် ပေါ်တာပါပဲ။ တိုက်ခန်းရောင်းချင်သူ တော်တော်များများက ပွဲစားမပါဘဲ တိုက်ခန်းရောင်းမယ်လို့ ဖုန်းနံပါတ်ရေးပြီး ကြော်ငြာပေမယ့် ဝယ်လိုသူတွေက သတိမထားမိကြတော့မသိလိုက်ကြဘူး။ အကျိုးဆောင်ဆိုသူတွေကတော့ သူတို့ကို လာအပ်ထားတာကိုလည်း လက်ခံပြီး အကျိုးဆောင်ပေးပါတယ်။ ဒါနဲ့ပဲ မတင်းတိမ်နိုင်လို့ အိမ်ရောင်းမယ်၊ တိုက်ခန်းရောင်းမယ့် ဆိုင်းဘုတ် တွေ့ရင်လည်း ဖုန်းဆက်ပြီး စုံစမ်းလေ့လာလိုက်တာပဲ။ တစ်ခါတစ်ရံကြုံရင် အိမ်ရောင်းမယ်၊ တိုက်ရောင်းမယ် ဖုန်းနံပါတ်ကြော်ငြာထားတဲ့ အိမ်ကို သွားရောက်မေးမြန်း ကြည့်တဲ့အခါ ဆိုင်းဘုတ်ချိတ်ထားသူက ပွဲစားဖြစ်နေတတ်တယ်။ များသောအားဖြင့် ရောင်းမယ့်ပိုင်ရှင်တွေက သူတို့ကိုယ်တိုင် ကြော်ငြာတာနည်းတယ်။ သိက္ခာကျမှာစိုးလို့ ကိုယ်တိုင် မကြော်ငြာတာလားတော့ မပြောတတ်ပါဘူး။ ဒါလည်း အပြစ်သွားပြောလို့ ဘယ်ဖြစ်မလဲ။ လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုရိုးရှိနေတာပဲ။

အဲ...ပြောချင်တာက ဒါမဟုတ်ဘူး။ ဝယ်သူနဲ့ အကျိုးဆောင်လုပ်သူက မောင်ကောင်းဖေကို လာခေါ် တဲ့အခါ ရောင်းသူထံမှာရှိတဲ့ စာရွက်စာတမ်းတွေကို ကြည့်ပေးဖို့သာပြောပြီး ရောင်းမယ့်အိမ်က ပိုင်ရှင်ကိုယ်တိုင် နေတာလား။ အိမ်ငှားတွေ တင်ထားတာလား (ဒါမှမဟုတ်) အိမ်ကို သော့ပိတ်ထားတာလားဆိုတာကို ရှင်းရှင်းလင်းလင်းပြောမသွားကြဘူး မေ့နေတတ် ကြတယ်။

တစ်ချို့ဆိုရင် တိုက်ခန်းအရောင်း အဝယ်လုပ်စဉ်က အပြီးငွေချေတဲ့နေ့မှာ အိမ်ငှားတွေကို အပြီးရှင်းပေးထားမယ်လို့ ဝန်ခံကတိပြုခဲ့ပေမယ့် တကယ်လည်း အပြီးငွေချေတဲ့နေ့ လည်းရောက်ရော အိမ်ငှားတွေက ဆင်းမပေးနိုင်ဘူးလို့ ငြင်းဆန်နေတာကို တွေ့ဖူးတယ်။

အဲဒီလို အိမ်ငှားသူတွေက ဆင်းပေးဖို့ ငြင်းဆန်တဲ့ အကြောင်းကလည်းရှိသေးတယ်။ သူတို့က တစ်နှစ်စာချုပ်ထားတာ၊ (၃) နှစ်စာချုပ်ထားတာ၊ နောက်(၂)လမှ ပြည့်မယ်။ အဲဒီ ကျမှဆင်းပေးမယ်ဆိုပြီး ဆင်းဖို့အတင်းငြင်းတတ်ကြတယ်။ အိမ်ငှားတွေဘက်က ပြောမယ်ဆိုရင် ပြောလောက်စရာပဲ။ ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေအရ ဆက်မငှားလိုရင် အိမ်ရှင်က ကြိုပြောရတယ်လေ။ အခုလိုကြီး စရန်ငွေယူပြီးတဲ့နောက်မှ ကျွန်တော်က အခန်းကို ရောင်းလိုက်ပြီ၊ ခင်ဗျားတို့ဖယ်ပေးတော့။ ကျန်နေတဲ့ (၁)လစာ (၂)လစာကို ပြန်အမ်းလိုက်မယ်။ စပေါ်လည်း ပြန်အမ်းပေးမယ်ဆိုပြီး ရာဇသံပေးသလိုလုပ်တော့ အခန်းငှားသူကလည်း “လမပြည့်”ဘဲနဲ့ ဖယ်မပေးနိုင်ဘူးဆိုပြီး အပေါ်စီးနဲ့ ခပ်တင်းတင်း ပြောပါ လေရော။ ဒီတော့မှ အိမ်ရှင်လည်း ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကာ ငယ်ထိပ်မြွေပေါက်သလို ခံစားရပြီး အကျဉ်းအကျပ်ထဲ ရောက်တော့တာပေါ့။ “ဆုပ်လည်းစူး၊ စားလည်းရူး” ဆိုသလို ဝယ်သူကို စရန်ငွေပြန်အမ်းရင်လည်း စရန်ငွေကအနည်းဆုံး သိန်း (၅၀၀) ယူထားတာဖြစ်နေတယ်။ ဝယ်သူကို ပြန်အမ်းရရင်လည်း စရန်ငွေ (၂)ဆပေးရမှာဆိုတော့ မချောင်ဘူး။

တိုက်ခန်းငှားသူကလည်း (၂)လစာ ပြန်အမ်းတာ လက်မခံဘူး။ အိမ်ရှင်ဘက်က အငှားစာချုပ်ဖောက်ဖျက်တာရယ်၊ ကြိုမပြောတာရယ်၊ ဖုတ်ပူမီးတိုက်ရွှေ့ပြောင်းပေးရတာရယ် စတဲ့ ဒုက္ခတွေကြောင့် နစ်နာကြေး သိန်း (၅၀၀) ပေးရင် ဆင်းပေးမယ်လို့ တောင်းဆိုပါလေရော။

အဲဒီတော့မှ ကာလပြောင်းပြန်တွေဖြစ်တော့တာပဲ။ အိမ်ရှင်က အပေါ်စီးကနေရမယ့်အစား မျက်နှာငယ်လေးနဲ့ တိုက်ခန်းငှားသူကို အောက်ကျို့ဆက်ဆံရတာတွေဖြစ်လာတယ်။ သိန်း (၅၀၀) မပေးဘဲနဲ့ မဆင်းနိုင်ဘူးဆိုပေမယ့် အိမ်ရှင်ဘက်ကလည်း စေတနာမရှိတဲ့အတွက် တစ်ပြားမှတောင်ပေးချင်မှာ မဟုတ်ဘူးလေ။ ဒီတော့ အိမ်ငှားကိုတော့ပြန်ပြီး အောက်မကျို့တော့ဘူး။ ဝယ်သူကိုပဲ မေတ္တာရပ်ခံတောင်းပန်ဖို့ ဆုံးဖြတ်ရတော့တာပေါ့။

ဗုဒ္ဓဘာသာ ဝယ်သူအများစုကလည်း ဒီလိုချည်းတော့ သူများပိုက်ဆံအလကားမယူချင်ကြဘူး။ ရောင်းသူကိုယ်တိုင်က မေတ္တာရပ်ခံ တောင်းပန်လာတော့လည်း သဘောထား ပျော့ပြောင်းပြီး အိမ်ငှားတွေဆင်းတဲ့လအထိ စောင့်ပေးကြသူလည်း ရှိပါတယ်။ ဒါဘာပြောချင်တာလည်းဆိုတော့ ဝယ်သူများအနေ နဲ့ မိမိဝယ်ယူမည့် တိုက်ခန်း (သို့) ရောင်းမယ့် တိုက်ခန်းမှာ အိမ်ငှားတွေရှိလားလို့ မမေးလိုက်မိတဲ့ အချက်ကြောင့်ပါပဲ။ ဒါကြောင့် တိုက်ခန်းဝယ်ရင် အခန်းလွတ်လက်ရောက်အပ်မှ ကျန်ငွေပေးချေကြပါလို့ အကြံပေး တိုက်တွန်းလိုက်ရပါတော့တယ်။

သုခိ အတ္တာနံ ပရိဟရန္တု..........(မိမိကိုယ်ကို ချမ်းသာ​အောင်​ ဆောင်ရွက်နိုင်ကြပါ​စေကုန်သတည်း။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 

[Zawgyi]

တိုက္ခန္းဝယ္ရင္ အခန္းလြတ္ လက္ေရာက္အပ္မွ က်န္ေငြေပးေခ်ပါ

 

ရန္ကုန္ၿမိဳ႕တြင္းမွ တိုက္ခန္း ဝယ္လိုသူမ်ားအေန နဲ႔ တိုက္ခန္း အေရာင္းအဝယ္စာခ်ဳပ္ေပးဖို႔ ေမာင္ေကာင္းေဖကိုလာေခၚတဲ့အခါ လူအမ်ားစုက “စာခ်ဳပ္စာတမ္းေတြ အေသအခ်ာ စစ္ေဆးေပးပါ။ ျပည့္စုံမွန္ကန္တယ္ဆိုရင္ စရန္ေငြေပးစာခ်ဳပ္မယ္။ ၿပီးရင္ သတင္းစာေၾကာ္ျငာမယ္။ (၇)ရက္ သို႔မဟုတ္ (၁၄)ရက္ ေၾကာ္ျငာခ်င္တယ္။ သတ္မွတ္ရက္အတြင္းမွာ ကန္႔ကြက္မည့္သူ မ႐ွိဘူးဆိုရင္ အၿပီးေငြေခ် စာခ်ဳပ္ခ်ဳပ္မယ္...” စသျဖင့္ မိမိ တို႔ ျဖစ္ခ်င္တဲ့ဆႏၵေတြကို ေမာင္ေကာင္းေဖကို ေျပာျပၾကတယ္။

ေမာင္ေကာင္းေဖကလည္း ေမးရတာေပါ့…..”အခုေရာင္းမယ့္သူနဲ႔ ရင္းႏွီးၿပီးသားလား (ဒါမွမဟုတ္) လုပ္ေဖာ္ကိုင္ဖက္လား” လို႔ ေမးၾကည့္တဲ့အခါ အခ်ိဳ႕ကလည္း အသိအကြၽမ္းမဟုတ္ၾကဘူး။ တစ္လမ္းထဲေနသူအခ်င္းခ်င္းလည္း မဟုတ္ဘူး။ အခုမွ ပြဲစားက မိတ္ဆက္ေပးလို႔ ဝယ္ဖို႔ဆုံးျဖတ္ၾကတာလို႔ ေျပာၾကပါတယ္။

မ်ားေသာအားျဖင့္ေတာ့ ပြဲစားလုပ္သူကို ေမးလိုက္ရင္ေတာ့ အေျဖမွန္ ေပၚတာပါပဲ။ တိုက္ခန္းေရာင္းခ်င္သူ ေတာ္ေတာ္မ်ားမ်ားက ပြဲစားမပါဘဲ တိုက္ခန္းေရာင္းမယ္လို႔ ဖုန္းနံပါတ္ေရးၿပီး ေၾကာ္ျငာေပမယ့္ ဝယ္လိုသူေတြက သတိမထားမိၾကေတာ့မသိလိုက္ၾကဘူး။ အက်ိဳးေဆာင္ဆိုသူေတြကေတာ့ သူတို႔ကို လာအပ္ထားတာကိုလည္း လက္ခံၿပီး အက်ိဳးေဆာင္ေပးပါတယ္။ ဒါနဲ႔ပဲ မတင္းတိမ္ႏိုင္လို႔ အိမ္ေရာင္းမယ္၊ တိုက္ခန္းေရာင္းမယ့္ ဆိုင္းဘုတ္ ေတြ႕ရင္လည္း ဖုန္းဆက္ၿပီး စုံစမ္းေလ့လာလိုက္တာပဲ။ တစ္ခါတစ္ရံၾကဳံရင္ အိမ္ေရာင္းမယ္၊ တိုက္ေရာင္းမယ္ ဖုန္းနံပါတ္ေၾကာ္ျငာထားတဲ့ အိမ္ကို သြားေရာက္ေမးျမန္း ၾကည့္တဲ့အခါ ဆိုင္းဘုတ္ခ်ိတ္ထားသူက ပြဲစားျဖစ္ေနတတ္တယ္။ မ်ားေသာအားျဖင့္ ေရာင္းမယ့္ပိုင္႐ွင္ေတြက သူတို႔ကိုယ္တိုင္ ေၾကာ္ျငာတာနည္းတယ္။ သိကၡာက်မွာစိုးလို႔ ကိုယ္တိုင္ မေၾကာ္ျငာတာလားေတာ့ မေျပာတတ္ပါဘူး။ ဒါလည္း အျပစ္သြားေျပာလို႔ ဘယ္ျဖစ္မလဲ။ လူတစ္ကိုယ္ စိတ္တစ္မ်ိဳး ဆို႐ိုး႐ွိေနတာပဲ။

အဲ...ေျပာခ်င္တာက ဒါမဟုတ္ဘူး။ ဝယ္သူနဲ႔ အက်ိဳးေဆာင္လုပ္သူက ေမာင္ေကာင္းေဖကို လာေခၚ တဲ့အခါ ေရာင္းသူထံမွာ႐ွိတဲ့ စာ႐ြက္စာတမ္းေတြကို ၾကည့္ေပးဖို႔သာေျပာၿပီး ေရာင္းမယ့္အိမ္က ပိုင္႐ွင္ကိုယ္တိုင္ ေနတာလား။ အိမ္ငွားေတြ တင္ထားတာလား (ဒါမွမဟုတ္) အိမ္ကို ေသာ့ပိတ္ထားတာလားဆိုတာကို ႐ွင္း႐ွင္းလင္းလင္းေျပာမသြားၾကဘူး ေမ့ေနတတ္ ၾကတယ္။ တစ္ခ်ိဳ႕ဆိုရင္ တိုက္ခန္းအေရာင္း အဝယ္လုပ္စဥ္က အၿပီးေငြေခ်တဲ့ေန႔မွာ အိမ္ငွားေတြကို အၿပီး႐ွင္းေပးထားမယ္လို႔ ဝန္ခံကတိျပဳခဲ့ေပမယ့္ တကယ္လည္း အၿပီးေငြေခ်တဲ့ေန႔ လည္းေရာက္ေရာ အိမ္ငွားေတြက ဆင္းမေပးႏိုင္ဘူးလို႔ ျငင္းဆန္ေနတာကို ေတြ႕ဖူးတယ္။

အဲဒီလို အိမ္ငွားသူေတြက ဆင္းေပးဖို႔ ျငင္းဆန္တဲ့ အေၾကာင္းကလည္း႐ွိေသးတယ္။ သူတို႔က တစ္ႏွစ္စာခ်ဳပ္ထားတာ၊ (၃) ႏွစ္စာခ်ဳပ္ထားတာ၊ ေနာက္(၂)လမွ ျပည့္မယ္။ အဲဒီ က်မွဆင္းေပးမယ္ဆိုၿပီး ဆင္းဖို႔အတင္းျငင္းတတ္ၾကတယ္။ အိမ္ငွားေတြဘက္က ေျပာမယ္ဆိုရင္ ေျပာေလာက္စရာပဲ။ ၁၉၆၀ ျပည့္ႏွစ္ ၿမိဳ႕ျပဆိုင္ရာ ငွားရမ္းခႀကီးၾကပ္ေရး အက္ဥပေဒအရ ဆက္မငွားလိုရင္ အိမ္႐ွင္က ႀကိဳေျပာရတယ္ေလ။ အခုလိုႀကီး စရန္ေငြယူၿပီးတဲ့ေနာက္မွ ကြၽန္ေတာ္က အခန္းကို ေရာင္းလိုက္ၿပီ၊ ခင္ဗ်ားတို႔ဖယ္ေပးေတာ့။ က်န္ေနတဲ့ (၁)လစာ (၂)လစာကို ျပန္အမ္းလိုက္မယ္။ စေပၚလည္း ျပန္အမ္းေပးမယ္ဆိုၿပီး ရာဇသံေပးသလိုလုပ္ေတာ့ အခန္းငွားသူကလည္း “လမျပည့္”ဘဲနဲ႔ ဖယ္မေပးႏိုင္ဘူးဆိုၿပီး အေပၚစီးနဲ႔ ခပ္တင္းတင္း ေျပာပါ ေလေရာ။ ဒီေတာ့မွ အိမ္႐ွင္လည္း ေျခမကိုင္မိ၊ လက္မကိုင္မိ ျဖစ္ကာ ငယ္ထိပ္ေႁမြေပါက္သလို ခံစားရၿပီး အက်ဥ္းအက်ပ္ထဲ ေရာက္ေတာ့တာေပါ့။ “ဆုပ္လည္းစူး၊ စားလည္း႐ူး” ဆိုသလို ဝယ္သူကို စရန္ေငြျပန္အမ္းရင္လည္း စရန္ေငြကအနည္းဆုံး သိန္း (၅၀၀) ယူထားတာျဖစ္ေနတယ္။ ဝယ္သူကို ျပန္အမ္းရရင္လည္း စရန္ေငြ (၂)ဆေပးရမွာဆိုေတာ့ မေခ်ာင္ဘူး။

တိုက္ခန္းငွားသူကလည္း (၂)လစာ ျပန္အမ္းတာ လက္မခံဘူး။ အိမ္႐ွင္ဘက္က အငွားစာခ်ဳပ္ေဖာက္ဖ်က္တာရယ္၊ ႀကိဳမေျပာတာရယ္၊ ဖုတ္ပူမီးတိုက္ေ႐ႊ႕ေျပာင္းေပးရတာရယ္ စတဲ့ ဒုကၡေတြေၾကာင့္ နစ္နာေၾကး သိန္း (၅၀၀) ေပးရင္ ဆင္းေပးမယ္လို႔ ေတာင္းဆိုပါေလေရာ။

အဲဒီေတာ့မွ ကာလေျပာင္းျပန္ေတြျဖစ္ေတာ့တာပဲ။ အိမ္႐ွင္က အေပၚစီးကေနရမယ့္အစား မ်က္ႏွာငယ္ေလးနဲ႔ တိုက္ခန္းငွားသူကို ေအာက္က်ိဳ႕ဆက္ဆံရတာေတြျဖစ္လာတယ္။ သိန္း (၅၀၀) မေပးဘဲနဲ႔ မဆင္းႏိုင္ဘူးဆိုေပမယ့္ အိမ္႐ွင္ဘက္ကလည္း ေစတနာမ႐ွိတဲ့အတြက္ တစ္ျပားမွေတာင္ေပးခ်င္မွာ မဟုတ္ဘူးေလ။ ဒီေတာ့ အိမ္ငွားကိုေတာ့ျပန္ၿပီး ေအာက္မက်ိဳ႕ေတာ့ဘူး။ ဝယ္သူကိုပဲ ေမတၱာရပ္ခံေတာင္းပန္ဖို႔ ဆုံးျဖတ္ရေတာ့တာေပါ့။

ဗုဒၶဘာသာ ဝယ္သူအမ်ားစုကလည္း ဒီလိုခ်ည္းေတာ့ သူမ်ားပိုက္ဆံအလကားမယူခ်င္ၾကဘူး။ ေရာင္းသူကိုယ္တိုင္က ေမတၱာရပ္ခံ ေတာင္းပန္လာေတာ့လည္း သေဘာထား ေပ်ာ့ေျပာင္းၿပီး အိမ္ငွားေတြဆင္းတဲ့လအထိ ေစာင့္ေပးၾကသူလည္း ႐ွိပါတယ္။ ဒါဘာေျပာခ်င္တာလည္းဆိုေတာ့ ဝယ္သူမ်ားအေန နဲ႔ မိမိဝယ္ယူမည့္ တိုက္ခန္း (သို႔) ေရာင္းမယ့္ တိုက္ခန္းမွာ အိမ္ငွားေတြ႐ွိလားလို႔ မေမးလိုက္မိတဲ့ အခ်က္ေၾကာင့္ပါပဲ။ ဒါေၾကာင့္ တိုက္ခန္းဝယ္ရင္ အခန္းလြတ္လက္ေရာက္အပ္မွ က်န္ေငြေပးေခ်ၾကပါလို႔ အၾကံေပး တိုက္တြန္းလိုက္ရပါေတာ့တယ္။

သုခိ အတၱာနံ ပရိဟရႏၲဳ..........(မိမိကိုယ္ကို ခ်မ္းသာ​ေအာင္​ ေဆာင္႐ြက္ႏိုင္ၾကပါ​ေစကုန္သတည္း။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service