စည်ပင်ဈေးဆိုင်ခန်း ဝယ်မည်ဆိုလျှင် ဘာတွေဆောင်ရွက်ရန်လိုအပ်သလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
2044 Views

စည်ပင်ဈေးဆိုင်ခန်း ဝယ်မည်ဆိုလျှင် ဘာတွေဆောင်ရွက်ရန်လိုအပ်သလဲ။

Knowledge | Posted by Zarni Kyaw

[Unicode]

စည်ပင်ဈေးဆိုင်ခန်းကို ဝယ်မည်ဆိုလျှင် ရောင်းသူသည် တရားဝင် ချထားခွင့်ရရှိထားသူ ဟုတ်/ မဟုတ် ခွင့်ပြုမိန့်စစ်ဆေးရန်လိုအပ်ပါသည်။ အကယ်၍ မူလချထားပေးသူ ကွယ်လွန်ပါက အမွေဆက်ခံ ပိုင်ဆိုင်သူက တရားဝင်ပိုင်ဆိုင်ခွင့်ရရှိထားပြီး ဟုတ်/မဟုတ် စစ်ဆေးရန် လိုအပ်ပါသည်။ စည်ပင်ဈေးဆိုင်ခန်းကို ရောင်းချသည်ဆိုရာတွင် ဆိုင်ခန်းတည်ခင်းရောင်းချပိုင်ခွင့်ကို ရောင်းချခြင်းသာဖြစ်ပါသည်။

မူလချထားပေးခြင်းခံရသူထံမှ ဆိုင်ခန်းတည်ခင်းရောင်းချပိုင်ခွင့်ကို တစ်နည်းနည်းဖြင့် လွှဲပြောင်းလက်ခံရရှိသူသည် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ ဆိုင်ငှားအမည်ပြောင်းလဲသတ်မှတ်ပေးရန် လျှောက်ထားရမည် -

- မူလဆိုင်ခန်း အငှားချထားခြင်းခံရသူထံမှ လွှဲပြောင်းလက်ခံရရှိသည့် စာရွက်စာတမ်းအထောက်အထားမူရင်း။

- ဌာနက မူလဆိုင်ခန်းအငှာချထားခြင်းခံရသူအား ဆိုင်ငှားချထားသည့် ခွင့်ပြုမိန့်မူရင်း။

- ဆိုင်ခန်းချ အခွန်အခ ငွေသွင်းချလံမူရင်း။

- နောက်ဆုံးပေးဆောင်ထားသည့် ဆိုင်လခငွေသွင်းချလံမူရင်း။

- မူလဆိုင်ခန်းအငှားချထားခြင်းခံရသူ၏ မှတ်ပုံတင်စာအုပ်မူရင်း။

- နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။

- အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ။

- လိုင်စင်ဓါတ်ပုံ(၂)ပုံ

ဆိုင်ငှားအမည်ပြောင်းလဲခွင့်ရရှိသူသည် မှတ်ပုံတင်ဆိုင်ခန်းများအတွက် အမည်ပြောင်းမှတ်ပုံတင်ကြေး အဖြစ် ဈေးအဆင့်၊ ဆိုင်ခန်း အဆင့်အလိုက် ဌာနကသတ်မှတ်ထားသော အောက်ဖော်ပြပါ အခွန်အခများကို ပေးဆောင်ရမည် -

- အာမခံငွေ

- နှစ်စဉ်မှတ်ပုံတင်ကြေး

- ဝန်ဆောင်မှုစရိတ်

- တစ်လကြိုတင်ငှားရမ်းခ

- ဆိုင်လခ၏ အဆ ၃ဝ နှင့် ညီမျှသော ပရီမီယံကြေး

- ဒဏ်ကြေး

ဆိုင်ငှားအမည်ပြောင်းလဲခွင့်ပြုလျှင် မူလဆိုင်ငှားသို့ ထုတ်ပေးထားသည့် ဆိုင်ခန်းအငှားချထားသည့် မှတ်ပုံတင်စာအုပ်နှင့် ဆိုင်ခန်းအငှားချ မှတ်ပုံတင်စာရင်းတို့တွင် လျှောက်ထားသူ၏ အမည်ကို ရေးသွင်းပေးပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စည္ပင္ေစ်းဆိုင္ခန္း ဝယ္မည္ဆိုလွ်င္ ဘာေတြေဆာင္ရြက္ရန္လိုအပ္သလဲ။

စည္ပင္ေစ်းဆိုင္ခန္းကို ဝယ္မည္ဆိုလွ်င္ ေရာင္းသူသည္ တရားဝင္ ခ်ထားခြင့္ရရွိထားသူ ဟုတ္/ မဟုတ္ ခြင့္ျပဳမိန္႔စစ္ေဆးရန္လိုအပ္ပါသည္။ အကယ္၍ မူလခ်ထားေပးသူ ကြယ္လြန္ပါက အေမြဆက္ခံ ပိုင္ဆိုင္သူက တရားဝင္ပိုင္ဆိုင္ခြင့္ရရွိထားၿပီး ဟုတ္/မဟုတ္ စစ္ေဆးရန္ လိုအပ္ပါသည္။ စည္ပင္ေစ်းဆိုင္ခန္းကို ေရာင္းခ်သည္ဆိုရာတြင္ ဆိုင္ခန္းတည္ခင္းေရာင္းခ်ပိုင္ခြင့္ကို ေရာင္းခ်ျခင္းသာျဖစ္ပါသည္။

မူလခ်ထားေပးျခင္းခံရသူထံမွ ဆိုင္ခန္းတည္ခင္းေရာင္းခ်ပိုင္ခြင့္ကို တစ္နည္းနည္းျဖင့္ လႊဲေျပာင္းလက္ခံရ႐ွိသူသည္ ေအာက္ေဖာ္ျပပါ စာ႐ြက္စာတမ္းမ်ားႏွင့္အတူ ဆိုင္ငွားအမည္ေျပာင္းလဲသတ္မွတ္ေပးရန္ ေလွ်ာက္ထားရမည္ -

- မူလဆိုင္ခန္း အငွားခ်ထားျခင္းခံရသူထံမွ လႊဲေျပာင္းလက္ခံရရွိသည့္ စာရြက္စာတမ္္းအေထာက္အထားမူရင္း။

- ဌာနက မူလဆိုင္ခန္းအငွာခ်ထားျခင္းခံရသူအား ဆိုင္ငွားခ်ထားသည့္ ခြင့္ျပဳမိန္႔မူရင္း။

- ဆိုင္ခန္းခ် အခြန္အခ ေငြသြင္းခ်လံမူရင္း။

- ေနာက္ဆုံးေပးေဆာင္ထားသည့္ ဆိုင္လခေငြသြင္းခ်လံမူရင္း။

- မူလဆိုင္ခန္းအငွားခ်ထားျခင္းခံရသူ၏ မွတ္ပုံတင္စာအုပ္မူရင္း။

- ႏိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ။

- အိမ္ေထာင္စုလူဦးေရစာရင္းမိတၱဴ။

- လိုင္စင္ဓါတ္ပုံ(၂)ပုံ

ဆိုင္ငွားအမည္ေျပာင္းလဲခြင့္ရ႐ွိသူသည္ မွတ္ပုံတင္ဆိုင္ခန္းမ်ားအတြက္ အမည္ေျပာင္းမွတ္ပုံတင္ေၾကး အျဖစ္ ေဈးအဆင့္၊ ဆိုင္ခန္း အဆင့္အလိုက္ ဌာနကသတ္မွတ္ထားေသာ ေအာက္ေဖာ္ျပပါ အခြန္အခမ်ားကို ေပးေဆာင္ရမည္ -

- အာမခံေငြ

- ႏွစ္စဥ္မွတ္ပုံတင္ေၾကး

- ဝန္ေဆာင္မႈစရိတ္

- တစ္လႀကိဳတင္ငွားရမ္းခ

- ဆိုင္လခ၏ အဆ ၃ဝ ႏွင့္ ညီမွ်ေသာ ပရီမီယံေၾကး

- ဒဏ္ေၾကး

ဆိုင္ငွားအမည္ေျပာင္းလဲခြင့္ျပဳလွ်င္ မူလဆိုင္ငွားသို႔ ထုတ္ေပးထားသည့္ ဆိုင္ခန္းအငွားခ်ထားသည့္ မွတ္ပုံတင္စာအုပ္ႏွင့္ ဆိုင္ခန္းအငွားခ် မွတ္ပုံတင္စာရင္းတို႔တြင္ ေလွ်ာက္ထားသူ၏ အမည္ကို ေရးသြင္းေပးပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service