သဘာဝအလင်းရောင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ (နှင့် သဘာဝအလင်းရောင်ပိုမိုရရှိရန် နည်းလမ်း ၇ သွယ်) - Property Knowledge in Myanmar from iMyanmarHouse.com
1143 Views

သဘာဝအလင်းရောင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ (နှင့် သဘာဝအလင်းရောင်ပိုမိုရရှိရန် နည်းလမ်း ၇ သွယ်)

Knowledge | Posted by Aye Myat Thu

[Unicode]

သဘာဝအလင်းရောင်ဟာ သိသာတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ တကယ်ကိုပဲ ပေးပါတယ်။

သဘာဝအလင်းရောင်ဆိုတာ ဓာတ်ပုံဆရာတစ်ယောက်ရဲ့ အကောင်းဆုံးမိတ်ဆွေ၊ နေအိမ်တွေအတွက် အရောင်းအစွံထုတ်စရာအချက်၊ ရုံးဝန်ထမ်းတွေအတွက် အလုပ်ဆိုင်ရာအကျိုးခံစားခွင့်တစ်ခုပဲဖြစ်ပါတယ်။

ယေဘုယျအနေနဲ့ ကျွန်ုပ်တို့အများစုဟာ ဓာတ်မီးချောင်း/မီးသီးအလင်းရောင်တွေအောက်မှာထက် နေရောင်ရဲ့ နွေးထွေးမှုအောက်မှာ ကျွန်ုပ်တို့ဘဝတွေကို ရှင်သန်ဖို့ ပိုမိုလိုလားကြပါတယ်။ ဆန်းစစ်သရုပ်ခွဲရေးဝန်ဆောင်မှု Harvard Business Review မှ အစီရင်ခံခဲ့တဲ့ မကြာသေးမီက စစ်တမ်းတစ်ရပ်က သဘာဝအလင်းရောင်ဟာ သာမန်လူ (နေရောင်ခြည်နှင့်ဓာတ်မတည့်သော စသဖြင့် ချွင်းချက်အခြေအနေတွင်မရှိသည့်သူ) တွေအတွက် သိပ်ကိုအဓိပ္ပာယ်ရှိကြောင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

၎င်း “အနာဂတ်လုပ်ငန်းခွင်” စစ်တမ်းအရ ဝန်ထမ်း ၁၆၀၀ ကျော်က သူတို့ဟာ “သဘာဝအလင်းရောင်ရရှိမှုနှင့် အပြင်ဘက်မြင်ကွင်းများမြင်ရမှု” အား သူတို့ရဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်အတွက် နံပါတ်တစ်လိုလားမှုအဖြစ် ဖွင့်ဆိုခဲ့ကြကြောင်း သိရသည်။ လုပ်ငန်းခွင်သာမကပါဘူး၊ အားကစားလေ့ကျင့်ခန်းမနဲ့ ကလေးပြုစုစောင့်ရှောက်ရေးဌာနတွေမှာလည်း ၎င်းအချက်က ထိပ်တန်းရောက်ရှိလို့လာပါပြီ။

ယင်းကဲ့သို့ လူတွေဦးစားပေးလိုလား လာကြတဲ့ သဘာဝအလင်းရောင်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

သဘာဝအလင်းရောင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ

၁။ ဗီတာမင် “ဒီ” ကို တိုးမြှင့်ရရှိစေတယ်

နေရောင်နဲ့ထိတွေ့တဲ့အခါ အရေပြားက ဗီတာမင်ဒီကို စုပ်ယူပါတယ်။ ဗီတာမင်ဒီဆိုတာ အရိုးယိုယွင်းဆုံးရှုံးခြင်းကို တားဆီးပေးပြီး နှလုံးရောဂါ၊ ကိုယ်အလေးချိန်တက်ခြင်းနဲ့ အမျိုးမျိုးသော ကင်ဆာရောဂါဖြစ်နိုင်ခြေတို့အား လျှော့ချပေးတဲ့ အလွန်အရေးပါတဲ့ သက်စောင့်သြဇာဓာတ်တစ်ခုဖြစ်ပါတယ်။

၂။ ရာသီဥတုကြောင့်ဖြစ်တဲ့ စိတ်ဓာတ်ကျခြင်းကို တားဆီးကာကွယ်ပေးတယ်

သဘာဝနေရောင်ရတော့ လူ့စိတ်လည်း လန်းဆန်းလာပြီး စိတ်ဓာတ်ကျခြင်း၊ ထိုင်းမှိုင်းခြင်းတို့ကို တားဆီးပေးပါတယ်။

၃။ အိပ်ရေးကို ကောင်းမွန်စေတယ်

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ အိပ်ရေးတို့ဟာ တစ်ခုနဲ့တစ်ခုဆက်စပ်နေတာကြောင့် သဘာဝအလင်းရောင်က စိတ်ကျန်းမာရေးရော အိပ်ရေးကိုပါ သက်ရောက်မှုရှိတယ်ဆိုတာ အံ့အားသင့်စရာမဟုတ်ပါဘူး။

ရုံးဝန်ထမ်းတွေကို ပြုလုပ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က လေ့လာမှုလေးတစ်ရပ်က သူတို့အနေနဲ့ သဘာဝအလင်းရောင် ပိုရလေလေ အိပ်စက်ရတာ ပိုကောင်းလေလေဆိုတာကို ထုတ်ဖော်‌ပြသခဲ့ပါတယ်။

၄။ ဓာတ်မီးသီးအလင်းရောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်တွေကို လျှော့ချပေးတယ်

သဘာဝအလင်းရောင်ရင်းမြစ်မှာ သင်အချိန်ကြာကြာကုန်ဆုံးလေလေ သဘာဝမဟုတ်တဲ့ ဓာတ်မီးသီးအလင်းရောင်မှာ သင်ကုန်ဆုံးရနိုင်တဲ့အချိန် နည်းလေ‌လေပါပဲ။

အခုခေတ်မှာ အသုံးများလာတဲ့ CFL (compact florescent light bulb) မီးသီးတွေဆို ပိုဆိုးပါတယ်။ CFL ဓာတ်မီးသီးအလင်းရောင်ကို သင့်ရဲ့ အဓိကအလင်းရောင်ရင်းမြစ်အဖြစ် သုံးခြင်းဟာ သင့်ကို ဦးခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ မျက်စိညောင်းအောင့်မှုအန္တရာယ်တွေ တိုးလာစေနိုင်ပါတယ်။

သဘာဝအလင်းရောင်ကို မည်ကဲ့သို့ပိုမိုရရှိစေမည်နည်း?

၁။ နံရံပေါ် မှန်တွေ ချိတ်ဆွဲကပ်ထားပါ

ပြတင်းကဝင်လာတဲ့ နေရောင်က မှန်ကို ရိုက်ခတ်ကာ အလင်းပြန်ပြီး လေးဘက်လေးတန်နံရံတွေအကြား အလင်းပိုမိုကျရောက်စေပါတယ်။

၂။ ခန်းဆီးတွေကို ချောင်ထိုးလိုက်ပါ

ခန်းဆီးတွေဟာ မျက်စိအမြင်မှာ လှပ/ချစ်စရာကောင်းချင်ကောင်းနိုင်ပေမဲ့ ပြတင်းတံခါးတွေကို သဘာဝအတိုင်းထားရှိလိုက်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက သူတို့ရဲ့ ကျော့ရှင်းမှုနဲ့ယှဉ်ရင် မှေးမှိန်ဖျော့တော့ပါတယ်။

ထူထဲကြီးမားတဲ့ ခန်းဆီးတွေကို ဖယ်ရှားခြင်းက သင့်နေရာဆီ နေရောင်ပိုမိုဝင်ရောက်စေဖို့ လွယ်ကူတဲ့အဆင့်တစ်ဆင့်ဖြစ်ပါတယ်။

၃။ အရောင်သေချာရွေးပြီး ဆေးသုတ်ပါ

နံရံတွေကို ဆေးသုတ်တဲ့အခါ အလင်းပြန်စေမယ့်အရောင်တွေကို ရွေးချယ်သုတ်ပါ။ အဖြူကတော့ အလင်းပြန်ဆုံးအရောင်ဖြစ်ပါတယ်။

၄။ အပြင်ထွက်နိုင်ချိန် အပြင်ထွက်ပါ

အပြင်ထွက်တာကတော့ နေရောင်ခြည်နဲ့ထိတွေ့နိုင်ခြေအများဆုံးဖြစ်ပါတယ်။

၅။ အပြင်ဘက်မှာ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပါ (သို့) အားကစားလေ့ကျင့်ခန်းမမှာဆို ပြတင်းပေါက်နံဘေးမှာ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပါ

အပြင်ဘက်မှာ ရှိခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုကို တွဲထားတာကြောင့် သင့်ကျန်းမာရေးအတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်စေတဲ့ အချက်ပဲဖြစ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ စိတ်ခံစားချက်အခြေအနေကို ကောင်းမွန်စေတာကို အားလုံးသိကြပြီးဖြစ်မှာပါ။ မကြာ‌သေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ရပ်ကတော့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ဗီတာမင်ဒီများများရရှိစေခြင်းနဲ့လည်း ဆက်စပ်မှုရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Health Benefits of Natural Light (and 7 Ways to Get More of It(healthline.com)

 

[Zawgyi]

သဘာဝအလင္းေရာင္၏ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား (ႏွင့္ သဘာဝအလင္းေရာင္ပိုမိုရ႐ွိရန္ နည္းလမ္း ၇ သြယ္)

သဘာဝအလင္းေရာင္ဟာ သိသာတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြ တကယ္ကိုပဲ ေပးပါတယ္။

သဘာဝအလင္းေရာင္ဆိုတာ ဓာတ္ပုံဆရာတစ္ေယာက္ရဲ႕ အေကာင္းဆုံးမိတ္ေဆြ၊ ေနအိမ္ေတြအတြက္ အေရာင္းအစြံထုတ္စရာအခ်က္၊ ႐ုံးဝန္ထမ္းေတြအတြက္ အလုပ္ဆိုင္ရာအက်ိဳးခံစားခြင့္တစ္ခုပဲျဖစ္ပါတယ္။

ေယဘုယ်အေနနဲ႔ ကြၽႏ္ုပ္တို႔အမ်ားစုဟာ ဓာတ္မီးေခ်ာင္း/မီးသီးအလင္းေရာင္ေတြေအာက္မွာထက္ ေနေရာင္ရဲ႕ ေႏြးေထြးမႈေအာက္မွာ ကြၽႏ္ုပ္တို႔ဘဝေတြကို ႐ွင္သန္ဖို႔ ပိုမိုလိုလားၾကပါတယ္။ ဆန္းစစ္သ႐ုပ္ခြဲေရးဝန္ေဆာင္မႈ Harvard Business Review မွ အစီရင္ခံခဲ့တဲ့ မၾကာေသးမီက စစ္တမ္းတစ္ရပ္က သဘာဝအလင္းေရာင္ဟာ သာမန္လူ (ေနေရာင္ျခည္ႏွင့္ဓာတ္မတည့္ေသာ စသျဖင့္ ခြၽင္းခ်က္အေျခအေနတြင္မ႐ွိသည့္သူ) ေတြအတြက္ သိပ္ကိုအဓိပၸာယ္႐ွိေၾကာင္း အတည္ျပဳလိုက္ၿပီျဖစ္ပါတယ္။

၎ “အနာဂတ္လုပ္ငန္းခြင္” စစ္တမ္းအရ ဝန္ထမ္း ၁၆၀၀ ေက်ာ္က သူတို႔ဟာ “သဘာဝအလင္းေရာင္ရ႐ွိမႈႏွင့္ အျပင္ဘက္ျမင္ကြင္းမ်ားျမင္ရမႈ” အား သူတို႔ရဲ႕ လုပ္ငန္းခြင္ပတ္ဝန္းက်င္အတြက္ နံပါတ္တစ္လိုလားမႈအျဖစ္ ဖြင့္ဆိုခဲ့ၾကေၾကာင္း သိရသည္။ လုပ္ငန္းခြင္သာမကပါဘူး၊ အားကစားေလ့က်င့္ခန္းမနဲ႔ ကေလးျပဳစုေစာင့္ေ႐ွာက္ေရးဌာနေတြမွာလည္း ၎အခ်က္က ထိပ္တန္းေရာက္႐ွိလို႔လာပါၿပီ။

ယင္းကဲ့သို႔ လူေတြဦးစားေပးလိုလား လာၾကတဲ့ သဘာဝအလင္းေရာင္ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုက္ပါတယ္။

သဘာဝအလင္းေရာင္၏ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

၁။ ဗီတာမင္ “ဒီ” ကို တိုးျမႇင့္ရ႐ွိေစတယ္

ေနေရာင္နဲ႔ထိေတြ႕တဲ့အခါ အေရျပားက ဗီတာမင္ဒီကို စုပ္ယူပါတယ္။ ဗီတာမင္ဒီဆိုတာ အ႐ိုးယိုယြင္းဆုံး႐ႈံးျခင္းကို တားဆီးေပးၿပီး ႏွလုံးေရာဂါ၊ ကိုယ္အေလးခ်ိန္တက္ျခင္းနဲ႔ အမ်ိဳးမ်ိဳးေသာ ကင္ဆာေရာဂါျဖစ္ႏိုင္ေျခတို႔အား ေလွ်ာ့ခ်ေပးတဲ့ အလြန္အေရးပါတဲ့ သက္ေစာင့္ၾသဇာဓာတ္တစ္ခုျဖစ္ပါတယ္။

၂။ ရာသီဥတုေၾကာင့္ျဖစ္တဲ့ စိတ္ဓာတ္က်ျခင္းကို တားဆီးကာကြယ္ေပးတယ္

သဘာဝေနေရာင္ရေတာ့ လူ႕စိတ္လည္း လန္းဆန္းလာၿပီး စိတ္ဓာတ္က်ျခင္း၊ ထိုင္းမိႈင္းျခင္းတို႔ကို တားဆီးေပးပါတယ္။

၃။ အိပ္ေရးကို ေကာင္းမြန္ေစတယ္

စိတ္ပိုင္းဆိုင္ရာက်န္းမာေရးနဲ႔ အိပ္ေရးတို႔ဟာ တစ္ခုနဲ႔တစ္ခုဆက္စပ္ေနတာေၾကာင့္ သဘာဝအလင္းေရာင္က စိတ္က်န္းမာေရးေရာ အိပ္ေရးကိုပါ သက္ေရာက္မႈ႐ွိတယ္ဆိုတာ အံ့အားသင့္စရာမဟုတ္ပါဘူး။

႐ုံးဝန္ထမ္းေတြကို ျပဳလုပ္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္က ေလ့လာမႈေလးတစ္ရပ္က သူတို႔အေနနဲ႔ သဘာဝအလင္းေရာင္ ပိုရေလေလ အိပ္စက္ရတာ ပိုေကာင္းေလေလဆိုတာကို ထုတ္ေဖာ္‌ျပသခဲ့ပါတယ္။

၄။ ဓာတ္မီးသီးအလင္းေရာင္ေတြရဲ႕ က်န္းမာေရးအႏၲရာယ္ေတြကို ေလွ်ာ့ခ်ေပးတယ္

သဘာဝအလင္းေရာင္ရင္းျမစ္မွာ သင္အခ်ိန္ၾကာၾကာကုန္ဆုံးေလေလ သဘာဝမဟုတ္တဲ့ ဓာတ္မီးသီးအလင္းေရာင္မွာ သင္ကုန္ဆုံးရႏိုင္တဲ့အခ်ိန္ နည္းေလ‌ေလပါပဲ။

အခုေခတ္မွာ အသုံးမ်ားလာတဲ့ CFL (compact florescent light bulb) မီးသီးေတြဆို ပိုဆိုးပါတယ္။ CFL ဓာတ္မီးသီးအလင္းေရာင္ကို သင့္ရဲ႕ အဓိကအလင္းေရာင္ရင္းျမစ္အျဖစ္ သုံးျခင္းဟာ သင့္ကို ဦးေခါင္းတစ္ျခမ္းကိုက္ေရာဂါနဲ႔ မ်က္စိေညာင္းေအာင့္မႈအႏၲရာယ္ေတြ တိုးလာေစႏိုင္ပါတယ္။

သဘာဝအလင္းေရာင္ကို မည္ကဲ့သို႔ပိုမိုရ႐ွိေစမည္နည္း?

၁။ နံရံေပၚ မွန္ေတြ ခ်ိတ္ဆြဲကပ္ထားပါ

ျပတင္းကဝင္လာတဲ့ ေနေရာင္က မွန္ကို ႐ိုက္ခတ္ကာ အလင္းျပန္ၿပီး ေလးဘက္ေလးတန္နံရံေတြအၾကား အလင္းပိုမိုက်ေရာက္ေစပါတယ္။

၂။ ခန္းဆီးေတြကို ေခ်ာင္ထိုးလိုက္ပါ

ခန္းဆီးေတြဟာ မ်က္စိအျမင္မွာ လွပ/ခ်စ္စရာေကာင္းခ်င္ေကာင္းႏိုင္ေပမဲ့ ျပတင္းတံခါးေတြကို သဘာဝအတိုင္းထား႐ွိလိုက္ျခင္းရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြက သူတို႔ရဲ႕ ေက်ာ့႐ွင္းမႈနဲ႔ယွဥ္ရင္ ေမွးမွိန္ေဖ်ာ့ေတာ့ပါတယ္။

ထူထဲႀကီးမားတဲ့ ခန္းဆီးေတြကို ဖယ္႐ွားျခင္းက သင့္ေနရာဆီ ေနေရာင္ပိုမိုဝင္ေရာက္ေစဖို႔ လြယ္ကူတဲ့အဆင့္တစ္ဆင့္ျဖစ္ပါတယ္။

၃။ အေရာင္ေသခ်ာေ႐ြးၿပီး ေဆးသုတ္ပါ

နံရံေတြကို ေဆးသုတ္တဲ့အခါ အလင္းျပန္ေစမယ့္အေရာင္ေတြကို ေ႐ြးခ်ယ္သုတ္ပါ။ အျဖဴကေတာ့ အလင္းျပန္ဆုံးအေရာင္ျဖစ္ပါတယ္။

၄။ အျပင္ထြက္ႏိုင္ခ်ိန္ အျပင္ထြက္ပါ

အျပင္ထြက္တာကေတာ့ ေနေရာင္ျခည္နဲ႔ထိေတြ႕ႏိုင္ေျခအမ်ားဆုံးျဖစ္ပါတယ္။

၅။ အျပင္ဘက္မွာ ကိုယ္လက္ေလ့က်င့္ခန္းျပဳလုပ္ပါ (သို႔) အားကစားေလ့က်င့္ခန္းမမွာဆို ျပတင္းေပါက္နံေဘးမွာ ကိုယ္လက္ေလ့က်င့္ခန္းျပဳလုပ္ပါ

အျပင္ဘက္မွာ ႐ွိျခင္းနဲ႔ ကိုယ္လက္လႈပ္႐ွားမႈကို တြဲထားတာေၾကာင့္ သင့္က်န္းမာေရးအတြက္ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ေစတဲ့ အခ်က္ပဲျဖစ္ပါတယ္။ ကိုယ္လက္ေလ့က်င့္ခန္းျပဳလုပ္ျခင္းဟာ စိတ္ခံစားခ်က္အေျခအေနကို ေကာင္းမြန္ေစတာကို အားလုံးသိၾကၿပီးျဖစ္မွာပါ။ မၾကာ‌ေသးမီက ျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ရပ္ကေတာ့ ကိုယ္လက္ေလ့က်င့္ခန္းျပဳလုပ္ျခင္းဟာ ဗီတာမင္ဒီမ်ားမ်ားရ႐ွိေစျခင္းနဲ႔လည္း ဆက္စပ္မႈ႐ွိေၾကာင္း ေတြ႕႐ွိခဲ့တယ္လို႔ သိရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Health Benefits of Natural Light (and 7 Ways to Get More of It(healthline.com)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service