မီးပူ မီးအားပြင်းလို့ ကပ်ကျန်ခဲ့တာတွေကို ဖယ်ရှားပေးမယ့် အကောင်းဆုံး နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
4794 Views
မီးပူ မီးအားပြင်းလို့ ကပ်ကျန်ခဲ့တာတွေကို ဖယ်ရှားပေးမယ့် အကောင်းဆုံး နည်းလမ်းများ
Knowledge | Posted by Aye Myat Thu
[Unicode]
မီးပူတိုက်တဲ့အခါမှာ မီးအား မတော်တဆများသွားလို့ အကျီ ၤတွေ ကျွမ်းသွားတဲ့အခါမှာ အဲဒါတွေဟာ ခွာမရပဲ ကပ်ကျန်နေနေတတ်ပါတယ်။ ဒါတွေဟာ တော်တော့်ကို ဆိုးဝါးပြီးတော့ ခွာမရပဲ မီးပူထပ်တိုက်မိတဲ့အခါမှာ အလွယ်တကူပဲ တစ်ခြားသောအင်္ကျီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်နော်။ ဒီလိုပြသနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။
မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကို ရေအနည်းငယ်နဲ့ စေးပျစ်အောင် ဖျော်ပေးရမှာ ဖြစ်ပါတယ်။ အင်္ကျီစတွေ ကပ်ကျန်ခဲ့တဲ့ မီးပူအောက်ခြေမှာ အဲဒီ့ ပြုလုပ်ထားတဲ့ အရောအနှောကို နူးညံတဲ့ brush လေးနဲ့ ယူပြီး ပွတ်တိုက်ပေးရမှာဖြစ်ပါတယ်။ ပြီးသွားရင်တော့ မုန့်ဖုတ်ဆိုဒါတွေကို ဖယ်ရှားပေးဖို့ ရေစိုဝတ်လေးကို သုံးပေးရမှာပါ။ သတိထားရမှာက မီးပူကို အသုံးမပြုခင်မှာ သေချာခြောက်အောင် သုတ်ပေးဖို့ကို မမေ့ပါနဲ့။ ဒီနည်းလမ်းက မီးပူမှာ ကပ်ကျန်နေတဲ့ အရာတွေကို လွယ်ကူစွာ ဖယ်ရှားပေးနိုင်ပါတယ်။
ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါ
ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါကို အရည်ရအောင် ရောနှောပေးရမှာ ဖြစ်ပါတယ်။ အရည်ရဖို့အတွက်ဆို ရှာလကာရည်ကို မုန့်ဖုတ်ဆိုဒါထက် များများထည့်ဖို့ လိုအပ်ပါတယ်။
ပြီးရင်တော့ အဝတ်စတစ်ခုကို အဲဒီ့ဖျော်ထားတဲ့ အရည်ထဲမှာ နှစ်လိုက်ပါ။ ပြီးသွားရင်တော့ အဲဒီ့အဝတ်စကို မီးပူနဲ့ မီးပူတိုက်သလို တိုက်ပေးရမှာ ဖြစ်ပါတယ်။ မီးပလပ်ထိုးထားစရာမလိုပါဘူးနော်။
သွားတိုက်ဆေး
သွားတိုက်ဆေးဆိုတာ အိမ်တွေရဲ့ လွယ်ကူရိုးရှင်းတဲ့ အစွန်းချွတ်ဆေးတစ်ခုဖြစ်ပါတယ်။ အင်္ကျီတွေမှာ စွန်းပေသွားတဲ့ အစွန်းအထင်းတွေကို သွားတိုက်ဆေးလူူး တစ်ညထားပြီး ပြန်လျှော်လိုက်ရင် အစွန်းတွေဖယ်ရှားနိုင်သလိုပဲ မီးပူမှာ ကပ်နေတဲ့အရာတွေကို သွားတိုက်ဆေးနဲ့ လွယ်ကူစွာ ဖယ်ရှားနိုင်ပါတယ်။ မီးပူအောက်ခြေမှာ သွားတိုက်ဆေးအနည်းငယ်ကို ရေအနည်းငယ်စိုနေတဲ့ အဝတ်စနဲ့ ပွတ်တိုက်ခြင်းက မီးပူရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ဆား
ဒီနည်းလမ်းလေးပြုလုပ်ဖို့အတွက် မီးပူကို မီးဖွင့်ထားဖို့ လိုအပ်ပါတယ်။ စာရွက်တစ်ရွက်ပေါ်ကို ဆားတော်တော်များများ လောင်းချလိုက်ပြီး အပေါ်ကနေ မီးပူနဲ့ တိုက်ပေးရမှာ ဖြစ်ပါတယ်။ အကြိမ်ရေ အနည်းငယ်လောက် ပွတ်တိုက်ပြီးရင်တော့ မီးပူကို ပလပ်ဖြုတ်ပြီး အအေးခံထားလိုက်ပါ။ အေးသွားတဲ့အခါမှာ မီးပူမှာ ကပ်ကျန်ခဲ့တဲ့ ဆားတွေကို ခြောက်သွေ့တဲ့ အဝတ်စနဲ့ ဖယ်ရှားပေးရမှာ ဖြစ်ပြီး မီးပူမှာ ကပ်ကျန်နေတဲ့ ဂျီးတွေပြောင်သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: auntymay
[Zawgyi]
မုန့်ဖုတ်ဆိုဒါ
သွားတိုက်ဆေး
ဆား
Credit: auntymay
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
Upcoming Property Events
From 05 Jul To 06 Jul
Mingalar Market
From 05 Jul To 06 Jul
Golden City Condo
From 09 Jun To 09 Jul
The Vista Luxury Residence
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service