iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၁) - Property Interview from iMyanmarHouse.com
4580 ကြိမ် ကြည့်ရှု့ ပြီး

iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၁)

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

မြန်မာနိုင်ငံရဲ့ လက်ရှိအိမ်ခြံမြေ ဈေးကွက် အခြေအနေနဲ့ အနာဂတ်အတွက် အိမ်ခြံမြေ ဈေးကွက် အခြေအနေများကို iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူ နှင့် Mandalay FM တို့မှ စကားဝိုင်းလေး တစ်ခုအဖြစ် စတင်ဆွေးနွေးခဲ့ကြပါသည်။ လက်ရှိ အိမ်ခြံမြေ ဈေးကွက် အနေအထားမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များတွင် အိမ်ခြံမြေဈေးကွက် ပြန်လည်သက်ဝင် လှုပ်ရှားလာတာကို တွေ့မြင်လာရပြီး မြေကွက်အများစုမှာ သိန်း၁၀၀၀ ဝန်းကျင်ခန့်များ အရောင်းအဝယ်ဖြစ်နေပါသည်။

တိုက်ခန်းများမှာတော့ သိန်း၃၀၀ မှ သိန်း၅၀၀ အတွင်းအများဆုံး အရောင်းအဝယ်ဖြစ်နေပြီး ကွန်ဒိုများမှာတော့ သိန်း၂၀၀၀ မှ သိန်း၅၀၀၀ အတွင်း လျှော့ဈေးများပါဝင် ရောင်းချပေးနေပြီး အရောင်းအဝယ် အဆင်ပြေနေကြောင်း သိရှိရပါသည်။ ဈေးကွက်အခြေအနေ ပြန်လည် သက်ဝင်လာရသော အကြောင်းအရင်းများမှာ (၁)အချက် အနေဖြင့် လက်ရှိအစိုးရ အသစ်အပေါ် ယုံကြည်မှုတွေပိုမို တိုးပွားလာသောကြောင့် ဖြစ်ပြီး (၂)အချက် အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ အာရှရဲ့အဖွံ့ဖြိုး အတိုးတက်ဆုံး ဖြစ်နိုင်ချေရှိတယ်လို့ ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားတာ တွေ့ရသောကြောင့် ဖြစ်ပါသည်။

ဒါ့အပြင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်မှုပိုမိုများပြား လာသောကြောင့်လဲ အိမ်ခြံမြေဈေးကွက်မှာ ပိုမိုသက်ဝင်လှုပ်ရှား လာပါသည်။ iMyanmarHouse.com နှင့် Golden City Project တို့မှ ပူးပေါင်း ရောင်းချပေးခဲ့သော ကွန်ဒိုအရောင်းပွဲတွင်လဲ သိန်း ၆၀၀၀၀ ကျော် ရောင်းချပေးနိုင်ခဲ့ပြီး အရောင်းအဝယ်များ သွက်ခဲ့ကြောင်း သိရှိရပါသည်။ အထပ်မြင့်ကွန်ဒိုများ ဆောက်လုပ်ခွင့် ပိတ်ထားမှုများ အပေါ်မှာလဲ ကွန်ဒိုတစ်ခုရဲ့ကားပါကင် အလုံလောက်ရှိ၊မရှိ၊ အဆောက်အဦး တစ်ခုလုံးရဲ့ ရေဆိုးရေညစ်တွေ ထုတ်ပေးနိုင်သော ရေမြောင်းများ ထားရှိထားခြင်း ရှိမရှိ အစရှိသောအချက်များကို ပြန်လည် စစ်ဆေးနေသောကြောင့် ကွန်ဒို ၁၀၀ကျော်ကို ရပ်ဆိုင်းထားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထိုဖြစ်ရပ်ကြောင့် အဆောက်အဦး တစ်ခုအပေါ် မှီခိုနေသော ဆောက်လုပ်ရေး အလုပ်သမားများ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများကို တင်သွင်းသော လုပ်ငန်းငယ်လေးများ အနေဖြင့်လဲ အနည်းငယ် ဆုံးရှုံးနစ်နာမှုများ ရှိခဲ့သောကြောင့် မကြာမှီ အချိန်အတွင်းမှာ ဆောက်လုပ်ခွင့်များ ပြန်လည်ချပေးနိုင်လိမ့်မည်ဟု ယုံကြည်လျှက်ရှိကြောင်း သိရှိရပါသည်။ အစိုးရအသစ် အကူးအပြောင်း ကာလမှာ အရင်ကဆောက်လုပ်ခွင့် ကျထားသော အဆောက်အဦးများအပေါ် အစိုးရသစ်မှာ ပြန်လည် စစ်ဆေးတာဖြစ်ကြောင်း နှင့် စစ်ဆေးမှုများရှိလာသည့် အပေါ် ကျေနပ်ပေမဲ့ အချိန်အတိုင်းအတာ အနည်းဆုံးထား စစ်ဆေးမှုများ ပြုလုပ်ပေးနိုင်လျှင် အကောင်းဆုံးဖြစ်မည်ဟု ပြောကြားပေးခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)