3053 ကြိမ် ကြည့်ရှု့ ပြီး

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) ၏ နှစ်ပတ်လည် အသင်းသားစုံညီအခမ်းအနား

Posted by နှင်းဒါလီ (iMyanmarHouse.com)

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) ၏ နှစ်ပတ်လည် အသင်းသားစုံညီ အခမ်းအနားကို 2016 ခုနှစ၊် မေလ 5 ရက် (26.5.2016 - ကြာသာပတေး ) နေ့တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းမရှိ MCC ခန်းမတွင် အသင်းသားစုံညီစွာဖြင့် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) ၏ နှစ်ပတ်လည် အသင်းသားစုံညီ အခမ်းအနား ကို နှစ်စဉ် မေလ တွင်ကျင်းပဖြစ်ကြောင်း သိရပါသည်။ ဤ (MCEA ) အခမ်းအနားကို ပုံမှန်သင်းဖွဲ့စည်းမျဉ်း ဖွဲ့စည်းပုံအရ ကျင်းပခြင်းဖြစ်ကြောင်း သိရပါသည်။

MCEA အသင်းကို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်မှာ ဤဆောက်လုပ်ရေးလောကကို စနစ်တကျ ရေရှည်ခိုင်မာစေရန်နှင့် Safety ဖြစ်၍ Quality မြင့်သော ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်စေရန် ကြိုးပမ်းလျက်ရှိကြောင်း၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော ဆောက်လုပ်ရေး အရည်အသွေးမျိုး ရရှိစေရန်နှင့် ဤလုပ်ငန်းလုပ်ကိုင်သည့် အလျောက် လုပ်ငန်းတိုးတက်သလို နိုင်ငံတော်ကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေလိုသော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) ၏ အထွေထွေအတွင်းရေးမှုး ဖြစ်သူ ဦးတင်မောင်နိုင် က ရှင်းလင်းစွာ ပြောကြားပေးခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App