Taw Win Family Construction Co.,Ltd မှ ဥက္ကဋ္ဌ ဦးကိုကိုထွေး နှင့်အင်တာဗျူး (အပိုင်း-၁) - Property Interview from iMyanmarHouse.com
5596 ကြိမ် ကြည့်ရှု့ ပြီး

Taw Win Family Construction Co.,Ltd မှ ဥက္ကဋ္ဌ ဦးကိုကိုထွေး နှင့်အင်တာဗျူး (အပိုင်း-၁)

Posted by မေသက်နှင်း (iMyanmarHouse.com)

ဆောက်လုပ်ရေးအနေဖြင့် ၁၉၈၆ခုနှစ်လောက်မှ စတင်လုပ်ကိုင်ခဲ့ရာ ၁၉၉၃ ခုနှစ်လောက်တွင်Taw Win Company ဟုအမည်ပေးကာလုပ် ကိုင်ဖြစ်ကြောင်း သိရှိရပါသည်။လက်ရှိတွင် Orchid Condominium ကိုအပြီးသတ်ဆောက်လုပ် ပြီးစီးပြီဖြစ်ကြောင်းသိရှိရပါသည်။နောက်ပိုင်းတွင် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည် ။ဈေးနှုန်း ၄၂သိန်း၊၄၅သိန်းလောက်ဖြင့် တန်ဖိုးနည်း အိမ်ရာကို ၅နှစ် စီမံကိန်းတည်ဆောက်သွားမည်ဟု ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

အိမ်ရာအတွင်းတွင် နေထိုင်သူများစားရေးသောက်ရေး အဆင်ပြေစေရန်တစ်ဦးလျှင် ငွေကျပ်၃၀၀ လောက်သာကျသင့်မည့် ထမင်းချက်စက်ရုံကို လည်းထည့်သွင်းတည်ေ ဆာက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
နောက်ပိုင်းတွင် ဆေးရုံ၊ ဈေးစသဖြင့်နေထိုင်သူများလိုအပ်ချက်များကိုလည်း ထည့်သွင်းပေးသွားရန်ရည်ရွယ် ထား ကြောင်းသိရှိရပါသည်။

တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်နိုင်လာခြင်း အားဖြင့် နိုင်ငံအတွင်း ကျုးကျော်နေထိုင်သူ များလျော့နည်း သွားကာ အလုပ်ရှင်နှင့်အလုပ် သမားကြားမှ အခြေခံ လစာ ပြဿနာများလည်း ဖြေရှင်းပြီးဖြစ်သွားနိုင်ကြောင်း သိရှိရပါသည်။တိုက်တစ်လုံးတည်ဆောက်ရာတွင် ဒီဇိုင်းပိုင်း မှာ အဓိကနေရာမှ ပါဝင်နေသော ကြောင့် ဒီဇိုင်းပိုင်းကို အရင်လေ့လာကာ တန်ဖိုးအသင့်အတင့်ဖြင့် တည်ဆောက်နိုင်စေရန် စီစဉ်ခဲ့ကြောင်း သိရှိရ ပါသည်။

ယခင်က တန်ဖိုးနည်းအိမ်ရာများစွာကို ဆောက်လုပ်ခဲ့ေ သ်ာလည်း အခန်းအရေအတွက် နည်းပါးခဲ့သောကြောင့် တကယ် လိုအပ်သောပြည်သူများထံ မရောက်နိုင်ခဲ့သောေ ကြာင့် ယခုဆောက်လုပ်မည့် တန်ဇိုးနည်းအိမ်ရာ project ကိုအရေအတွက်များများဖြင့် တည်ဆောက်ပေးသွား မည် ဖြစ်ဟုသိ ရှိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)