မောရ၀တီ ကွန်ဒိုမီနီယမ် မှ ဒါရိုက်တာ ဦးဇော်ဇော်ထွန်းနှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
2360 ကြိမ် ကြည့်ရှု့ ပြီး

မောရ၀တီ ကွန်ဒိုမီနီယမ် မှ ဒါရိုက်တာ ဦးဇော်ဇော်ထွန်းနှင့် အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

မောရ၀တီ ကွန်ဒိုမီနီယမ် တည်ဆောက်ရခြင်းကို ပြောကြားရာတွင်
မောရ၀တီကွန်ဒိုမီနီယမ်သည် ရန်ကုန်မြို့ပြည်လမ်း၏ ရှစ်မိုင်ခွဲ
မောရ၀တီလမ်း နေရာတွင် တည်ရှိနေသောကြောင့် ယခုလိုအမည်ပေးရခြင်း
ဖြစ်ကြောင်းပြောသည်။အထပ်အမျိုးအစား အနေဖြင့် လမ်းမဘက်မှကြည့်လျှင်
၁၂ ထပ်ဖြစ်ပြီး နောက်ဘက်မှကြည့်လျှင် ၁၆ထပ်ဖြစ်ကြောင်း ၁၂ထပ်မှာ လူနေခန်းများဖြစ်ပြီး ကျန်Basement များမှာ ကားပါကင်အတွက်ဖြစ်ကြောင်း သိရသည်။

အခန်းအရေအတွက် အားဖြင့်လည်း စုစုပေါင်း ၄၆ ခန်းရှိကြောင်းနှင့်
အမျိုးအစားအနေဖြင့်လည်း သုံးမျိုးခွဲခြားထားကြောင်းလည်း ပြောကြားသည်။
Facalities များအနေဖြင့် ကလေးကစားကွင်း၊ Mini Swimming Pool၊ Barbeque Corner ၊ လုံခြုံးရေး စနစ်အရ CCTV ထားရှိခြင်း၊ အခန်းတွင်း
နေထိုင်သူများအတွက် Card Access System များထားရှိပေးထားကြောင်း သိရသည်။ဈေးနှုန်းများအနေဖြင့် 1sqft ကို အနည်းဆုံး ၂သိန်းရှစ်သောင်းမှ
အမြင့်ဆုံး သုံးသိန်းသုံးသောင်းအထိရှိကြောင်း သိရသည်။

ဝယ်ယူကြမည့် Customer များအတွက် အကြံပြုပြောကြားချက်အနေဖြင့် ယခုအဆောက်အဦးသည် ရန်ကုန်မြို့ရှိ နေရာကောင်းတွင် တည်ရှိ
နေသောကြောင့် ၀ယ်ယူသူများအတွက် Investment အနေဖြင့်
လုပ်ဆောင်လျှင်လည်း မမှားနိုင်ပါကြောင်းကိုလည်း ပြောကြားသွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)