ဖူးပွင့်ဝေစည် အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ ကိုမင်းမင်းနှင့်အင်တာဗျုး
Posted by ကေခိုင်ကျော်ထွေး (iMyanmarHouse.com)
ဖူးပွင့်ဝေစည် အကျိုးဆောင်လုပ်ငန်းကို ၂၀၀၅ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ၄င်းတို့ အကျိုးဆောင်အနေနဲ့ Customer လိုအပ်မှုရှိပါက နေရာမရွေး အကျိုးဆောင်ပေးကြောင်း သိရပါသည်။တိုက်ခန်း၊ ကွန်ဒိုနှင့် လုံးချင်းအိမ်ရာများကို အများဆုံး အကျိုးဆောင်ပေးနေရပြီး တစ်ခါတစ်ရံ မြေကွက်များလည်း အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
နယ်ဘက်များကိုလည်း Customer လိုအပ်ပါက အကျိုးဆောင်ပေးနေပြီး၊ နယ်ဘက်တွင် ရင်းနှီးမြုပ်နုံမှုအတွက် မြေကွက်များအဝယ်များကြောင်း သိရပါသည်။ယခုလက်ရှိတွင် တိုက်ခန်း အငှားကို ပိုအကျိုးဆောင်ပေးနေရပြီး၊ ရန်ကုန်မြို့ ၏ တိုက်ခန်းအရောင်းအဝယ်ဖြစ်သော မြို့ နယ်များတွင် တစ်ပေပတ်လည် ဈေးနှုန်းမှာ ၄သိန်းခွဲမှ ၃သိန်း ပတ်ဝန်းကျင်တွင် ရှိနေကြောင်းသိရပါသည်။အရစ်ကျစနစ်ဖြင့် ဝယ်ယူလို့ ရသည့် တိုက်ခန်းများပေါ်ထွက်လာမှသာ တိုက်ခန်းဈေးနှုန်းများ လျော့ကျလာမည်
ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့ အတွင်းရှိ မြို့ နယ်များအနက် ရင်းနှီးမြုပ်နှံဖို့ နှင့် နေထိုင်ဖို့ 
အသင့်တော်ဆုံးမြို့ နယ်မှာ မရမ်းကုန်းမြို့နယ် ဖြစ်ကြောင်း သိရသည်။ နောက်ဆုံးအကြုံပြုချက်အနေဖြင့် အရောင်းအဝယ် ပြုလုပ်ကြမည့် သူများအနေဖြင့် စာရွက်စာတမ်း အမှားအယွင်း မဖြစ်အောင် သေချာစိစစ်ပြီးမှသာအရောင်းအဝယ် ပြုလုပ်သင့်ကြောင်း
ပြောပြပေးခဲ့ပါသည်။
No.1 Property Website in Myanmar
www.iMyanmarHouse.com