Home Net အိမ်၊ခြံ၊မြေ လုပ်ငန်းမှ တာဝန်ရှိသူ မချယ်ရီနှင့်အင်တာဗျုး - Property Interview from iMyanmarHouse.com
1729 ကြိမ် ကြည့်ရှု့ ပြီး

Home Net အိမ်၊ခြံ၊မြေ လုပ်ငန်းမှ တာဝန်ရှိသူ မချယ်ရီနှင့်အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

အိမ်၊ခြံ၊မြေလုပ်ငန်းကို လွန်ခဲ့သောနှစ်နှစ်ခန့်မှစ၍လုပ်ကိုင်ခဲ့ကြောင်းနှင့် Down Town ၆မြို့နယ်၊မရမ်းကုန်းနှင့် ၉မိုင်အစရှိသော မြို့နယ်များဖြစ်ကြောင်း
သိရသည်။အကျိုးဆောင်ပေးနေသော လုပ်ငန်းအမျိုးအစားမှာ ကွန်ဒို၊တိုက်ခန်း အရောင်းနှင့် အငှားဖြစ်ကြောင်း၊လသာနှင့် လမ်းမတော်တွင်အများဆုံး
အကျိုးဆောင်ပေးနေရကြောင်းလည်းသိရသည်။လက်ရှိဈေးနှုန်းများမှာလည်း တိုက်ခန်းအငှားဆိုလျှင် နှစ်သိန်းမှရှစ်သိန်းထိရှိကြောင်း၊ကွန်ဒိုအငှားဆိုလျှင် ဆယ်သိန်းအထက်တွင်ရှိကြောင်းသိရသည်။

အိမ်၊ခြံ၊မြေဈေးကွက်အခြေအနေမှာလည်း အပြောင်းအလဲမရှိပဲ တည်ငြိမ်လျှက်
ရှိကြောင်းပြောကြားသည်။ဝန်ဆောင်မှု့ပေးရာတွင်လည်း Customer များ
စိတ်တိုင်းကျသည်အထိ မေတ္တာဖြင့်အကျိုးဆောင်ပေးနေကြောင်းလည်း
သိရသည်။

အိမ်၊ခြံ၊မြေ ဈေးကွက်ကိုထိန်းချုပ်နိုင်ရန် တန်ဖိုးနည်းအိမ်ရာများအား ယခုထက်
ပို၍ဆောက်လုပ်ပေးကာ အခွန်နှုန်းထားများကို လျှော့ချပေးလိုက်ပါက အကျိုးသက်ရောက်မှု့ရှိလိမ့်မည်ဟု ထင်မြင်မိကြောင်းပြောကြားသည်။
၎င်းအကျိုးဆောင်မှ ၀င်ငွေနည်းသူများအတွက်ရည်ရွယ်ပြီး လုပ်ဆောင်နေသော
လုပ်ငန်းတစ်ခုရှိကြောင်း၊ထိုလုပ်ငန်းမှာ မိမိ မိတ်ဆွေ၊ဆွေမျိုးများမှ ရောင်းရန်
သို့မဟုတ် ငှားရန်ရှိသော အိမ်၊ခြံ၊မြေ လုပ်ငန်းများကိုလာရောက် အပ်နှံ၍
အကျိုးဆောင်ဖြစ်သွားပါက မိမိတို့အကျိုးဆောင်ခမှ ၂၀%ကို အကျိုးခံစားခွင့်
အဖြစ် ပေးရန်စီစဉ်ထားကြောင်းကိုလည်း မချယ်ရီမှပြောကြားသွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)