Asia Housing အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ ကိုဝေလင်းစိုးနှင့် အင်တာဗျုး
Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)
Asia Housing အိမ်၊ခြံ၊မြေလုပ်ငန်းသည် အကျိုးဆောင်လုပ်ငန်းကို ၂၀၁၄ ခုနှစ် ၂လပိုင်းတွင်စတင်လုပ်ကိုင်ခဲ့ကြောင်းသိရသည်။အကျိုးဆောင်ပေးရာတွင်လည်း
ကျောက်မြောင်းနှင့် ဒဂုံမြို့နယ်များကို အများဆုံးလုပ်ဆောင်ပေးပြီး
အခြားမြို့နယ်များကိုလည်း အလျဉ်းသင့်သလို လုပ်ဆောင်ပေးနေကြောင်း
လည်းသိရသည်။
၎င်းအကျိုးဆောင်ပေးနေရသော မြို့နယ်များ၏ အိမ်၊ခြံ၊မြေ ဈေးကွက်
အခြေအနေမှာ တိုက်ခန်းအရောင်းအ၀ယ် ပိုဖြစ်နေပြီး ဈေးနှုန်းမှာလည်း
အနည်းငယ် တက်လျက်ရှိနေကြောင်းလည်းသိရသည်။
ယခုလက်ရှိ ကျောက်မြောင်းမြို့နယ်၏ တိုက်ခန်းပေါက်ဈေးမှာ ၁၅’× ၆၀’ ပထမထပ် ဆိုလျှင် သိန်း၆၅၀ခန့် ပေါက်ဈေးရှိကြောင်းလည်းသိရသည်။
ဝန်ဆောင်မှု့အနေဖြင့် အကျိုးဆောင်လာအပ်သော Customerများကို
စိတ်တိုင်းကျသည်အထိ ၀န်ဆောင်ပေးခြင်း၊Snow Tower ကမ်းပေးခြင်းများ
လည်းရှိကြောင်းပြောကြားသည်။
အိမ်၊ခြံ၊မြေ လောကနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသောဈေးနှုန်းများအား ထိန်းချုပ်နိုင်ရန် အစိုးရမှ နည်းလမ်းအမျိုးမျိုးနှင့် လုပ်ဆောင်နေသော်လည်း ထိရောက်မှု့သိပ်မရှိနိုင်ကြောင်းနှင့် အစိုးရပိုင်းသာမကပဲ အကျိုးဆောင်များ
ဘက်မှလည်း ပူးပေါင်းဆောင်ရွက်နိုင်မှသာ အိမ်၊ခြံ၊မြေဈေးကွက်အပေါ်
အကျိုးသက်ရောက်မှု့ရှိလိမ့်မည်ဟု ထင်မြင်မိကြောင်းလည်းပြောကြားသည်။
အကြံပြုချက်အနေဖြင့် အိမ်၊ခြံ၊မြေနှင့်ပတ်သတ်သော ဥပဒေတစ်ခုကို
သတ်မှတ်ပေးစေလိုကြောင်း၊ထိုသို့သတ်မှတ်ပေးလိုက်ပါက အိမ်၊ခြံ၊မြေ
လောကအတွက်သာမက အကျိုးဆောင်များ၊ပြည်သူများအတွက်ပါ
အကျိုးသက်ရောက်မှု့ ရှိနိုင်ပါကြောင်းကိုလည်း ကိုဝေလင်းစိုးမှပြောကြား
သွားခဲ့ပါသည်။