သုခဘုံ အိမ်၊ခြံ၊မြေလုပ်ငန်းမှ ဒေါ်သန်းသန်းဌေး နှင့် တွေဆုံမေးမြန်းခြင်း - Property Interview from iMyanmarHouse.com
1660 ကြိမ် ကြည့်ရှု့ ပြီး

သုခဘုံ အိမ်၊ခြံ၊မြေလုပ်ငန်းမှ ဒေါ်သန်းသန်းဌေး နှင့် တွေဆုံမေးမြန်းခြင်း

Posted by မေသက်နှင်း (iMyanmarHouse.com)

သုခဘုံ အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း ကို ၂၀၀၉ ခုနှစ် မှ စတင် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ တောင်ဒဂုံမြို့ နယ်ရှိ အရောင်းအ၀ယ် မြန်ဆန်သော ပါမစ်မြေများကိုအများဆုံး အကျိုးဆောင်ပေးပြီး
တောင်ဒဂုံမြို့ နယ်ကို အဓိကထားလုပ်ကိုင်ပါသော်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ဒဂုံမြောက်ပိုင်းမြို့နယ်၊နှင့် ဒဂုံအရှေ့ပိုင်းမြို့နယ် တို့တွင်လည်း အကျိုးဆောင်ပေးပြီး အရောင်းအ၀ယ်လုပ်ငန်း ကိုပါ
လုပ်ကိုင်ဆောင်ရွက်ကြောင်း သိရသည်။

တောင်ဒဂုံမြို့နယ် အတွင်းရှိ စက်မှုဇုန်များ အရောင်းအ၀ယ် ပြုလုပ်ရာတွင် customer များ လိုချင်သောနေရာကို ချိတ်ဆက်၍ ၀န်ဆောင်မှုပေးခြင်း ၊တောင်ဒဂုံမြို့ နယ်အပြင် အခြားမြို့နယ်များကိုလည်း ၀န်ဆောင်မှုပေးကြောင်း သိရသည်။ စက်မှုဇုန်များအပြင် လူနေများသော (၁၄၀) ဘက်များတွင်
ပို၍ အရောင်းအ၀ယ်ဖြစ်ကြောင်း သိရသည်။

အမှတ်(၂)လမ်းမကြီး နှင့် နီးသော (၁၅၃) များတွင်မူ အရောင်းအ၀ယ်မြန်ဆန်ပြီး မြေဈေးမှာ နေရာပေါ်လိုက်၍
သိန်း(၁၅၀၀) မှ သိန်း(၆၀၀၀)(၇၀၀၀) ထိ ရှိကြောင်း သိရသည်။လူနေမှုကျပ်တည်းလာခြင်းကြောင့် လူအများစုမှာ ယခင်က လူနေနည်းပါးသောနေရာများသို့ ရောက်ရှိလာပြီးအိမ်၊ခြ၊ံမြေ ဈေးများ
မြင့်တက်လာခြင်းဖြစ်ကြောင်း၊ တန်ဖိုးနည်းအိမ်ရာများ ဆက်လက် တည်ဆောက်ပေးပါက အိမ်၊ခြ၊ံမြေ ဈေးမှာကျသွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

ယခုလက်ရှိတွင် အခွန်နှုန်းများလျော့ပေးထားသောကြောင့် အိမ်၊ခြ၊ံမြေ ဈေးမှာ
ပုံမှန်အတိုင်းပင်ဖြစ်နေမည်ဟု ပြောသွားခဲ့သည်။နိုင်ငံရေး၊စီးပွားရေးပေါ်မူတည်၍ အိမ်၊ခြ၊ံမြေ ဈေးမှာအနည်းငယ် ပြောင်းလဲနိုင်သော်လည်း ကြီးမားသော အပြောင်းအလဲမရှိနိုင်ဟု သိရသည်။
နိုင်ငံတကာတွင် ကျင့်သုံးနေသော ပိုင်ဆိုင်မှုအပေါ်အခွန်ကောက် သည့်စနစ်ကို မြန်မာနိုင်ငံတွင် ကျင့်သုံးပြီး မြေဈေးကိုထိန်းချုပ်မည်ဆိုပါက ၀မ်းသာစွာကြိုဆိုမည်ဖြစ်ကြောင်းပြောကြားသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)