အောင်တံခွန် အိမ်၊ခြံ၊မြေ လုပ်ငန်းမှ ဦးအောင်မြင့်နှင့်အင်တာဗျုး - Property Interview from iMyanmarHouse.com
1463 ကြိမ် ကြည့်ရှု့ ပြီး

အောင်တံခွန် အိမ်၊ခြံ၊မြေ လုပ်ငန်းမှ ဦးအောင်မြင့်နှင့်အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

အောင်တံခွန် အိမ်၊ခြံ၊မြေ လုပ်ငန်းသည် ၁၉၉၇ ခုနှစ်တွင် အကျိုးဆောင်
လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကြောင်းသိရသည်။စတင်လုပ်ကိုင်ချိန်ကစပြီး
ယခုအချိန်ထိ အများဆုံးလုပ်ဆောင်ပေးရသော လုပ်ငန်းအမျိုးအစားမှာ
မြေအရောင်းအ၀ယ်ဖြစ်ကြောင်းကိုလည်းသိရသည်။မြို့နယ်အနေဖြင့်
စမ်းချောင်းမြို့နယ်ကို အဓိကထားလုပ်ကိုင်ကြောင်းနှင့် ၄င်းမြို့နယ်၏
အိမ်၊ခြံ၊မြေ ဈေးကွက်အခြေနေမှာ အလယ်အလတ်အဆင့်မှာရှိကြောင်း
ကိုလည်းသိရှိရသည်။

အရောင်းနှင့်အငှားတွင် အငှားပိုဖြစ်နေကြောင်းနှင့် ခန့်မှန်းဈေးနှုန်း
အနေဖြင့် လုံးချင်းဆိုလျှင် ဆယ့်ငါးသိန်းမှ နှစ်ဆယ့်ငါးသိန်းထိဈေးရှိကြောင်း၊
တိုက်ခန်းငှားဈေးဆိုလျှင် တစ်သိန်းရှစ်သောင်းမှ ငါးသိန်းအထိရှိကြောင်း
ကိုလည်းပြောကြားသည်။အိမ်၊ခြံ၊မြေ ဈေးသိသိသာသာ တက်လာခဲ့သော
အချိန်မှာလွန်ခဲ့သော နှစ်နှစ်ခန့်ကဖြစ်ကြောင်းနှင့် ဈေးကွက်တက်လာရခြင်းမှာ
အခွန်ဈေးနှုန်းများ သတ်မှတ်လိုက်ခြင်းကလည်း အကြောင်းအရင်းတစ်ခု
ဖြစ်ကြောင်းပြောကြားသည်။


အိမ်၊ခြံ၊မြေလောက အပေါ်ပြောကြားလိုသော အချက်အနေဖြင့် နိုင်ငံခြား
ရင်းနှီးမြှပ်နှံမှု့များ ၀င်ရောက်လာပါက အိမ်၊ခြံ၊မြေဈေးကွက်မှာ ပို၍အရောင်းအ၀ယ် ကောင်းလာမည်ဟုထင်ရကြောင်းနှင့်လက်ရှိရောက်ရှိ
နေသောဈေးနှုန်းမှာလည်း အမြင့်ဆုံးအခြေအနေသို့ရောက်ရှိနေသောကြောင့်
ဆက်လက်တက်နိုင်စရာ အကြောင်းမရှိနိုင်ဟု ယူဆကြောင်းကိုလည်း ဦးအောင်မြင့်မှပြောကြားသွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)