United-45 အိမ်၊ခြံ၊မြေ လုပ်ငန်းမှManagingDirector ဒေါ်မြဖြူဖြူနှင့်အင်တာဗျုး - Property Interview from iMyanmarHouse.com
1226 ကြိမ် ကြည့်ရှု့ ပြီး

United-45 အိမ်၊ခြံ၊မြေ လုပ်ငန်းမှManagingDirector ဒေါ်မြဖြူဖြူနှင့်အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

United-45 အိမ်၊ခြံ၊မြေလုပ်ငန်းသည်၂၀၁၂ခုနှစ်တွင်စတင်
လုပ်ကိုင်ခဲ့ကြောင်းသိရသည်။အိမ်၊ခြံ၊မြေလောကသည်
ယခင်ကဆိုလျှင် တစ်နိုင်တစ်ပိုင်သာ
လုပ်ကိုင်ခဲ့ကြရာမှ ယခုအခါတွင်မူ စီးပွားဖြစ် တစ်စုတစ်စည်းတည်း လုပ်ကိုင်လာကြကြောင်း ကိုလည်းပြောကြားပါသည်။မရမ်းကုန်းမြို့နယ်တွင်
အိမ်၊ခြံ၊မြေလုပ်ငန်း လုပ်ကိုင်သူများသည် လုပ်ငန်းများကို အရှိန်အဟုန်နှင့်
လုပ်ကိုင်နေကြကြောင်းကိုလည်းပြောကြားခဲ့ပါသည်။
မရမ်းကုန်းမြို့နယ်၏ မြေဈေးသည် တစ်ပေပတ်လည်ကို အနည်းဆုံးနှစ်သိန်းမှ
အများဆုံး ခုနှစ်သိန်းထိရှိကြောင်း ကိုလည်းပြောကြားခဲ့သည်။
၎င်းတို့အကျိုးဆောင် လုပ်ငန်းသည်မြို့နယ်မရွေး အကျိုးဆောင်လုပ်ငန်း ကိုလုပ်ကိုင်ပေးနေကြောင်းလည်းပြောကြားသည်။တန်ဖိုးနည်းအိမ်ရာများ များများပေါ်ပေါက်လေ အိမ်၊ခြံ၊မြေ လောကသည်လည်း ပို၍ကောင်းလာမည်ဖြစ်
ကြောင်းနှင့် အိမ်ရာများလည်းများများ ဆောက်ပေးစေလိုကြောင်း
ကိုလည်းပြောကြားသည်။အခြားနယ်မြို့များတွင်လည်း အကျိုးဆောင်လုပ်ငန်းကို
နယ်မှ မိတ်ဆွေများနှင့် ချိတ်ဆက်၍ လုပ်ကိုင်နေကြောင်းကိုလည်း ပြောကြား
ခဲ့ပါသည်။၎င်းတို့အကျိုးဆောင်လုပ်ငန်းကို လာရောက်၍အပ်နှံသော Customer များသည် သိန်း၂၀၀ သို့ ၃၀၀ ၀န်းကျင်ရှိသော တိုက်ခန်းများငှားရမ်းပေးခြင်းနှင့်
တိုက်ခန်းအရောင်းအ၀ယ်များ လုပ်ဆောင်ပေးရခြင်းများကို အများဆုံး
လုပ်ဆောင်ပေးနေရကြောင်းကိုလည်းပြောကြားခဲ့သည်။
အိမ်၊ခြံ၊မြေ လောကသည်လည်း ယခင်ကထက်စာလျှင်လည်း အများကြီး
ဖွဲ့ဖြိုးတိုးတက် လာကြောင်းကိုလည်း ဒေါ်မြဖြူဖြူမှပြောကြားသွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)