အောင်ကုဋေကြွယ် အိမ် ၊ ခြံ ၊ မြေ လုပ်ငန်း မှ မ၀င်းပပ နှင့် အင်တာဗျူး
Posted by ဝေဖြိုးသူ (iMyanmarHouse.com)
အိမ် ၊ ခြံ ၊ မြေ လုပ်ငန်းစတင် လုပ်ကိုင်တဲ့၂၀၁၁ ခုနှစ်ကစပြီး ယခုအချိန်ထိ အိမ် ၊ ခြံ ၊ မြေ ဈေးနှုန်းသည် အတက်ဘက်သို့သာ ရောက်ရှိနေကြောင်း ။ အရောင်းနှင့် အငှားတွင် အငှား ပိုသွက်ဟု ပြောကြား ။ ဗဟန်း ၊ ကမာရွတ် ၊ ရန်ကင်း ၊ ဒဂုံ မြို့နယ် ရောင်းအားကောင်း ဟု ပြောကြား ။ နိုင်ငံခြားသားများ အများဆုံး စိတ်ဝင်စားခြင်းမှာ နေထိုင်မှု့ သက်သက်ဆို ကွန်ဒိုကို စိတ်ဝင်စားကြောင်း ၊ ရုံးခန်းဖွင့်သူတွေ အနေ နှင့် ဆိုလျှင် လုံးချင်းအိမ်ရာ ကို စိတ်ဝင်စား ကြောင်း ရှင်းပြ ။
အခွန်ပေးဆောင်ရန် မလိုသောကြောင့် ရင်းနှီးမြှပ်နှံ မှု့ အသင့်တော်ဆုံးမှာ ကွန်ဒို တိုက်ခန်းဖြစ်ကြောင်း ၊ အိမ် ၊ ခြံ ၊ မြေ သည် ၀ယ်လိုအားများပြီး ရောင်းလိုအားနည်းသောကြောင့် အိမ် ၊ ခြံ ၊ မြေ ဈေးနှုန်း သည် ဆက်လက်မြင့်တက် နိုင်ကြောင်း ထင်မြင်ချက် ကို မ၀င်းပပ မှပြောပြ ပေးသွားပါတယ် ။