1675 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

စိတ္ကူးယဥ္ဆန္တဲ့အခန္းျဖစ္ေစမယ့္ အေရာင္(၈)မ်ိဳး

[Zawgyi]

စိတ္ကူးယဥ္ဆန္တယ္ဆိုတာနဲ႔ ပထမဆုံးျမင္မိတဲ့အေရာင္ကေတာ့ ပန္းေရာင္ျဖစ္ပါတယ္။ မိန္းကေလး ေတာ္ေတာ္မ်ားမ်ားက ကိုယ့္အတြက္အသုံးျပဳတဲ့အရာေတာ္ေတာ္မ်ားမ်ားကို ခ်စ္စရာေကာင္းၿပီး မိန္းမဆန္ တယ္၊ ႏႉးညံ့တယ္ဆိုတဲ့အရာေတြကိုကိုယ္စားျပဳတဲ့ ပန္းေရာင္ကိုေရြးတတ္ၾကပါတယ္။ (ဥပမာ-အဝတ္အစား၊ accessories၊ ကိုယ္ပိုင္အိမ္ခန္း)။ အမွန္တကယ္ကေတာ့ စိတ္ကူးယဥ္ဆန္တဲ့အေရာင္ေလးေတြက ပန္းေရာင္ အျပင္ တျခားအေရာင္ေလးေတြလည္းရွိေနပါေသးတယ္။ ဒါကိုသက္ေသျပတဲ့အေနနဲ႔ Myanmar Home & Decor Magazine ပရိတ္သတ္ႀကီးကို ကိုယ့္ရဲ့အိမ္ခန္းေလးကို တျခားအေရာင္ေတြနဲ႔ စိတ္ကူးယဥ္ဆန္ေအာင္ဖန္တီးျပလိုက္ပါတယ္။


(၁)ေတာက္ပတဲ့လိေမၼာ္ေရာင္(Glowing oranges)

စိတ္ကူးယဥ္ဆန္တဲ့အခန္းျဖစ္ေစမယ့္ အေရာင္(၈)မ်ိဳး

စာဖတ္သူေတြအေနနဲ႔ လိေမၼာ္ေရာင္လြင္လြင္ကို စိတ္ကူးယဥ္ဆန္တဲ့အေရာင္စာရင္းထဲထည့္လိုက္တာ ကို အံ့ဩေနၾကမယ္ထင္ပါတယ္။ ေတာက္ပတဲ့လိေမၼာ္ေရာင္ကို ခ်စ္စိတ္တက္ေစတဲ့အေရာင္လို႔ UK နိုင္ငံစစ္ တမ္းေတြကေဖာ္ျပထားပါတယ္။ ဒါက ေတာက္ပတဲ့လိေမၼာ္ေရာင္နဲ႔အလွဆင္ခ်င္တဲ့ သူတို႔ရဲ့ရည္ရြယ္ခ်က္ ေၾကာင့္လည္းျဖစ္နိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ပါ ဒီေတာက္ပတဲ့လိေမၼာ္ေရာင္ေလးက အေရာင္ေတာက္ ေတာက္ေလးေတြကိုႀကိဳက္တဲ့သူေတြနဲ႔ အိမ္ခန္းထဲမွာရင္ခုန္မူကိုရွာေဖြခ်င္တဲ့သူေတြအတြက္ ေရြးခ်ယ္သင့္တဲ့ အေရာင္ျဖစ္ပါတယ္။

(၂)ဇီးေရာင္ေပါက္တဲ့ခရမ္းႏုေရာင္(Pretty plums and purples)

စိတ္ကူးယဥ္ဆန္တဲ့အခန္းျဖစ္ေစမယ့္ အေရာင္(၈)မ်ိဳး

စာဖတ္သူေတြအေနနဲ႔ အခ်စ္ဇာတ္လမ္းေတာ္ေတာ္မ်ားမ်ားမွာ ဇီးေရာင္ေလးေျပးေနတဲ့ခရမ္းႏုေရာင္ကို သုံးထားတာေတြ႕ဖူးၾကမွာပါ။ ဒီအေရာင္ရဲ့ဆြဲေဆာင္မူေတြကေတာ့ စိတ္ဖိစီးမူကိုေလ်ာ့ခ်ေပးတာနဲ႔ စိတ္ကိုႏွစ္ သိမ့္ေပးနိုင္တဲ့အရည္အေသြးေတြရွိေနတာပဲျဖစ္ပါတယ္။ သင္ကအေရာင္မွိုင္းတာကိုႀကိဳက္ၿပီးအခန္းေလးက စိတ္ကူးယဥ္ဆန္တာကို လိုခ်င္တယ္ဆိုရင္ေတာ့ ဇီးေရာင္ေလးေျပးေနတဲ့ခရမ္းႏုေရာင္ေလးက အသင့္ေတာ္ဆုံး ျဖစ္မွာပါ။ မီးအလင္းေရာင္ေလးေပးလိုက္မယ္ဆိုရင္လည္း ဒီလိုဇီးေရာင္ေလးေျပးေနတဲ့ခရမ္းႏုေရာင္ေလးက ပိုစိတ္ကူးယဥ္ဆန္ၿပီး ေမွာင္တယ္လို႔ထင္ရေတာ့မွာမဟုတ္ပါဘူး။

(၃)အျပာရင့္ေရာင္(Deep Blue)

စိတ္ကူးယဥ္ဆန္တဲ့အခန္းျဖစ္ေစမယ့္ အေရာင္(၈)မ်ိဳး

သင္ကသင့္ရဲ့အိမ္ခန္းကိုစိတ္ကူးယဥ္လည္းဆန္ခ်င္တယ္။ အေရာင္ေတာက္ေတာက္ေတြလည္းမ ႀကိဳက္ဘူး။ အေရာင္ကသဘာဝဆန္ၿပီး အိမ္ခန္းေလးကေအးျမတယ္လို႔ခံစားေစခ်င္တယ္ဆိုရင္ေတာ့ အျပာရင့္ ေရာင္ကိုအႀကံေပးခ်င္ပါတယ္။ ဒီအေရာင္ကအိမ္ခန္းကိုေအးျမေစတဲ့အတြက္ အျပင္မွာရာသီဥတုပူေနရင္ ေတာင္ အခန္းထဲမွာေအးျမမူကိုခံစားရေစမွာပါ။

(၄)စိမ္းျပာေရာင္(Tantalizing teals)

စိတ္ကူးယဥ္ဆန္တဲ့အခန္းျဖစ္ေစမယ့္ အေရာင္(၈)မ်ိဳး

ရင္ခုန္စရာေကာင္းတဲ့အိမ္ခန္းအေရာင္ထဲမွာ စိမ္းျပာေရာင္လည္းပါပါတယ္။ စိမ္းျပာေရာင္က စြမ္းအား တစ္ခုခုရွိတယ္လို႔ခံစားမိေစနိုင္တဲ့အေရာင္ျဖစ္ပါတယ္။ ဒါေပမယ့္နံရံေလးဘက္လုံးမွာ စိမ္းျပာေရာင္ကိုအသုံးျပဳ မယ္ဆိုရင္ေတာ့ၾကည့္ရဆိုးေစမွာပါ။ ဒါ့ေၾကာင့္အိပ္ရာရဲ့အေပၚအမိုး ဒါမွမဟုတ္ အိပ္ရာရဲ့ေခါင္းရင္းမွာပဲ သုံး ေပးပါ။ ဒါက ၿပီးျပည့္စုံတဲ့အေရာင္ကစားမူပဲျဖစ္ပါတယ္။

(၅)သဘာဝဆန္ေသာအညိဳေရာင္(Earthy browns)

စိတ္ကူးယဥ္ဆန္တဲ့အခန္းျဖစ္ေစမယ့္ အေရာင္(၈)မ်ိဳး

ေနာက္ထပ္အေနနဲ႔စိတ္ကူးယဥ္ဆန္တဲ့အေရာင္ကေတာ့ ေႏြးေထြးမူေပးနိုင္တဲ့အညိဳေရာင္ပဲျဖစ္ပါ တယ္။ အညိဳေရာင္ကိုေနာက္ခံထားၿပီး ပုံမွာျပထားသလိုမ်ိဳး အိပ္ရာေဘးမွာ သႏၲာေရာင္ထိုင္ခုံထားသလိုမ်ိဳး အျခားေသာ zestier အေရာင္တစ္မ်ိဳးမ်ိဳးကို အခန္းထဲမွာသုံးေပးနိုင္ပါတယ္။ သဘာဝဆန္တဲ့အညိဳေရာင္က ေမွာင္တဲ့ ခရမ္းေရာင္၊ဇီးသီးေရာင္ေတြနဲ႔ဆင္တူေပမယ့္ ေမွာင္တဲ့အညိဳေရာင္ကို အျဖဴ ဒါမွမဟုတ္ ပိတ္ေနတဲ့ အျဖဴေရာင္နဲ႔သုံးလိုက္မယ္ဆိုရင္ေတာ့ အေရာင္ညႇိဖို႔လိုပါတယ္။ ဒါ့အျပင္ စာဖတ္သူေတြက အိမ္ခန္းကိုအညိဳ ေရာင္ကာလာရွိတဲ့သစ္သားေတြနဲ႔လည္း အစားထိုးဖန္တီးနိုင္ပါတယ္။ သစ္သားမ်က္ႏွာက်က္နဲ႔သစ္သားနံရံ ေတြကိုအသုံးျပဳတာကလည္း တကယ့္ကိုေႏြးေထြးၿပီး စိတ္ကူးယဥ္ဆန္ေစပါတယ္။

(၆)ပန္းဆီေရာင္(Raspberry pink)

စိတ္ကူးယဥ္ဆန္တဲ့အခန္းျဖစ္ေစမယ့္ အေရာင္(၈)မ်ိဳး

ပန္းဆီေရာင္ကအခ်စ္ရဲ့အေရာင္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔တာရဲ့အဆုံးမွာ သင္နဲ႔သင့္ရဲ့လက္တြဲ ေဖာ္က ပန္းဆီေရာင္အိပ္ရာေပၚမွာအိပ္ေပ်ာ္ဖို႔ႀကိဳးစားရတာ ခက္ခဲလိမ့္မယ္လို႔ထင္ပါတယ္။ ပန္းဆီေရာင္က ေၾကးနီ၊ ေၾကးဝါႏွင့္ေရႊေရာင္လိုအေရာင္ေတြျဖစ္တဲ့ သတၳဳေရာင္ေတြနဲ႔လိုက္ဖက္ပါတယ္။ အခန္းေလးကို ၾကည္ လင္သန႔္ရွင္းတဲ့ပုံေဖာ္ခ်င္တယ္ဆိုရင္ေတာ့ အိမ္ခန္းမွာ အျဖဴေရာင္မ်ားမ်ားသုံးေပးပါ။ ပန္းဆီေရာင္အေဖ်ာ့ ေလးကေႏြးေထြးၿပီး သဘာဝဆန္တယ္လို႔ခံစားမိေစပါတယ္။ တကယ္လို႔ ပုံထဲကပန္းဆီေရာင္ကအရမ္း ေတာက္ေနတယ္လို႔ထင္တယ္ဆိုရင္ ပန္းဆီေရာင္တစ္မ်ိဳးတည္းမသုံးပဲ ပန္းဆီေရာင္နဲ႔သဟဇာတျဖစ္တဲ့ ခရမ္း ႏုေရာင္နဲ႔အျပာေရာင္တို႔ကိုေရာၿပီးသုံးနိုင္ပါတယ္။ အေရာင္ေတြကအရမ္းႀကီးဆန႔္က်င္ေနတဲ့ အေရာင္ေတြမ ဟုတ္တဲ့အတြက္ ေနရာကိုအေရာင္စုံေစမယ့္အျပင္ စိတ္အပန္းပါေျဖေစနိုင္ပါတယ္။ တကယ့္ကို ရင္ခုန္မူေပး နိုင္တဲ့အေကာင္းဆုံးအေရာင္ပဲျဖစ္ပါတယ္။

(၇)ပတၱျမားရင့္ေရာင္(Deep ruby red)

စိတ္ကူးယဥ္ဆန္တဲ့အခန္းျဖစ္ေစမယ့္ အေရာင္(၈)မ်ိဳး

ပန္းဆီေရာင္ကေတာ့ဘယ္ေနရာမွာပဲျဖစ္ျဖစ္ေပ်ာ္ရႊင္ေစၿပီး ဆြဲေဆာင္မူရွိေစေပမယ့္ ဒီအနီေရာင္က ေတာ့ ေမွာင္ၿပီးပိတ္ေနပါတယ္။ ပတၱျမားရင့္ေရာင္က ေမွာင္ေပမယ့္အေရာင္ကစိုေနတဲ့အတြက္ ေရြးခ်ယ္သင့္ ဆုံးအေရာင္ျဖစ္ၿပီး နံရံကထူးျခားေနမွာျဖစ္ပါတယ္။ ေနရာက်ဥ္းတယ္ဆိုရင္ေတာ့ ခုတင္ေခါင္းရင္းနံရံကိုပဲ အေရာင္ဖန္တီးနိုင္ပါတယ္။ တကယ္လို႔သင့္အခန္းကအလင္းေရာင္အားနည္းေနတယ္ဆိုရင္ အျဖဴေရာင္ေတြ ေပါင္းထည့္တာ ဒါမွမဟုတ္ တျခားလင္းတဲ့အေရာင္ေလးေတြေပါင္းထည့္တာမ်ိဳးျပဳလုပ္ပါ။

(၈)အနက္ေရာင္(Black)

စိတ္ကူးယဥ္ဆန္တဲ့အခန္းျဖစ္ေစမယ့္ အေရာင္(၈)မ်ိဳး

ပန္းေရာင္နဲ႔အနီေရာင္ကအခ်စ္ရဲ့အေရာင္ဆိုရင္ အနက္ေရာင္ကေတာ့ ဆြဲေဆာင္မူရွိတဲ့အေရာင္ျဖစ္ပါ တယ္။ ဒါေပမယ့္အနက္ေရာင္နံရံက အခန္းကိုေမွာင္ေစၿပီး အခန္းကိုေသးသြားေစတဲ့အျပင္ ပိတ္ေလွာင္ ေၾကာက္လြန္ေရာဂါရွိသူေတြအတြက္ ခက္ခဲေစနိုင္မွာပါ။ သင့္အိမ္ခန္းကက်ယ္တယ္ဆိုရင္ေတာ့ အနက္ေရာင္ က အေရြးသင့္ဆုံးျဖစ္ပါတယ္။ သင့္အေနနဲ႔အိမ္ခန္းမွာအနက္ေရာင္ကိုသုံးဖို႔စိတ္ကူးရွိေပမယ့္ ဒီအေရာင္ကသင္ တစ္ေယာက္ထဲႀကိဳက္ေနတာဆိုရင္ေတာ့ အနက္ေရာင္ကို တစ္ျခားဘယ္လိုနည္းလမ္းေတြနဲ႔သုံးမလဲဆိုတာ စဥ္းစားရပါမယ္။ လွပတဲ့အနက္နဲ႔အျဖဴေရာင္အိမ္ခန္းက အရမ္းကိုစိတ္ကူးယဥ္ဆန္ေစၿပီး ရိုးရွင္းတဲ့အေရာင္ အ တြဲအစပ္ပဲျဖစ္ပါတယ္။

အခုဆိုရင္စိတ္ကူးယဥ္ဆန္တယ္လို႔အမ်ားစုကသတ္မွတ္ထားတဲ့ ပန္းေရာင္အျပင္ အျခားေသာစိတ္ကူး ယဥ္ဆန္တဲ့အေရာင္ေတြကိုစာဖတ္သူအေနနဲ႔သိသြားၿပီဆိုေတာ့ ကိုယ့္ရဲ့အိမ္ခန္းေလးကို ခ်စ္ျခင္းေမတၱာေတြနဲ႔ ဖုံးလႊမ္းသြားေအာင္ အခုပဲစိတ္ကူးထဲကခ်စ္စရာအိမ္ခန္းေလးကိုဖန္တီးလိုက္ပါ။

 

Credit:  Myanmar Home & Decor Magazine 

 

[Unicode]

စိတ်ကူးယဉ်ဆန်တဲ့အခန်းဖြစ်စေမယ့် အရောင်(၈)မျိုး


စိတ်ကူးယဉ်ဆန်တယ်ဆိုတာနဲ့ ပထမဆုံးမြင်မိတဲ့အရောင်ကတော့ ပန်းရောင်ဖြစ်ပါတယ်။ မိန်းကလေး တော်တော်များများက ကိုယ့်အတွက်အသုံးပြုတဲ့အရာတော်တော်များများကို ချစ်စရာကောင်းပြီး မိန်းမဆန် တယ်၊ နှူးညံ့တယ်ဆိုတဲ့အရာတွေကိုကိုယ်စားပြုတဲ့ ပန်းရောင်ကိုရွေးတတ်ကြပါတယ်။ (ဥပမာ-အဝတ်အစား၊ accessories၊ ကိုယ်ပိုင်အိမ်ခန်း)။ အမှန်တကယ်ကတော့ စိတ်ကူးယဉ်ဆန်တဲ့အရောင်လေးတွေက ပန်းရောင် အပြင် တခြားအရောင်လေးတွေလည်းရှိနေပါသေးတယ်။ ဒါကိုသက်သေပြတဲ့အနေနဲ့ Myanmar Home & Decor Magazine ပရိတ်သတ်ကြီးကို ကိုယ့်ရဲ့အိမ်ခန်းလေးကို တခြားအရောင်တွေနဲ့ စိတ်ကူးယဉ်ဆန်အောင်ဖန်တီးပြလိုက်ပါတယ်။

(၁)တောက်ပတဲ့လိမ္မော်ရောင်(Glowing oranges)

စာဖတ်သူတွေအနေနဲ့ လိမ္မော်ရောင်လွင်လွင်ကို စိတ်ကူးယဉ်ဆန်တဲ့အရောင်စာရင်းထဲထည့်လိုက်တာ ကို အံ့ဩနေကြမယ်ထင်ပါတယ်။ တောက်ပတဲ့လိမ္မော်ရောင်ကို ချစ်စိတ်တက်စေတဲ့အရောင်လို့ UK နိုင်ငံစစ် တမ်းတွေကဖော်ပြထားပါတယ်။ ဒါက တောက်ပတဲ့လိမ္မော်ရောင်နဲ့အလှဆင်ချင်တဲ့ သူတို့ရဲ့ရည်ရွယ်ချက် ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီတောက်ပတဲ့လိမ္မော်ရောင်လေးက အရောင်တောက် တောက်လေးတွေကိုကြိုက်တဲ့သူတွေနဲ့ အိမ်ခန်းထဲမှာရင်ခုန်မူကိုရှာဖွေချင်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ အရောင်ဖြစ်ပါတယ်။

(၂)ဇီးရောင်ပေါက်တဲ့ခရမ်းနုရောင်(Pretty plums and purples)

စာဖတ်သူတွေအနေနဲ့ အချစ်ဇာတ်လမ်းတော်တော်များများမှာ ဇီးရောင်လေးပြေးနေတဲ့ခရမ်းနုရောင်ကို သုံးထားတာတွေ့ဖူးကြမှာပါ။ ဒီအရောင်ရဲ့ဆွဲဆောင်မူတွေကတော့ စိတ်ဖိစီးမူကိုလျော့ချပေးတာနဲ့ စိတ်ကိုနှစ် သိမ့်ပေးနိုင်တဲ့အရည်အသွေးတွေရှိနေတာပဲဖြစ်ပါတယ်။ သင်ကအရောင်မှိုင်းတာကိုကြိုက်ပြီးအခန်းလေးက စိတ်ကူးယဉ်ဆန်တာကို လိုချင်တယ်ဆိုရင်တော့ ဇီးရောင်လေးပြေးနေတဲ့ခရမ်းနုရောင်လေးက အသင့်တော်ဆုံး ဖြစ်မှာပါ။ မီးအလင်းရောင်လေးပေးလိုက်မယ်ဆိုရင်လည်း ဒီလိုဇီးရောင်လေးပြေးနေတဲ့ခရမ်းနုရောင်လေးက ပိုစိတ်ကူးယဉ်ဆန်ပြီး မှောင်တယ်လို့ထင်ရတော့မှာမဟုတ်ပါဘူး။

(၃)အပြာရင့်ရောင်(Deep Blue)

သင်ကသင့်ရဲ့အိမ်ခန်းကိုစိတ်ကူးယဉ်လည်းဆန်ချင်တယ်။ အရောင်တောက်တောက်တွေလည်းမ ကြိုက်ဘူး။ အရောင်ကသဘာဝဆန်ပြီး အိမ်ခန်းလေးကအေးမြတယ်လို့ခံစားစေချင်တယ်ဆိုရင်တော့ အပြာရင့် ရောင်ကိုအကြံပေးချင်ပါတယ်။ ဒီအရောင်ကအိမ်ခန်းကိုအေးမြစေတဲ့အတွက် အပြင်မှာရာသီဥတုပူနေရင် တောင် အခန်းထဲမှာအေးမြမူကိုခံစားရစေမှာပါ။

(၄)စိမ်းပြာရောင်(Tantalizing teals)

ရင်ခုန်စရာကောင်းတဲ့အိမ်ခန်းအရောင်ထဲမှာ စိမ်းပြာရောင်လည်းပါပါတယ်။ စိမ်းပြာရောင်က စွမ်းအား တစ်ခုခုရှိတယ်လို့ခံစားမိစေနိုင်တဲ့အရောင်ဖြစ်ပါတယ်။ ဒါပေမယ့်နံရံလေးဘက်လုံးမှာ စိမ်းပြာရောင်ကိုအသုံးပြု မယ်ဆိုရင်တော့ကြည့်ရဆိုးစေမှာပါ။ ဒါ့ကြောင့်အိပ်ရာရဲ့အပေါ်အမိုး ဒါမှမဟုတ် အိပ်ရာရဲ့ခေါင်းရင်းမှာပဲ သုံး ပေးပါ။ ဒါက ပြီးပြည့်စုံတဲ့အရောင်ကစားမူပဲဖြစ်ပါတယ်။

(၅)သဘာဝဆန်သောအညိုရောင်(Earthy browns)

နောက်ထပ်အနေနဲ့စိတ်ကူးယဉ်ဆန်တဲ့အရောင်ကတော့ နွေးထွေးမူပေးနိုင်တဲ့အညိုရောင်ပဲဖြစ်ပါ တယ်။ အညိုရောင်ကိုနောက်ခံထားပြီး ပုံမှာပြထားသလိုမျိုး အိပ်ရာဘေးမှာ သန္တာရောင်ထိုင်ခုံထားသလိုမျိုး အခြားသော zestier အရောင်တစ်မျိုးမျိုးကို အခန်းထဲမှာသုံးပေးနိုင်ပါတယ်။ သဘာဝဆန်တဲ့အညိုရောင်က မှောင်တဲ့ ခရမ်းရောင်၊ဇီးသီးရောင်တွေနဲ့ဆင်တူပေမယ့် မှောင်တဲ့အညိုရောင်ကို အဖြူ ဒါမှမဟုတ် ပိတ်နေတဲ့ အဖြူရောင်နဲ့သုံးလိုက်မယ်ဆိုရင်တော့ အရောင်ညှိဖို့လိုပါတယ်။ ဒါ့အပြင် စာဖတ်သူတွေက အိမ်ခန်းကိုအညို ရောင်ကာလာရှိတဲ့သစ်သားတွေနဲ့လည်း အစားထိုးဖန်တီးနိုင်ပါတယ်။ သစ်သားမျက်နှာကျက်နဲ့သစ်သားနံရံ တွေကိုအသုံးပြုတာကလည်း တကယ့်ကိုနွေးထွေးပြီး စိတ်ကူးယဉ်ဆန်စေပါတယ်။

(၆)ပန်းဆီရောင်(Raspberry pink)

ပန်းဆီရောင်ကအချစ်ရဲ့အရောင်ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့တာရဲ့အဆုံးမှာ သင်နဲ့သင့်ရဲ့လက်တွဲ ဖော်က ပန်းဆီရောင်အိပ်ရာပေါ်မှာအိပ်ပျော်ဖို့ကြိုးစားရတာ ခက်ခဲလိမ့်မယ်လို့ထင်ပါတယ်။ ပန်းဆီရောင်က ကြေးနီ၊ ကြေးဝါနှင့်ရွှေရောင်လိုအရောင်တွေဖြစ်တဲ့ သတ္ထုရောင်တွေနဲ့လိုက်ဖက်ပါတယ်။ အခန်းလေးကို ကြည် လင်သန့်ရှင်းတဲ့ပုံဖော်ချင်တယ်ဆိုရင်တော့ အိမ်ခန်းမှာ အဖြူရောင်များများသုံးပေးပါ။ ပန်းဆီရောင်အဖျော့ လေးကနွေးထွေးပြီး သဘာဝဆန်တယ်လို့ခံစားမိစေပါတယ်။ တကယ်လို့ ပုံထဲကပန်းဆီရောင်ကအရမ်း တောက်နေတယ်လို့ထင်တယ်ဆိုရင် ပန်းဆီရောင်တစ်မျိုးတည်းမသုံးပဲ ပန်းဆီရောင်နဲ့သဟဇာတဖြစ်တဲ့ ခရမ်း နုရောင်နဲ့အပြာရောင်တို့ကိုရောပြီးသုံးနိုင်ပါတယ်။ အရောင်တွေကအရမ်းကြီးဆန့်ကျင်နေတဲ့ အရောင်တွေမ ဟုတ်တဲ့အတွက် နေရာကိုအရောင်စုံစေမယ့်အပြင် စိတ်အပန်းပါဖြေစေနိုင်ပါတယ်။ တကယ့်ကို ရင်ခုန်မူပေး နိုင်တဲ့အကောင်းဆုံးအရောင်ပဲဖြစ်ပါတယ်။

(၇)ပတ္တမြားရင့်ရောင်(Deep ruby red)

ပန်းဆီရောင်ကတော့ဘယ်နေရာမှာပဲဖြစ်ဖြစ်ပျော်ရွှင်စေပြီး ဆွဲဆောင်မူရှိစေပေမယ့် ဒီအနီရောင်က တော့ မှောင်ပြီးပိတ်နေပါတယ်။ ပတ္တမြားရင့်ရောင်က မှောင်ပေမယ့်အရောင်ကစိုနေတဲ့အတွက် ရွေးချယ်သင့် ဆုံးအရောင်ဖြစ်ပြီး နံရံကထူးခြားနေမှာဖြစ်ပါတယ်။ နေရာကျဉ်းတယ်ဆိုရင်တော့ ခုတင်ခေါင်းရင်းနံရံကိုပဲ အရောင်ဖန်တီးနိုင်ပါတယ်။ တကယ်လို့သင့်အခန်းကအလင်းရောင်အားနည်းနေတယ်ဆိုရင် အဖြူရောင်တွေ ပေါင်းထည့်တာ ဒါမှမဟုတ် တခြားလင်းတဲ့အရောင်လေးတွေပေါင်းထည့်တာမျိုးပြုလုပ်ပါ။

(၈)အနက်ရောင်(Black)

ပန်းရောင်နဲ့အနီရောင်ကအချစ်ရဲ့အရောင်ဆိုရင် အနက်ရောင်ကတော့ ဆွဲဆောင်မူရှိတဲ့အရောင်ဖြစ်ပါ တယ်။ ဒါပေမယ့်အနက်ရောင်နံရံက အခန်းကိုမှောင်စေပြီး အခန်းကိုသေးသွားစေတဲ့အပြင် ပိတ်လှောင် ကြောက်လွန်ရောဂါရှိသူတွေအတွက် ခက်ခဲစေနိုင်မှာပါ။ သင့်အိမ်ခန်းကကျယ်တယ်ဆိုရင်တော့ အနက်ရောင် က အရွေးသင့်ဆုံးဖြစ်ပါတယ်။ သင့်အနေနဲ့အိမ်ခန်းမှာအနက်ရောင်ကိုသုံးဖို့စိတ်ကူးရှိပေမယ့် ဒီအရောင်ကသင် တစ်ယောက်ထဲကြိုက်နေတာဆိုရင်တော့ အနက်ရောင်ကို တစ်ခြားဘယ်လိုနည်းလမ်းတွေနဲ့သုံးမလဲဆိုတာ စဉ်းစားရပါမယ်။ လှပတဲ့အနက်နဲ့အဖြူရောင်အိမ်ခန်းက အရမ်းကိုစိတ်ကူးယဉ်ဆန်စေပြီး ရိုးရှင်းတဲ့အရောင် အ တွဲအစပ်ပဲဖြစ်ပါတယ်။

အခုဆိုရင်စိတ်ကူးယဉ်ဆန်တယ်လို့အများစုကသတ်မှတ်ထားတဲ့ ပန်းရောင်အပြင် အခြားသောစိတ်ကူး ယဉ်ဆန်တဲ့အရောင်တွေကိုစာဖတ်သူအနေနဲ့သိသွားပြီဆိုတော့ ကိုယ့်ရဲ့အိမ်ခန်းလေးကို ချစ်ခြင်းမေတ္တာတွေနဲ့ ဖုံးလွှမ်းသွားအောင် အခုပဲစိတ်ကူးထဲကချစ်စရာအိမ်ခန်းလေးကိုဖန်တီးလိုက်ပါ။

Credit: Myanmar Home & Decor Magazine

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)