2049 ကြိမ် ကြည့်ရှု့ ပြီး

သတင်းစာအဟောင်းများကို အသုံးပြုပြီးနေအိမ်တွင်း အလှဆင်နည်းများ

သတင်းစာအဟောင်းများကို မည်သို့တန်ဖိုးရှိစွာအသုံးပြုနိုင်ကြောင်း သင်သိလျှင် များစွာ အံ့အားသင့်မည်ဖြစ်သည်။

သတင်းစာဟောင်း၊ မဂ္ဂဇင်းဟောင်းများကို အသုံးမ၀င်တော့သည့်အရာများသဖွယ် ရှုမြင်ခြင်းကို ရပ်တန့်ပြီး ၎င်းတို့အား ကွဲပြားသည့်နည်းလမ်းတစ်မျိုးဖြင့် ပြန်လည်အသုံးပြုနိုင် ရန် ကြိုးပမ်းကြည့်ပါ။

ရှုးဖိနပ်များ အနံ့အသက်ပျောက်ကင်းစေခြင်း

ရှုးဖိနပ်များသည် စိုထိုင်းလာသည်နှင့် အနံ့အသက် မကောင်းတော့ချေ။ ၎င်းတို့ ကို ပန်းရနံ့သင်းနေအောင် သတင်းစာဖြင့် ပြုလုပ်နိုင်ပါသည်။

မုန့်ဖုတ်ပေါင်ဒါမှုန့်အနည်းငယ်ကို သတင်းစာပိုင်းပေါ်တွင် ဖြူးပါ။ ယင်းနောက် အဆိုပါ သတင်းစာကို ဘောလုံးသဖွယ်လုံးချေလိုက်ပြီး ရှုးဖိနပ်အတွင်းသို့ ထည့်ပါ။ ရှုးဖိနပ်ပြည့်အောင် စက္ကူလုံးများ ပြုလုပ်ထည့်သွင်းရမည်ဖြစ်ပါသည်။ ထို့နောက် တစ်ညသိပ် ထားလိုက်ပါက နံနက်သို့ရောက်လျှင် ဖိနပ်အတွင်းရှိ စိုထိုင်းမှုများ၊ အနံ့အသက်များ အားလုံး ကို စုပ်ယူသွားမည်ဖြစ်ပါသည်။

သတင်းစာအဟောင်းများကို အသုံးပြုပြီးနေအိမ်တွင်း အလှဆင်နည်းများ

သတင်းစာအဟောင်းများကို အသုံးပြုပြီးနေအိမ်တွင်း အလှဆင်နည်းများ

လှပသည့် အပူခံပြားကလေးများ ပြုလုပ်နိုင်ခြင်း

ရေနွေးခွက်၊ လက်ဖက်ရည်ခွက် အစရှိသည်တို့၏ အောက်တွင်ထားရှိကြသည့် အပူခံပြားများကို ငွေကုန်ကြေးကျခံကာ ၀ယ်ယူမည့်အစား သင်အသုံးမပြုတော့သော သတင်း စာဟောင်း၊ မဂ္ဂဇင်းဟောင်း စာရွက်များဖြင့် ပေတံဖြင့် ညီညာစွာတိုင်း၍ ဖြတ်ကာ အလိပ် ကလေးများ ပြုလုပ်ပြီး အပူခံပြားအဖြစ် အသုံးပြုနိုင်ပါသည်။

သတင်းစာအဟောင်းများကို အသုံးပြုပြီးနေအိမ်တွင်း အလှဆင်နည်းများ

အလှဆင် အလံငယ်ကြိုးတန်းပြုလုပ်ခြင်း

မဂ္ဂဇင်းအဟောင်းများမှ အရောင်အသွေးစုံလင်သည့် စာမျက်နှာများကို တြိဂံပုံ ညှပ်ကာ ချည်ကြိုးရှည်တစ်ခုတွင် ကော် (သို့မဟုတ်) စတက်ပလာဖြင့် ညှပ်ကာ အလံငယ် များသဖွယ်သွယ်တန်းပေးပါ။ အရောင်များကို ကျပန်းလုပ်လျှင် ပိုကောင်းပါသည်။ အရောင်စုံ လင်လေ လှပလေဖြစ်ပါသည်။

သတင်းစာအဟောင်းများကို အသုံးပြုပြီးနေအိမ်တွင်း အလှဆင်နည်းများ

အ၀တ်ခြင်းပြုလုပ်ခြင်း

သတင်းစာဟောင်းများကို သုံး၍ လှပဆန်းသစ်သော အ၀တ်ခြင်းတစ်ခု ပြုလုပ် နိုင်ပါသည်။ ဦးစွာ သတင်းစာများကို အရှည်ပိုင်းများ ညှပ်ကာ လင်ပန်းဝိုင်းအရွယ်ရအောင် ကော်ဖြင့် လိပ်ပေးပြီး ခြင်း၏အောက်ခံ၊ အောက်ခြေအဖြစ် အသုံးပြုပါ။ ထို့နောက် ၃ လက်မ ခန့် အ၀ိုင်းငယ်ကလေးများ လိပ်ကာ တစ်လိပ်နှင့် တစ်လိပ်ထပ်၍ ကော်အကောင်းစားဖြင့် ကပ်ပေးပြီး နံရံအဖြစ် ပြုလုပ်ပေးပါက ဆန်းသစ်လှပသော အ၀တ်ခြင်းကလေးတစ်ခု ရရှိမည် ဖြစ်ပါသည်။

သတင်းစာအဟောင်းများကို အသုံးပြုပြီးနေအိမ်တွင်း အလှဆင်နည်းများ

စားပွဲတင် ပန်းအိုးကို နံရံငယ်လေးကာပေးကာ အလှဆင်ခြင်း

မဂ္ဂဇင်းဟောင်းများ၏ ရောင်စုံစာမျက်နှာများကို စက္ကူလိပ်ကလေးများအဖြစ် ကျစ်အောင်လိပ်ကာ ပိုက်ဆက်ကော်ဖြင့် ကပ်ပေးပါက သင်၏ စာကြည့်စားပွဲတင် ပန်းအိုး အတွက် ဆန်းပြားသည့်အလှတစ်မျိုးကို ငွေကုန်ကြေးကျသက်သာစွာဖြင့် ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။

သတင်းစာအဟောင်းများကို အသုံးပြုပြီးနေအိမ်တွင်း အလှဆင်နည်းများ

နံရံကယ် 3D ပန်းခက်နွယ်များအသွင် အလှဆင်ခြင်း

မဂ္ဂဇင်းများမှ ရောင်စုံစာရွက်များကို အရှည်စကလေးများညှပ်ကာ ပန်းခက် ပန်း နွယ်များသဖွယ် ကော်နှင့်ကပ်ကာ ပြုလုပ်ပေးပါ။ ယင်းနောက် နံရံတွင် စူပါဂလူးကဲ့သို့ ကော် မျိုးဖြင့် ကပ်ပေးပါက ဖောင်းကြွပန်းချီတစ်မျိုး ရရှိလာမည် ဖြစ်ပါသည်။

သတင်းစာအဟောင်းများကို အသုံးပြုပြီးနေအိမ်တွင်း အလှဆင်နည်းများ

ပန်းတုများ ပြုလုပ်ခြင်း

သတင်းစာများ၊ မဂ္ဂဇင်းဟောင်းစာရွက်များဖြင့် ပန်းတုများ ပြုလုပ်နိုင်ပါသည်။ ရေမထိသည့်နေရာ၊ စိုထိုင်းမှုနည်းသည့်နေရာတွင် ထားရှိရန်ကား သတိပြုရမည် ဖြစ်သည်။

သတင်းစာအဟောင်းများကို အသုံးပြုပြီးနေအိမ်တွင်း အလှဆင်နည်းများ

 

စက်ဝိုင်းသဖွယ်အလိပ်များထပ်ကာ နှင်းဆီပန်းများအဖြစ်လည်းကောင်း၊ ဖြတ်ပိုင်းစအရှည်များ ထပ်ကာ ဂန္ဓမာပန်းများအဖြစ်လည်းကောင်း ဖန်တီးနိုင်ပါသည်။ ကော်ကိုအသုံးပြုကာ ၀ါး ချောင်းများတွင် ရစ်ပတ်ပြုလုပ်ရမည် ဖြစ်ပါသည်။

လက်ဆောင်ဘူးများကို မဂ္ဂဇင်းရောင်စုံစာရွက်ဖြတ်ပိုင်းကလေးများဖြင့် ဖဲပွင့် သဖွယ်ပုံဖော် ပေးနိုင်ပါသည်။ ပြုလုပ်ပုံအဆင့်ဆင့်ကို ပုံတွင်ကြည့်ရှုနိုင်ပါသည်။

 

သတင်းစာအဟောင်းများကို အသုံးပြုပြီးနေအိမ်တွင်း အလှဆင်နည်းများ

သတင်းစာအဟောင်းများကို အသုံးပြုပြီးနေအိမ်တွင်း အလှဆင်နည်းများ

သတင်းစာအဟောင်းများကို အသုံးပြုပြီးနေအိမ်တွင်း အလှဆင်နည်းများ

သတင်းစာအဟောင်းများကို အသုံးပြုပြီးနေအိမ်တွင်း အလှဆင်နည်းများ

သတင်းစာအဟောင်းများကို အသုံးပြုပြီးနေအိမ်တွင်း အလှဆင်နည်းများ

 

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)