1071 Views

ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ ခြံစည်းရိုးဝင်းလေး ဖန်တီး ပြင်ဆင်တတ်ဖို့….

သင့်အိမ်ရဲ့ ချစ်စရာကောင်းပြီး ထူးခြားတဲ့ ခြံစည်းရိုး၊ ဝင်းတံခါးလေး တွေကြောင့် အိမ်ရှေ့ကဖြတ်သွားတဲ့လူတိုင်းကို နောက်ပြန်လှည့်မ ကြည့်ရမနေနိုင်အောင်ကို စွဲဆောင်ထားတာ ဖြစ်ပါတယ်။

ခြံဝင်းလှ လှကလေးနဲ့ လှပပြီးစွဲဆောင်မှုရှိတဲ့ ဝင်းတံခါးခြံစည်းရိုးလေးက သင့် အိမ်ရဲ့ အလှကိုပံ့ပိုးပေးပါလိမ့်မယ်…။

ဒီလိုချစ်စရာကောင်းပြီး ထူး ခြားတဲ့ ခြံစည်းရိုးဝင်းတံခါးလေးတွေ ပြင်ဆင်အလှဆင်ပုံနည်းလမ်း ကလေးတွေ ဖော်ပြပေးလိုက်ပါတယ်…...

သစ်သားခြံစည်းရိုး၊ သံ၊ သတ္တုခြံစည်းရိုး အစရှိသဖြင့် နေအိမ်အတွက် အကာအကွယ်ပေးမယ့် ဝင်းခတ်စည်းရိုးတွေ ရှိကြပါလိမ့် မယ်။

သာမန်ခြံစည်းရိုးတွေထက် ထူးခြားဖို့ဆိုရင် ဒီဇိုင်းလေးတွေ ပုံဖော်ပေးရပါမယ်။

ပန်းချီလေးတွေ၊ ပန်းပင်၊ သစ်ပင်ပုံတွေ၊ ကနုတ်၊ ရှုခင်းပန်းချီ အစရှိသဖြင့် ပုံဆန်းဆန်းလေးတွေ ရေးဆွဲပြီး သင့်ခြံ စည်းရိုးလေးကို ဆန်းကြယ်အောင် ဖန်တီးလိုက်ပါ။

ပန်းပင်သေးသေးလေးတွေ၊ ပန်းဆိုင်း၊ ပန်းကပ် စသဖြင့် ထူးထူးခြား ခြား ပန်းပင်လေးတွေ ချိတ်ဆွဲပြီးစိုက်ပျိုးပါ။

မြေကြီးမှာ ရှင်သန်တာ မျိုးမဟုတ်ပဲ ကပ်ပါးပြီးရှင်သန်ပေါက်ရောက်တဲ့ အပင်လေးတွေကို ခြံစည်းရိုးပေါ်မှာ ပတ်ပြီး၊ ချိတ်ဆွဲပြီး စိုက်ပျိုးပါ။

ပန်းအိုးလှလှက လေးတွေ၊ ဘောင်လှလှကလေးတွေကို အသုံးပြုစိုက်ပျိုးပါ။

ရောင်စုံ ပန်းပွင့်ကလေးတွေ၊ စိမ်းစိုတဲ့ ပန်းပင်ကလေးတွေကြောင့်လည်း သင့်ခြံစည်းရိုးလေးက သဘာဝကျကျလှပနေမှာပါ။

သတ္တဝါလေးတွေ၊ ငှက်ကလေးတွေ ချစ်မြတ်နိုးတတ်တဲ့ သူတွေက လည်း ခြံစည်းရိုးလေးတွေပေါ်မှာ ချစ်စရာကောင်းတဲ့ အသိုက်အိမ် ငယ်လေးတွေ ဆောက်လုပ်ပေးလိုက်ပါ။ ရောင်စုံငှက်အိမ်ကလေး တွေကလည်း ခြံစည်းရိုးရဲ့ အလှကိုပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

အိမ်ကလေးတွေနဲ့ ခြံစည်းရိုးမှာ လာရောက်နေထိုင်ကြတဲ့ ကျေးငှက်က လေးတွေကြောင့်လည်း သင့်ခြံစည်းရိုးကလေးက သာမန်ထက် ပိုပြီးတော့ ထူးခြားနေမှာပါ။

ခြံစည်းရိုးအကာအရံအတွက် သီးသန့်ဆောက်ထားတဲ့ ခြံစည်းရိုး တွေမဟုတ်ပဲ မိမိဘာသာ စိတ်ကူးရပြီး အိမ်ရဲ့ပရိဘောဂအဟောင်း လေးတွေနဲ့လည်း ထူးခြားတဲ့စိတ်ကူးပုံဖော်လို့ ရနိုင်ပါတယ်။

ဥပမာ တံခါးချပ်အဟောင်းတွေ၊ ဘီဒိုတံခါးရွက်တွေကလည်း ခြံစည်းရိုး တွေအတွက် အကာအရံဖြစ်စေပါတယ်။

 တကယ့်ကို ခေတ်ဟောင်း ရှေးဆန်တဲ့အတွက် ခံစားမှုတစ်ခုကို ရရှိမှာဖြစ်ပါတယ်။

အိမ်တွင်းက အလှဆင်ပစ္စည်းလေးတွေ၊ ပစ္စည်းအဟောင်းလေးတွေကိုလည်း ခြံစည်းရိုးမှာ စိတ်ကူးကောင်းကောင်းလေးတွေနဲ့ ဖန်တီးပုံဖော်ပြင် ဆင်လို့ ရပါသေးတယ်။

 Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App