418 Views

အိမ်ရဲ့ ပြတင်းတံခါးတွေကို နေရာတကျ ပြင်ဆင် တည်ဆောက်တတ်စေဖို့

လေ၀င်လေထွက် ကောင်းမယ်။အလင်းရောင်ရမယ်။ ဒီလောက်ပါပဲ။ ဒါပေမဲ့ ပြတင်းတံခါးပေါက်တွေနဲ့ ပတ် သက်ပြီး ကျွန်မတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားမှု၊ စိတ်အခြေအနေကိုတောင် ပြောင်း လဲ ပေးနိုင်တယ်လို့ စိတ်ကျန်းမာရေးလေ့ လာစောင့်ကြည့်တဲ့အဖွဲ့အစည်းက မှတ် တမ်းပြုစုရေးသားဖော်ပြခဲ့ဖူးပါတယ်။

အိမ်တစ်လုံးမှာ ပြတင်းပေါက်လေးတွေ ထည့်လိုက်မယ်ဆိုရင် လေ၀င်လေထွက် ကောင်းမယ်။ အလင်းရောင်တွေရမယ်။ ပြတင်းပေါက်ကတစ်ဆင့် အိမ်ရဲ့အပြင် ဘက်က အရာတွေကိုထိတွေ့ခွင့်၊ မြင်တွေ့ ခွင့်ရမယ်။ အိမ်ထဲမှာပိတ်လှောင်မနေဘဲ ပြင်ပလောကနဲ့ ဆက်သွယ်ခွင့်ရမယ်။ ပြတင်းပေါက်ကတစ်ဆင့် စိတ်အာရုံ ခံစားမှုတွေကို ပြောင်းလဲပစ်နိုင်ပါတယ်။ ကုစားပေးနိုင်တယ်။ ဒါဆိုငွေပေးစရာ မလိုဘဲ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားမှု တွေကို ပျောက်ကင်းအောင်လုပ်ပေးနိုင်တဲ့ ပြ တင်းပေါက်လေးတွေရဲ့ ထိရောက်တဲ့ ကုစားမှုတွေပေးနိုင်တာကြောင့် ပြတင်း ပေါက်လေးတွေ ဘယ်လိုနေရာချ တည် ဆောက်မလဲဆိုတဲ့ အကြောင်းကို ရေးသား ဖော်ပြပေးလိုက်ပါတယ်။

 

အိမ်တစ်လုံးရဲ့အကောင်းဆုံးနေရာမှာ ပြတင်းတံခါး ပေါက်တွေတည်ဆောက်ပါ။
အိမ်သားတွေအတွက် အိမ်ရဲ့အ ကြိုက်ဆုံးနေရာတွေဆိုတာ ရှိကြပါတယ်။ အဲ့ဒီလို ကိုယ်ပိုင်ခံစားမှု၊ တစ်ကိုယ်ရေသုံးစွဲမှု၊ ကိုယ်ပိုင်သီး သန့်နေရာတွေမှာ စိတ်တံခါး ရော ပြင်ပတံခါးကိုပါဖွင့်နိုင်မယ့် အဓိပ်္ပာယ် တွေမျိုးစုံဖော်ဆောင်နေတဲ့ ပြတင်း တံခါးတွေ ထည့်သွင်းတည်ဆောက်ပေး လိုက်ရင် ပြီးပြည့်စုံတဲ့ ကိုယ်ပိုင်နေရာတစ်ခု ဖြစ် လာနိုင်မှာပါ။

အိမ်ရဲ့အပြင်ဘက်မြင်ကွင်း တွေကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်မယ့် ပြတင်းတံခါးအကျယ်၊ မြင်ကွင်းတွေကို ရှုမြင်နိုင်တဲ့အနေအထား၊ နောက်ပြီးဒီဇိုင်း၊ အရောင်အသွေး၊ ပြတင်းမှာတပ်ဆင်ထား တဲ့ လိုက်ကာ၊ နေကာ၊ အလှတပ်အဆင် တန်ဆာလေးတွေ လှလှပပ ထည့်သွင်းတည် ဆောက်လိုက်မယ်ဆိုရင် ကိုယ့်အိမ်ခန်းလေး မှာမြင်ရတဲ့ မြင်ကွင်းရော၊ အိမ်တွင်းအိမ်ပြင် စိတ်ခံစားမှုပိုင်းကိုရော တစ်စုံတစ်ရာကောင်း မွန်တဲ့ ခံစားမှုကို ရရှိစေနိုင်မှာပါ။ မြင်ကွင်း ကောင်းကောင်းလေးတွေ ကြည့်ရှုနိုင်မယ့် နေရာ၊ အလင်းရောင်ကောင်းကောင်း ဖြတ်သန်းဝင်ရောက်နိုင်မယ့်နေရာ၊ သီးသန့် တိတ်ဆိတ် ငြိမ်းချမ်းနေမယ့် နေရာလေးတွေ ကတော့ ပြတင်းတံခါးလေးတွေ တည်ဆောက် ဖို့ အကောင်းဆုံးနေရာတွေပဲ ဖြစ်ပါတယ်။

 

 

လုံလုံခြုံခြုံနဲ့သက်တောင့်သက်သာရှိစေ မယ့် ပြတင်းတံခါးလေးတွေ ဖြစ်လာဖို့
လုံခြုံမှုဆိုတာ နေရာတိုင်းမှာလိုအပ် ပါတယ်။ နေအိမ်ရဲ့ ပြတင်းတံခါးလေးတွေ မှာလည်း လုံလုံခြုံခြုံရှိနေရပါမယ်။ သစ် သားဒါမှမဟုတ်သံ၊ အလူမီနီယမ်၊ ဖန်ချပ် တွေနဲ့ ပြုလုပ်ထားတဲ့ ပြတင်းတံခါးတွေမှာ သံတိုင်လေးတွေ၊ သံပန်းလေးတွေထည့်သွင်း တာတို့ဆို ရင်ပိုပြီးတော့ လုံခြုံနိုင်မယ်။ နောက်ပြီး ပြတင်းတံခါးလေးတွေမှာ တပ်ဆင်အသုံးပြုမယ့် အကာအကွယ် အတွက် ပိတ်တွေ၊ ချည်သားတွေ၊ ပိုးသား တွေ၊ ပလက်စတစ်အလှဆင်လိုက်ကာလေး တွေအစား ရက်ထည်ဒီဇိုင်းမျိုးစုံ၊ ဆေးရောင် မျိုးစုံ ခန်းစီးစလေးတွေကို တပ်ဆင်အသုံး ပြုတာက ပိုပြီးတော့လှပပြီး ခန့်ညားစေပါ တယ်။

သဘာဝအလင်းရောင်ကို ကောင်းမွန် စွာရရှိနိုင်သလို လေ၀င်လေထွက်စနစ်ကို လည်း ကောင်းမွန်စေမှာဖြစ်ပါတယ်။ ချည်သားရက်ထည်တွေက အပူစုပ်ယူ နိုင်မှုနဲ့ စူးရှလွန်းတဲ့အပြင်ဘက်အလင်း ရောင်ကို ကောင်းကောင်းကာကွယ်ပေးနိုင် တဲ့အပြင် အခန်းတစ်ခုလုံးအတွက် နေ့ဘက် အခန်းအလင်းရောင်ကို ခန်းစီးက တစ်ဆင့် အပြည့်အ၀နီးပါးရရှိနိုင်ပါတယ်။ အရောင် တောက်တောက်ကြီးမဟုတ်ရင်တောင် လွင်လွင်လေးနဲ့ အရောင်ပြန်နိုင်တဲ့အရောင် လေးတွေ၊ ခရင်မ်အရောင်လေးတွေ၊ နောက်ပြီး အခုနောက်ပိုင်းခေတ်စားနေတဲ့ အလင်း ဘက်ကိုသွားတဲ့ အရောင်လေးတွေ၊ အရောင်စပ်ကလေးတွေက အခန်းရဲ့ အလင်းအားကို ပိုပြီးဖြည့်စွက်ပေး နိုင်မှာ ဖြစ်ပါတယ်။ မျက်စိခပ်ရှုပ်ရှုပ်ဖြစ်စေမယ့် ဒီဇိုင်းတွေအစား တည်ငြိမ်ပြီး မျက်စိအေး နိုင်မယ့် ဒီဇိုင်းအရောင်လေးတွေကို ရွေး ချယ်သင့်ပါတယ်။ အလင်းဘက်ကိုသွားတဲ့ အရောင်ဖျောလေးတွေကို ကြည့်လိုက်ရင် မျက်စိအေးနိုင်သလို စိတ်လည်းအေးချမ်းစေ နိုင်မှာ ဖြစ်ပါတယ်။

 

ခေတ်ပေါ်ဒီဇိုင်းအပြင်အဆင်တွေနဲ့ ပြင်ဆင်လို့ရနိုင်တဲ့ ပြတင်းတံခါးများ
ဒီကနေ့လိုခေတ်မှာ တီထွင်ဖန်တီးနိုင် မှု၊ ဆန်းသစ်နိုင်မှု အများအပြားရှိလာတာ ကြောင့် အသုံးအဆောင်ပစ်္စည်း အမျိုး အစားတစ်ခုအတွက်ဆိုရင် အမျိုးအစား ပေါင်းများစွာ၊ ဒီဇိုင်းမြောက်မြားစွာ၊ အရည်အသွေးအများအပြားကို စိတ်ကြိုက် ရွေးချယ်အသုံးပြုလို့ရနိုင်ပါတယ်။ အိမ် ရဲ့ ဒေါင်လိုက်နဲ့ အလျားလိုက် အနေအထား မျိုးစုံရှိတဲ့ ပြတင်းတံခါးပေါက်တွေမှာ တပ်ဆင်မယ့် လိုက်ကာစလေးတွေကို မော်ဒန်ဆန်ဆန်ဖန်တီးပြင်ဆင်လာကြတာ ကို တွေ့ရပါတယ်။

အခန်းတစ်ခုထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ အရင်ဆုံးမြင်ရမှာက အခန်းရဲ့ ဘေးပတ်လည်ပြတင်းတံခါး၊ တံခါးမကြီးတွေမှာ တပ်ဆင်ထားတဲ့ ခမ်းနားတဲ့ ခန်းစီးလိုက် ကာအပြင်အဆင် တွေပဲ ဖြစ်ပါတယ်။ ခန့်ညားလှပတဲ့ ခန်းစီး လိုက်ကာအပြင် အဆင်ရှိတဲ့ တံခါးမကြီး တစ်ခုနဲ့တင်ပဲ အခန်းတစ်ခုလုံးကို ပြီးပြည့်စုံ သွားစေနိုင်ပါပြီ။ အရင်ဆယ်စုနှစ်ကထက် စာရင် အိမ်ပိုင်ရှင်တွေ တော်တော်များများက ပြတင်းနဲ့ တံခါးမကြီးအပြင်အဆင်အတွက် အလှအပ ဘက်ကိုဦးစားမပေးတော့ပဲခန့် ညားမယ်။ သန့်ရှင်းမယ်။ တာရှည်ခံမယ်။ မျက်စိပသာ ဒရှိမယ်။ သဘာဝဆန်မယ်။ ဘယ်တော့မျှ ရိုးမသွားနိုင်ဘူးဆိုတဲ့ စံနှုန်း တွေအပေါ်ပဲ ဦးစားပေးပြီးရွေးချယ်ပြင် ဆင်လာကြတာကို မြင်တွေ့ရပါတယ်။ ပိုးထည်၊ ချည်ထည်၊ ရက်သားထည်တွေက ပိုပြီးတာရှည်ခံပြီး ဒီဇိုင်းအပြင်အဆင်လည်း တည်တည်ငြိမ်ငြိမ်ရှိတယ်လို့ အိမ်တွင်းအလှ ဆင်သူတွေက အကြံဉဏ်ပေးကြပါတယ်။

အိမ်ရဲ့ ဧည့်ခန်း၊ အိပ်ခန်း၊ ကိုယ်ပိုင် အခန်းတွေ တင်မဟုတ်ဘဲ စာကြည့်ခန်း၊ နားနေခန်း၊ ရေချိုးခန်း၊ မီးဖိုခန်းနဲ့ အခြား အခန်း အပိုတွေမှာလည်း လှပသပ်ရပ်တဲ့ ပြတင်းတံခါးပေါက်လေးတွေကို ထည့်သွင်း တည်ဆောက် ပြင်ဆင်လို့ရနိုင်ပါတယ်။ ခေတ်မီပြီး တီထွင်လာတဲ့ ဒီဇိုင်းအပြင် အဆင်တွေကြောင့် အိမ်ပိုင်ရှင်တွေက မိမိရဲ့အိမ်အတွက် လှပခန့်ညားတဲ့ ပြင်ဆင်မှု ဒီဇိုင်းများစွာကို စိတ်ကြိုက်ရွေးချယ်လို့ရနိုင် တာကြောင့် ပိုပြီးတော့ အဆင်ပြေစေနိုင်မှာပဲ ဖြစ်ပါတယ်။

 

 

ရွှေဝတ်မှုန်  မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)