စီးပွားဥစ္စာဓနတွေ တိုးပွားစေဖို့၊ သင့်ထံကို ငွေကြေးတွေ စီးဝင်လာစေမယ့် ဖုန်းရွှေအစီအရင်ရဲ့ နည်းလမ်းကောင်းတွေ ရှိနေပါတယ် . . .
ဖုန်းရွှေရဲ့ နည်းလမ်းတွေက မှော်ဆန် ဆန်၊ ပဉ္စလက်မျက်လှည့်ဆန်ဆန်၊ ရုတ်တ ရက်ပြောင်းလဲသွားတာမျိုး မဟုတ်ဘဲ မိမိကိုယ်တိုင်ကြိုးစားအားထုတ်မှ စွမ်းအင် ကောင်းတွေ ရရှိလာမှာ ဖြစ်ပါတယ်။
ဒါကြောင့် အခုငွေကြေးစီးဝင်မယ့် အစီအရင်အတွက် သင့်ရဲ့ကြိုးစားအား ထုတ်မှုနဲ့ အကောင်အထည်ဖော်ရမယ့် အခြေအနေတစ်ခုပါ။ ငွေတွေဝင် စီးပွားတွေတိုးတက်ကောင်းမွန်ဖို့ ဖုန်းရွှေက ချမှတ်ပေးလိုက်တဲ့ အစီအရင်နဲ့ အပြင်အဆင်တွေကို သင့်အနေနဲ့ တစ်သဝေမတိမ်း ယုံယုံကြည်ကြည်နဲ့ လုပ်ဆောင်ဖို့ လိုပါတယ်။
ဖုန်းရွှေအစီအရင်ရဲ့ ငွေကြေးချမ်းသာ ကြွယ်ဝမှုကို ညွှန်ပြပါဆိုရင် သစ်သား ဓာတ်ကို ညွှန်းပါတယ်။ သင်သိပြီးသားပါပဲ ။ သစ်သားဓာတ်ဆိုတာ မြေကြီးနဲ့ ရေတို့ရဲ့ ပေါင်းစပ်မှုကြောင့် ထုထည်သိပ် ကြီးမားပြီး အင်အားကောင်းလွန်းပါတယ်။ ဖုန်းရွှေရဲ့ နေအိမ်နဲ့ နေရာထိုင်ခင်းတွေကို ငွေဝင်ဖို့ ပြင်ဆင်တဲ့ နည်းလမ်းရှစ်မျိုး ရှိပါတယ်။
အဲဒီအစီအရင်တွေကတော့ -
၁။ ကြံ့ခိုင်သန်စွမ်းပြီး စိမ်းလန်းတဲ့ အပင်တွေ စိုက်ပျိုးထားရှိခြင်း၊ ရွှေပင် ငွေပင်လို့ ပြောလို့ ရနိုင်တဲ့အပင်တွေ စိုက်ပျိုး ပေးခြင်း။ ဖုန်းရွှေရဲ့ လာဘ်ပွင့်ကံကောင်း သစ်ဝါးပင်စိုက်ပျိုးပေးခြင်း။ လေသန့်စင် ပေးနိုင်တဲ့ သစ်ပင်များ စိုက်ပျိုးခြင်းနဲ့ အခြားအပင်တွေ စိုက်ပျိုးပေးခြင်းက ငွေကြေး လာဘ်လာဘဝင်လာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။
ပင်လယ်ပုံ ပန်ချီကားအိမ်တွင်နံရံတွင်ချိတ်ဆွဲ
၂။ ရေဓာတ်ကို ဆောင်ကြဉ်းပေးပါ။ ရေပါတဲ့ ပုံရိပ်တွေ၊ ပန်းချီကားတွေကို သင့်ရဲ့ အိမ်ခန်းနံရံတွေမှာ ချိတ်ဆွဲပေးသင့်ပါတယ်။ ဒီအစီအရင်က ဖုန်းရွှေရဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ဆိုရမှာပါပဲ။ ရေကန်တွေ၊ ရေတံခွန်တွေ၊ မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်၊ သမုဒ္ဒရာ စတဲ့ ရေနဲ့ ပတ်သက်တဲ့ ပန်းချီကားတွေ အများအပြားရှိနေတာမို့ စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။
နောက်ထပ် အလားတူနည်းလမ်းတစ်ခုကလည်း ရောင်ပြန်ပုံရိပ်ထင်စေတဲ့ မှန်တွေပါပဲ။ မှန်တစ်ချပ်ဆောင်ထားမယ်ဆိုရင်လည်း ရေဓာတ် ဆောင်ထားသလို အစွမ်းသတ္တိတွေ ရှိနေပါတယ်။
၃။ ငွေဝင်စီးပွားတက်စေဖို့ နေရာထိုင်ခင်း၊ အခင်းအကျင်းတွေ ပြင်ဆင်မှု ကို အလေးထားလုပ်ဆောင်ပါ။ ဖုန်းရွှေက နည်းပေးလိုက်တဲ့ အစီအရင်တွေရဲ့ ပြင်ဆင်မှုပုံစံ၊ တည်ဆောက်မှု ဒီဇိုင်းတွေ ဂရုစိုက်လုပ်ဆောင်ပါ။ ဆိုလိုတာက ဘာပဲလုပ်လုပ် တိကျသေချာဖို့ လိုပါတယ်။ ဥပမာ - ထောင့်မှန်စတုဂံဆိုရင် သစ်သား ဓာတ်၊ စတုရန်းပုံဆိုရင် မြေကြီးဓာတ်၊ လှိုင်းတွန့်သဏ္ဌာန်ဆိုရင် ရေဓာတ်စတဲ့ အဓိပ္ပာယ်သက်ရောက်မှုတွေနဲ့ ပုံဖော် ထားတာကြောင့်ပါ။ ဓာတ်ပုံတွေရဲ့ ကိုယ်ထည်တွေ၊ အရာဝတ္ထုထုထည်ဒီဇိုင်းတွေ၊ နံရံ ဒီဇိုင်းတွေနဲ့ တခြားပုံသဏ္ဌာန်တွေကို အတိအကျသာ လိုက်နာပြီး ပုံဖော်မယ်ဆိုရင် သင့်ထံမှန်ကန်တိကျတဲ့ ငွေကြေး စီးဝင်လာမှုတွေ ဖြစ်လာစေနိုင်မှာပါ။
၄။ တောတောင်တွေ၊ ပန်းခြံတွေ၊ စိမ်းလန်းတဲ့သစ်ပင် သစ်ရွက်တွေ၊ မြက်ခင်း စိမ်းစိမ်းစိုစိုတွေ အစရှိတဲ့ သစ်သားဓာတ် တွေက ဖုန်းရွှေ အစီအရင်ရဲ့ စွမ်းအင်ကောင်း တွေကို သယ်ဆောင်ပေးလာမှာပါ။
၅။ အရောင်ရွေးချယ်တဲ့အခါမှာလည်း အကောင်းဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်အောင် ရွေးချယ်တတ်ဖို့ လိုပါတယ်။ အစိမ်းရောင်၊ အညိုရောင်၊ အပြာရောင်၊ အနက်ရောင်၊ မြေကြီးနဲ့ အလင်းဓာတ်ကို ကိုယ်စားပြုတဲ့ အဝါရောင်စတဲ့ အရောင်တွေ ရွေးချယ်ရပါမယ်။
၆။ ပေါများခြင်း၊ ချမ်းသာကြွယ်ဝခြင်း တွေကို ကိုယ်စားပြုထားတဲ့ အရောင်တွေကို ဆောင်ကြဉ်းထားပါ။ ဓာတ်ပုံတွေ၊ ပန်းချီ ကားတွေ၊ ရုပ်တုတွေ စတာတွေဟာ ချမ်းသာကြွယ်ဝခြင်း အဓိပ္ပာယ်ဖော်ပြီး ပြုလုပ်ထားတတ်ကြပါတယ်။ တန်ဖိုးကြီး လက်ဝတ် ရတနာတွေ၊ ဇိမ်ခံပစ္စည်းအသုံးအဆောင် တွေ၊ အဖိုးထိုက်တန်တဲ့အရာတွေကို ပုံဖော်ထားတဲ့ ပန်းချီကားတွေ၊ ပုံရိပ်တွေကို မိမိနေထိုင်ရာ ပတ်ဝန်းကျင်မှာ ထားရှိပေးခြင်းအားဖြင့် ချမ်းသာခြင်းကို ရရှိစေနိုင်ပါတယ်။
၇။ တရုတ်ရိုးရာ ဖုန်းရွှေရဲ့ ရှေးကျ တဲ့ တချို့အစီအရင်ကောင်းတွေကလည်း တကယ့်ကို အစွမ်းထက်တဲ့ အစီအရင်တွေလို့ မှတ်ယူထားရပါမယ်။
ဖုန်းရွှေရဲ့ ငါးအလှမွေးကန်၊ တရုတ်ငွေဒင်္ဂါး၊ ချမ်းသာခြင်း ငွေအိုး၊ တရုတ်ရိုးရာ ရတနာလှေ၊ ရယ်မော နေတဲ့ ဦးတီပွား စတာတွေက ရိုးရာ အဆောင်အယောင်အဟောင်းတွေ ဖြစ်ပေမယ့် ဒီကနေ့တိုင် အကျိုးထိရောက်မှု ရှိနေပါတယ်။
၈။ လန်းဆန်းပြီး စိတ်ကြည်လင်စေတဲ့ နေရာ။ တက်ကြွပြီး ကြည်နူးပျော်ရွှင်စရာ ကောင်းတဲ့နေရာ ဖြစ်စေဖို့အတွက် ဖန်တီး ပြင်ဆင်မယ်ဆိုရင် စိမ်းစိမ်းစိုစိုသစ်ပင်တွေ စိုက်ထားမယ်။ လေကောင်းလေသန့် ရရှိအောင် ဖန်တီးထားမယ်။
ချစ်စရာကောင်းပြီး ကြည်နူးဖို့ကောင်းတဲ့ ပန်းပွင့်လေးတွေ ထိုးစိုက်ထားမယ်။နွေးထွေးတဲ့ ခံစားမှုလေးရဖို့အတွက် လှပတဲ့ ဖယောင်းတိုင်လေးတွေ ထွန်းထားမယ်။ နောက်ပြီး ရွှင်ပြမြူးတူးပျော်ရွှင်စေဖို့ တေးဂီတသံစဉ်လေးတွေ ဖွင့်ထားမယ်ဆိုရင် သင့်ဆီကို ငွေတွေစီးဝင်လာခြင်းနဲ့အတူ ချမ်းသာကြွယ်ဝခြင်းတွေ အလုံးအရင်းနဲ့ ဝင်ရောက် လာမှာ ဖြစ်ပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com