608 Views

ဖုန်းရွှေဖြင့် ရုံးခန်းနေရာကောင်း ဖွဲ့စည်းပြင်ဆင်နိုင်မည့် နည်းလမ်းကောင်းများ

 

[Unicode]



လုပ်ငန်းခွင်ဆိုတာ ဝန်ထမ်းတွေအတွက် ဒုတိယအိမ်ပါပဲ။ တော်တော်များများက တစ်နေ့တာရဲ့ အချိန်အများစုကို လုပ်ငန်းခွင်၊ ရုံးခန်းတွေမှာ အချိန်ကုန်ဆုံးတတ်ကြတာကြောင့် ဖြစ်ပါတယ်။ အလုပ်လုပ်ကိုင်တဲ့နေရာ၊ ရုံးခန်းတွေရဲ့ ဒီဇိုင်းဖန်တီးပြင်ဆင်မှုတွေက သင့်ရဲ့ အာရုံစူးစိုက်မှုနဲ့ စိတ်အားထက်သန်မှုတွေ၊ အကောင်းဆုံး ခံစားချက်တွေကို ဖန်တီးပေးနိုင်ရမှာဖြစ်ပါတယ်။ တချို့ မှားယွင်းတဲ့ ပြင်ဆင်ဖွဲ့စည်းမှုတွေကြောင့် လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ၊ ဆက်ဆံရေးပျက်စီးခြင်းတွေ၊ အခက်အခဲတွေ ဖြစ်စေပါတယ်။

 

 

ဖုန်းရွှေဖြင့် ရုံးခန်းနေရာကောင်း ဖွဲ့စည်းပြင်ဆင်နိုင်မည့် နည်းလမ်းကောင်းများ

 

ဖုန်းရွှေအစီအရင်ဟာ အခန်းရဲ့ အပြင်အဆင်၊ အရောင်၊ တည်နေရာဒီဇိုင်းစီမံခန့်ခွဲမှုတွေနဲ့ အပြုသဘောဆောင်တဲ့ အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးမယ့် လမ်းညွှန်ချက်တွေကို ဖော်ပြပေးထားပါတယ်။ ဒီအတွက်ကြောင့် ရှေးဟောင်း တရုတ်ရိုးရာ ဖုန်းရွှေအစီအရင်ကို လိုက်နာပြီး ကောင်းမွန်တဲ့ ရုံးခန်းဖွဲ့စည်းပုံ အပြင်အဆင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

 

ရုံးမှာရှိတဲ့ အမှိုက်တွေသရိုက်နဲ့ အရှုပ်တွေမလိုအပ်တဲ့အရာတွေကို ရှင်းပစ်ပါ

 

ရှုပ်ပွပေရေခြင်းမရှိဘဲ သန့်ရှင်းသပ်ရပ်တဲ့ အလုပ်ရုံးခန်းနေရာဟာ သင့်ရဲ့ဝန်ထမ်းတွေ အလုပ်အပေါ် အာရုံစိုက်လုပ်ကိုင်နိုင်ဖို့ အများကြီးအကူအညီပေးနိုင်ပါတယ်။ ရုံးတွင်းမှာ အသုံးပြုတဲ့ စာရွက်စာတမ်း ဟောင်းတွေ၊ ရုံးသုံးပစ္စည်းတွေနဲ့ တခြားအသုံးမလိုတဲ့ ပစ္စည်းတွေကို ရှင်းလင်းဖယ်ရှားပစ်ပါ။

 

 

ဖုန်းရွှေဖြင့် ရုံးခန်းနေရာကောင်း ဖွဲ့စည်းပြင်ဆင်နိုင်မည့် နည်းလမ်းကောင်းများ

 

နောက်ပြီး ရုံးခန်းသန့် ရှင်းရေးအတွက် ချောင်ကြိုချောင်ကြားမှာ ရှိနေတဲ့ အမှိုက်သရိုက်နဲ့ အညစ်အကြေးတွေကိုလည်း သန့်ရှင်း ဖို့လိုအပ်ပါတယ်။ အလုပ်စားပွဲ ၊ ကွန်ပြူတာနဲ့ အံဆွဲတွေ၊ နံရံတွေမှာ မျက်စိရှုပ်စရာတွေ ရှင်းလင်းဖို့ မမေ့ပါနဲ့။

 

 

ဖုန်းရွှေဖြင့် ရုံးခန်းနေရာကောင်း ဖွဲ့စည်းပြင်ဆင်နိုင်မည့် နည်းလမ်းကောင်းများ

 

ဒါကလည်း လုပ်ငန်းခွင် ရုံးခန်းအတွင်းမှာရော ဝန်ထမ်းတွေအတွက် စိတ်ပိုင်းဆိုင်ရာ အာရုံခံစားမှုအတွက်ပါ ကောင်းမွန်တဲ့ စွမ်းအင်တွေ ဖိတ်ခေါ်ဝင်ရောက်လာနိုင်မှာ ဖြစ်လို့ပါ။

 


ဖုန်းရွှေနည်းလမ်းနဲ့ ရုံးခန်းအပြင်အဆင်ကို ရွေးချယ်ပါ

ဖုန်းရွှေနည်းလမ်းက အကြံပြုတဲ့ ရုံးခန်းအပြင်အဆင် သော့ချက်ဟာ ရုံးစားပွဲတည်နေရာပဲဖြစ်ပါတယ်။ စားပွဲမှာ ထိုင်တဲ့ အခါ တံခါးကို တိုက်ရိုက်မြင်နေရဖို့ လိုအပ်ပါတယ်။

 

ဖုန်းရွှေဖြင့် ရုံးခန်းနေရာကောင်း ဖွဲ့စည်းပြင်ဆင်နိုင်မည့် နည်းလမ်းကောင်းများ

 

စံပြဖြစ်တဲ့ စားပွဲနေရာချထားမှုဟာ အခန်းရဲ့ အလယ်ဗဟိုမှာရှိပြီး ဒါမှသာ ပတ်ဝန်းကျင်တစ်ခုလုံးကို ကောင်းမွန်တဲ့ စွမ်းအင်တွေ စီးဆင်းစေဖို့ ခွင့်ပြုပေးမှာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့မှ အဆင်မပြေပါက သင့်ရဲ့ စားပွဲခုံက မျက်နှာစာ လျှောက်လမ်း တံခါးဝကို ပိတ်ပြီး နောက်ကျောမပေးထားဖို့ လိုပါတယ်။

 


ရုံးခန်းမှာ သဘာဝဖြစ်တည်မှုနဲ့ ပေါင်းစပ်ပါ

 

စိတ်ဖိစီးမှုတွေ မရှိဘဲ ကောင်းမွန်စွာ အာရုံစိုက်နိုင်ခြင်း၊ အသက်ရှင်သန်ခြင်း နဲ့ စီးဆင်းနေတဲ့ သဘောသဘာဝကိုရဖို့ ရုံးခန်းမှာ သဘာဝနဲ့ ပေါင်းစပ်ပါလို့ ဖုန်းရွှေပညာရှင်တွေက သတိပေးထားပါတယ်။

 

 

ဖုန်းရွှေဖြင့် ရုံးခန်းနေရာကောင်း ဖွဲ့စည်းပြင်ဆင်နိုင်မည့် နည်းလမ်းကောင်းများ

 

အပင်တွေ ဒါမှမဟုတ် သဘာဝရှုခင်းပုံတွေ ရုံးခန်းမှာ ထားရှိခြင်းဖြင့် သဘာဝရဲ့အေးမြတဲ့ အကျိုးသက်ရောက်မှုကို ပေးမှာဖြစ်ပါတယ်။ အလုပ်စားပွဲတွေရဲ့ နောက်ဘက်မှာ တောင်တန်းပုံတွေ ချိတ်ဆွဲပါ။

တောင်က စွမ်းအင်အရင်းမြစ်ကို ထောက်ပံ့ပေးပြီး ခိုင်မြဲခြင်းကို ဖြစ်အောင် ကူညီပေးတတ်ပါတယ်။ ဒါ့အပြင် အပြင်ဘက်မြင်ကွင်းကောင်းကောင်း မြင်တွေ့ရတဲ့ ပြတင်းပေါက်တွေ ရှိခြင်းကလည်း တစ်နေ့တာလုံး စိတ်အားတက်ကြွအောင် ကူညီပေးနိုင်ပါတယ်။

 


မီးဓာတ်ပါတဲ့ ဒြပ်စင်တွေ၊ မီးဓာတ်ဆောင်တဲ့အရာတွေကို ရှောင်ပါ

 

ဖုန်းရွှေနည်းလမ်းမှာ ဓာတ်သဘောသဘာဝ ဟန်ချက်ညီစေဖို့ မြေကြီး၊ သတ္တု၊ ရေ၊ သစ်နဲ့ မီးတို့ကို အသုံးပြုပါတယ်။ ဒြပ်စင်တစ်ခုစီတိုင်းမှာ စွမ်းအင်အမျိုးအစားတစ်ခုကို ယူဆောင်လာပြီး ပစ္စည်းအမျိုးမျိုး၊ အရောင်တွေနဲ့ အရာဝတ္တုတွေနဲ့ ကိုယ်စားပြုနိုင်ပါတယ်။

 

ဖုန်းရွှေဖြင့် ရုံးခန်းနေရာကောင်း ဖွဲ့စည်းပြင်ဆင်နိုင်မည့် နည်းလမ်းကောင်းများ

 

မီးဓာတ်ပါတဲ့ အရာတွေကတော့ စွမ်းအင်ကို လောင်ကျွမ်းစေနိုင်ပြီး တင်းမာမှုတွေ ဖြစ်စေနိုင်လို့ ရုံးခန်းမှာ မထားရှိဖို့ အကြံပြုထားပါတယ်။ အလုပ်ခွင်မှာ ဖယောင်းတိုင်ထွန်းခြင်း၊ အနီရောင်တွေနဲ့ အလှဆင်ခြင်းတွေ ရှောင်ကြဉ်ပါ။ မီးဓာတ်စွမ်းအင်သဘောအရ လုပ်ငန်းခွင်နေရာတွေမှာ ကမောက်ကမဖြစ်ခြင်းနဲ့ ဗရမ်းဗတာဖြစ်ခြင်းတွေ ဖန်တီးနိုင်လို့ သတိထားသင့်ပါတယ်။

 


ရေဓာတ်နဲ့ သတ္တုဓာတ်ကို လုပ်ငန်းခွင် ရုံးခန်းတွင်းထားရှိနိုင်ပါတယ်။

ရေနဲ့ သတ္တုဓာတ်တွေဟာ ဖုန်းရွှေနည်းလမ်းအကြံပြုချက်အရ ရုံးခန်းတွေမှာ ထားရှိဖို့ ပိုမိုသင့်လျော်ပါတယ်။ ပေါကြွယ်ဝခြင်းရဲ့ သင်္ကေတတစ်ခုလို့ ယူဆရတဲ့ ရေဓာတ်ဟာ လုပ်ငန်းခွင်ထဲ စီးဆင်းစေကာ ငြိမ်းချမ်းခြင်းနဲ့ အေးချမ်းခြင်းတွေကိုလည်း ဆောင်ယူပါတယ်။ သတ္တုဓာတ်ဟာလည်း ပြတ်သားမှုနဲ့ တိကျမှုကို အားပေးပါတယ်။

 

 

ဖုန်းရွှေဖြင့် ရုံးခန်းနေရာကောင်း ဖွဲ့စည်းပြင်ဆင်နိုင်မည့် နည်းလမ်းကောင်းများ

 

ကွန်ပြူတာ ဖန်သားပြင်မှာ သေးငယ်တဲ့ စမ်းချောင်း၊ ရေတွင်းပုံလေးတွေ ထားရှိခြင်း၊ သတ္တုဓာတ်ဆောင်တဲ့ အရုပ်လေးတွေ၊ အလှဆင်ပစ္စည်းလေးတွေ၊ အဆောင်ပန်းချီ ကားချပ်လေးတွေကို ထားရှိခြင်းဖြင့် တိကျသေချာခြင်း၊ ပြတ်သားခြင်းတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုံးခန်းကို အပြာရောင်၊ မီးခိုးရောင်၊ အဖြူရောင်တို့နဲ့ အလှဆင်ခြင်းဖြင့်လည်း ရေနဲ့ သတ္တုဓာတ်ကို ဆောင်နိုင်ပါတယ်။

 

ဖုန်းရွှေဖြင့် ရုံးခန်းနေရာကောင်း ဖွဲ့စည်းပြင်ဆင်နိုင်မည့် နည်းလမ်းကောင်းများ

 

အခုဖော်ပြပေးတဲ့ နည်းလမ်းလေးတွေကတော့ ဖုန်းရွှေအစီအရင်ရဲ့ အကြံပြုချက်တွေကို လိုက်နာပြီး လုပ်ငန်းခွင်အတွင်း ရုံးခန်းဖွဲ့စည်းပုံ၊ အလုပ်ခန်း ဖန်တီးပြင်ဆင်ပုံတွေပဲ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ဖုန်းရွှေရဲ့ အကြံပြုချက်တွေယူပြီး အလုပ်နဲ့ ရုံးခန်းနေရာမှာ ကောင်းမွန်တဲ့စွမ်းအင်တွေ ဖိတ်ခေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

ဖုန္းေ႐ႊျဖင့္ ႐ုံးခန္းေနရာေကာင္း ဖြဲ႕စည္းျပင္ဆင္ႏိုင္မည့္ နည္းလမ္းေကာင္းမ်ား

 

လုပ္ငန္းခြင္ဆိုတာ ဝန္ထမ္းေတြအတြက္ ဒုတိယအိမ္ပါပဲ။ ေတာ္ေတာ္မ်ားမ်ားက တစ္ေန႔တာရဲ႕ အခ်ိန္အမ်ားစုကို လုပ္ငန္းခြင္၊ ႐ုံးခန္းေတြမွာ အခ်ိန္ကုန္ဆုံးတတ္ၾကတာေၾကာင့္ ျဖစ္ပါတယ္။ အလုပ္လုပ္ကိုင္တဲ့ေနရာ၊ ႐ုံးခန္းေတြရဲ႕ ဒီဇိုင္းဖန္တီးျပင္ဆင္မႈေတြက သင့္ရဲ႕ အာ႐ုံစူးစိုက္မႈနဲ႔ စိတ္အားထက္သန္မႈေတြ၊ အေကာင္းဆုံး ခံစားခ်က္ေတြကို ဖန္တီးေပးႏိုင္ရမွာျဖစ္ပါတယ္။ တခ်ိဳ႕ မွားယြင္းတဲ့ ျပင္ဆင္ဖြဲ႕စည္းမႈေတြေၾကာင့္ လုပ္ငန္းခြင္မွာ အဆင္မေျပမႈေတြ၊ ဆက္ဆံေရးပ်က္စီးျခင္းေတြ၊ အခက္အခဲေတြ ျဖစ္ေစပါတယ္။ ဖုန္းေ႐ႊအစီအရင္ဟာ အခန္းရဲ႕ အျပင္အဆင္၊ အေရာင္၊ တည္ေနရာဒီဇိုင္းစီမံခန္႔ခြဲမႈေတြနဲ႔ အျပဳသေဘာေဆာင္တဲ့ အာ႐ုံခံႏိုင္စြမ္းကို ျမႇင့္တင္ေပးမယ့္ လမ္းၫႊန္ခ်က္ေတြကို ေဖာ္ျပေပးထားပါတယ္။ ဒီအတြက္ေၾကာင့္ ေ႐ွးေဟာင္း တ႐ုတ္႐ိုးရာ ဖုန္းေ႐ႊအစီအရင္ကို လိုက္နာၿပီး ေကာင္းမြန္တဲ့ ႐ုံးခန္းဖြဲ႕စည္းပုံ အျပင္အဆင္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

႐ုံးမွာ႐ွိတဲ့ အမိႈက္ေတြသ႐ိုက္နဲ႔ အ႐ႈပ္ေတြမလိုအပ္တဲ့အရာေတြကို ႐ွင္းပစ္ပါ

႐ႈပ္ပြေပေရျခင္းမ႐ွိဘဲ သန္႔႐ွင္းသပ္ရပ္တဲ့ အလုပ္႐ုံးခန္းေနရာဟာ သင့္ရဲ႕ဝန္ထမ္းေတြ အလုပ္အေပၚ အာ႐ုံစိုက္လုပ္ကိုင္ႏိုင္ဖို႔ အမ်ားႀကီးအကူအညီေပးႏိုင္ပါတယ္။ ႐ုံးတြင္းမွာ အသုံးျပဳတဲ့ စာ႐ြက္စာတမ္း ေဟာင္းေတြ၊ ႐ုံးသုံးပစၥည္းေတြနဲ႔ တျခားအသုံးမလိုတဲ့ ပစၥည္းေတြကို ႐ွင္းလင္းဖယ္႐ွားပစ္ပါ။ ေနာက္ၿပီး ႐ုံးခန္းသန္႔ ႐ွင္းေရးအတြက္ ေခ်ာင္ႀကိဳေခ်ာင္ၾကားမွာ ႐ွိေနတဲ့ အမိႈက္သ႐ိုက္နဲ႔ အညစ္အေၾကးေတြကိုလည္း သန္႔႐ွင္း ဖို႔လိုအပ္ပါတယ္။ အလုပ္စားပြဲ ၊ ကြန္ျပဴတာနဲ႔ အံဆြဲေတြ၊ နံရံေတြမွာ မ်က္စိ႐ႈပ္စရာေတြ ႐ွင္းလင္းဖို႔ မေမ့ပါနဲ႔။ ဒါကလည္း လုပ္ငန္းခြင္ ႐ုံးခန္းအတြင္းမွာေရာ ဝန္ထမ္းေတြအတြက္ စိတ္ပိုင္းဆိုင္ရာ အာ႐ုံခံစားမႈအတြက္ပါ ေကာင္းမြန္တဲ့ စြမ္းအင္ေတြ ဖိတ္ေခၚဝင္ေရာက္လာႏိုင္မွာ ျဖစ္လို႔ပါ။


ဖုန္းေ႐ႊနည္းလမ္းနဲ႔ ႐ုံးခန္းအျပင္အဆင္ကို ေ႐ြးခ်ယ္ပါ

ဖုန္းေ႐ႊနည္းလမ္းက အၾကံျပဳတဲ့ ႐ုံးခန္းအျပင္အဆင္ ေသာ့ခ်က္ဟာ ႐ုံးစားပြဲတည္ေနရာပဲျဖစ္ပါတယ္။ စားပြဲမွာ ထိုင္တဲ့ အခါ တံခါးကို တိုက္႐ိုက္ျမင္ေနရဖို႔ လိုအပ္ပါတယ္။ စံျပျဖစ္တဲ့ စားပြဲေနရာခ်ထားမႈဟာ အခန္းရဲ႕ အလယ္ဗဟိုမွာ႐ွိၿပီး ဒါမွသာ ပတ္ဝန္းက်င္တစ္ခုလုံးကို ေကာင္းမြန္တဲ့ စြမ္းအင္ေတြ စီးဆင္းေစဖို႔ ခြင့္ျပဳေပးမွာျဖစ္ပါတယ္။ ဒီလိုနည္းလမ္းနဲ႔မွ အဆင္မေျပပါက သင့္ရဲ႕ စားပြဲခုံက မ်က္ႏွာစာ ေလွ်ာက္လမ္း တံခါးဝကို ပိတ္ၿပီး ေနာက္ေက်ာမေပးထားဖို႔ လိုပါတယ္။


႐ုံးခန္းမွာ သဘာဝျဖစ္တည္မႈနဲ႔ ေပါင္းစပ္ပါ

စိတ္ဖိစီးမႈေတြ မ႐ွိဘဲ ေကာင္းမြန္စြာ အာ႐ုံစိုက္ႏိုင္ျခင္း၊ အသက္႐ွင္သန္ျခင္း နဲ႔ စီးဆင္းေနတဲ့ သေဘာသဘာဝကိုရဖို႔ ႐ုံးခန္းမွာ သဘာဝနဲ႔ ေပါင္းစပ္ပါလို႔ ဖုန္းေ႐ႊပညာ႐ွင္ေတြက သတိေပးထားပါတယ္။ အပင္ေတြ ဒါမွမဟုတ္ သဘာဝ႐ႈခင္းပုံေတြ ႐ုံးခန္းမွာ ထား႐ွိျခင္းျဖင့္ သဘာဝရဲ႕ေအးျမတဲ့ အက်ိဳးသက္ေရာက္မႈကို ေပးမွာျဖစ္ပါတယ္။ အလုပ္စားပြဲေတြရဲ႕ ေနာက္ဘက္မွာ ေတာင္တန္းပုံေတြ ခ်ိတ္ဆြဲပါ။ ေတာင္က စြမ္းအင္အရင္းျမစ္ကို ေထာက္ပံ့ေပးၿပီး ခိုင္ၿမဲျခင္းကို ျဖစ္ေအာင္ ကူညီေပးတတ္ပါတယ္။ ဒါ့အျပင္ အျပင္ဘက္ျမင္ကြင္းေကာင္းေကင္း ျမင္ေတြ႕ရတဲ့ ျပတင္းေပါက္ေတြ ႐ွိျခင္းကလည္း တစ္ေန႔တာလုံး စိတ္အားတက္ႂကြေအာင္ ကူညီေပးႏိုင္ပါတယ္။

 


မီးဓာတ္ပါတဲ့ ျဒပ္စင္ေတြ၊ မီးဓာတ္ေဆာင္တဲ့အရာေတြကို ေ႐ွာင္ပါ

ဖုန္းေ႐ႊနည္းလမ္းမွာ ဓာတ္သေဘာသဘာဝ ဟန္ခ်က္ညီေစဖို႔ ေျမႀကီး၊ သတၱဳ၊ ေရ၊ သစ္နဲ႔ မီးတို႔ကို အသုံးျပဳပါတယ္။ ျဒပ္စင္တစ္ခုစီတိုင္းမွာ စြမ္းအင္အမ်ိဳးအစားတစ္ခုကို ယူေဆာင္လာၿပီး ပစၥည္းအမ်ိဳးမ်ိဳး၊ အေရာင္ေတြနဲ႔ အရာဝတၱဳေတြနဲ႔ ကိုယ္စားျပဳႏိုင္ပါတယ္။ မီးဓာတ္ပါတဲ့ အရာေတြကေတာ့ စြမ္းအင္ကို ေလာင္ကြၽမ္းေစႏိုင္ၿပီး တင္းမာမႈေတြ ျဖစ္ေစႏိုင္လို႔ ႐ုံးခန္းမွာ မထား႐ွိဖို႔ အၾကံျပဳထားပါတယ္။ အလုပ္ခြင္မွာ ဖေယာင္းတိုင္ထြန္းျခင္း၊ အနီေရာင္ေတြနဲ႔ အလွဆင္ျခင္းေတြ ေ႐ွာင္ၾကဥ္ပါ။ မီးဓာတ္စြမ္းအင္သေဘာအရ လုပ္ငန္းခြင္ေနရာေတြမွာ ကေမာက္ကမျဖစ္ျခင္းနဲ႔ ဗရမ္းဗတာျဖစ္ျခင္းေတြ ဖန္တီးႏိုင္လို႔ သတိထားသင့္ပါတယ္။
ေရဓာတ္နဲ႔ သတၱဳဓာတ္ကို လုပ္ငန္းခြင္ ႐ုံးခန္းတြင္းထား႐ွိႏိုင္ပါတယ္။

ေရနဲ႔ သတၱဳဓာတ္ေတြဟာ ဖုန္းေ႐ႊနည္းလမ္းအၾကံျပဳခ်က္အရ ႐ုံးခန္းေတြမွာ ထား႐ွိဖို႔ ပိုမိုသင့္ေလ်ာ္ပါတယ္။ ေပါႂကြယ္ဝျခင္းရဲ႕ သေကၤတတစ္ခုလို႔ ယူဆရတဲ့ ေရဓာတ္ဟာ လုပ္ငန္းခြင္ထဲ စီးဆင္းေစကာ ၿငိမ္းခ်မ္းျခင္းနဲ႔ ေအးခ်မ္းျခင္းေတြကိုလည္း ေဆာင္ယူပါတယ္။ သတၱဳဓာတ္ဟာလည္း ျပတ္သားမႈနဲ႔ တိက်မႈကို အားေပးပါတယ္။ ကြန္ျပဴတာ ဖန္သားျပင္မွာ ေသးငယ္တဲ့ စမ္းေခ်ာင္း၊ ေရတြင္းပုံေလးေတြ ထား႐ွိျခင္း၊ သတၱဳဓာတ္ေဆာင္တဲ့ အ႐ုပ္ေလးေတြ၊ အလွဆင္ပစၥည္းေလးေတြ၊ အေဆာင္ပန္းခ်ီ ကားခ်ပ္ေလးေတြကို ထား႐ွိျခင္းျဖင့္ တိက်ေသခ်ာျခင္း၊ ျပတ္သားျခင္းေတြကို ဖန္တီးႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ႐ုံးခန္းကို အျပာေရာင္၊ မီးခိုးေရာင္၊ အျဖဴေရာင္တို႔နဲ႔ အလွဆင္ျခင္းျဖင့္လည္း ေရနဲ႔ သတၱဳဓာတ္ကို ေဆာင္ႏိုင္ပါတယ္။

အခုေဖာ္ျပေပးတဲ့ နည္းလမ္းေလးေတြကေတာ့ ဖုန္းေ႐ႊအစီအရင္ရဲ႕ အၾကံျပဳခ်က္ေတြကို လိုက္နာၿပီး လုပ္ငန္းခြင္အတြင္း ႐ုံးခန္းဖြဲ႕စည္းပုံ၊ အလုပ္ခန္း ဖန္တီးျပင္ဆင္ပုံေတြပဲ ျဖစ္ပါတယ္။ ဒီေလာက္ဆိုရင္ ဖုန္းေ႐ႊရဲ႕ အၾကံျပဳခ်က္ေတြယူၿပီး အလုပ္နဲ႔ ႐ုံးခန္းေနရာမွာ ေကာင္းမြန္တဲ့စြမ္းအင္ေတြ ဖိတ္ေခၚႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

 


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App