[Unicode]
ဖုန်းရွှေပညာရပ်မှာ အဆင့်အမျိုးမျိုးရှိတာကြောင့် အိပ်ခန်းဖုန်းရွှေပညာမှာလည်း အဆင့်အမျိုးမျိုးရှိပါပဲ။ ၁- သင့်အိပ်ရာကို ဘေးနှစ်ဖက်စလုံးကနေ ဝင်လို့ရပါစေ၊ ၂- အိပ်ရာဘေးဘက်နှစ်ခုစလုံးမှာ စားပွဲငယ်လေးတွေ ထားရှိပါ၊ ၃- အိပ်ရာကို တံခါးပေါက်နဲ့ တစ်ပြေးတည်းတစ်ဖြောင့်တည်းမဖြစ်ပါစေနဲ့။ အခုဖော်ပြပေးခဲ့တာတွေကတော့ သင့်အနေနဲ့ ချက်ချင်းအကောင်အထည်ဖော်နိုင်တဲ့အနိမ့်ဆုံးအဆင့် အခြေခံဖုန်းရွှေအချက်လေးတွေပဲဖြစ်ပါတယ်။
အိပ်ခန်းဖုန်းရွှေဟာ သင့်အိပ်ခန်းထဲမှာ ဟန်ချက်ညီမှုနဲ့ ပျော်ရွှင်မှုကို ရရှိစေဖို့ အတွင်းပိုင်းဒီဇိုင်းကို အသုံးပြုခြင်းအပေါ် ဗဟိုပြုထားပါတယ်။ အခုဆောင်းပါးမှာ ဖော်ပြပေးသွားမယ့် ဖုန်းရွှေအကြံပြုချက်တွေက သင့်ကို ဖုန်းရွှေအကြောင်း နားလည်သဘောပေါက်စေဖို့ ကူညီပေးပြီး အိပ်ရေးဝစေဖို့ သင့်အိပ်ခန်းထဲမှာ ဖုန်းရွှေကို ဘယ်လိုအကောင်အထည်ဖော်အသုံးချရမယ်ဆိုတာကို လက်တွေ့အကြံပြုသွားမှာပဲဖြစ်ပါတယ်။
၁။ သင့်အိပ်ရာကို အလယ်မှာ နေရာချပါ
အိပ်ခန်းဖုန်းရွှေမှာ သင့်အိပ်ရာကို ဦးစားပေးနေရာမှာ ထားရှိသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်ရာဆိုတာ အိပ်ခန်းမှာ အရေးကြီးဆုံးပစ္စည်းဖြစ်သလို သင့်အချိန်အများစုကို သုံးစွဲမယ့်နေရာလည်းဖြစ်တာကြောင့် ဖြစ်ပါတယ်။ သင့်အိပ်ရာကို နေရာချရန်အကောင်းဆုံးနေရာကတော့ တံခါးပေါက်နဲ့ ထောင့်ဖြတ် အနေအထားပဲဖြစ်ပါတယ်။ ဒါမှသာ အိပ်ရာထဲကနေ တံခါးပေါက်ဆီ မြင်ရမှာဖြစ်သလို တိုက်ရိုက်ကြီးလည်း မဖြစ်တော့ပါဘူး။
၂။ ကြီးမားကျယ်ပြန့်သော အိပ်ရာဖြင့် အိပ်စက်ပါ
ဖုန်းရွှေဆိုတာ လူသားတွေနဲ့ သူတို့အချိန်ကုန်ဆုံးရာနေရာအဝန်းအဝိုင်းတွေရဲ့ အပြန်အလှန်တုံ့ပြန်အကျိုးပြုမှုအကြောင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ပါတယ်။ အိပ်ခန်းဆိုတာ ကျွန်ုပ်တို့အိပ်စက်ရာဝန်းကျင်ရဲ့ အစိတ်အပိုင်းကြီးတစ်ခုဖြစ်တာကြောင့် အိပ်ခန်းထဲကို ဖုန်းရွှေပေါင်းစပ်ထည့်သွင်းခြင်းက ပိုပြီးတော့ ဟန်ချက်ညီတဲ့ ဘဝ ရရှိစေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ အကယ်၍ သင့်အိပ်ခန်းက လုံလုံလောက်လောက်ကျယ်တယ်ဆိုရင် အတော်လေးကြီးတဲ့ အိပ်ရာ၊ ခုတင်၊ မွေ့ရာက အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့က ကျွန်ုပ်တို့ကို ပင်ပန်းစရာတွေ၊ အနှောင့်အယှက်တွေကနေ အနားရစေမယ့် အကျယ်ဆုံးနေရာကို ပေးလို့ပဲဖြစ်ပါတယ်။
၃။ သင့်အိပ်ရာမှ မှန်ထဲသို့ လှမ်းမြင်ရခြင်းမျိုး ရှောင်ရှားပါ
ကြည့်မှန်တွေဟာ အခန်းငယ်ကို ပိုကြီးသွားသယောင်ဖြစ်စေပေမဲ့လည်း အိပ်ခန်းဖုန်းရွှေကို အကောင်အထည်ဖော်တဲ့အခါမှာတော့ ကြည့်မှန်ထားရှိမှုက ခက်ခဲနိုင်ပါတယ်။ အရေးကြီးဆုံးကတော့ မှန်တွေကို အိပ်ရာ/ခုတင်နဲ့ တစ်ပြေးတည်းတစ်ဖြောင့်တည်း မဖြစ်စေဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ယင်းက သင့်မြင်ကွင်းထဲကို စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပိုမိုဆောင်ကြဉ်းပေးနိုင်ခြေရှိလို့ပဲဖြစ်ပါတယ်။ ဒီလိုဆိုလို့ ကြည့်မှန်တွေက အိပ်ခန်းဖုန်းရွှေအတွက် မကောင်းဘူးလို့ မဆိုလိုပါ။ သင့်အိပ်ရာထဲကနေ မှန်ကို လှမ်းကြည့်လိုက်ရင် သင့်ကိုသင်မမြင်ရတဲ့ အနေအထားဖြစ်စေဖို့သာ ကြိုးစားပါ။ ဟန်ချက်ကောင်းကောင်းညီစေဖို့အတွက် မှန်ကို မြင့်မြင့်မှာထားဖို့လည်း ကြိုးစားပါ။ ကြည့်မှန်ချပ်တွေကို အလင်းရတဲ့ပြတင်းနဲ့ မျက်နှာချင်းဆိုင်ထားရှိခြင်းကလည်း သင့်အခန်းထဲအလင်းရောင်ပိုရသယောင်ဖြစ်စေဖို့လည်း ကူညီပေးပါလိမ့်မယ်။
၄။ လေစီးဆင်းမှုအား ယင်းလိပ်များ၏ အကူအညီဖြင့် အားကောင်းစေပါ
သဘာဝတရားက ဖုန်းရွှေအိပ်ခန်းတစ်ခန်းမှာ အဓိကပါဝင်တဲ့အရာတစ်ခုဖြစ်ကာ သဘာဝလောကနဲ့ ပေါင်းစပ်ဖို့ လွယ်ကူတဲ့နည်းလမ်းတစ်ခုကတော့ လေစီးဆင်းမှုကို အားကောင်းစေဖို့ပဲဖြစ်ပါတယ်။ ယင်းက သင့်အိပ်ခန်းကို လတ်ဆတ်သန့်ရှင်းနေစေရုံသာမက ပိုပြီးတော့လည်း ကောင်းကောင်းအိပ်စက်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။
၅။ လျှပ်စစ်ပစ္စည်းများနှင့် စကရင်များ အသုံးပြုကြည့်ရှုချိန်အား ကန့်သတ်ပါ
ဖန်သားပြင်တွေက ထွက်တဲ့ Blue Light ခေါ် အပြာရောင်အလင်းက အိပ်စက်ခြင်းအဆိုးဆုံးနှောင့်ယှက်ဟန့်တားတဲ့အရာတစ်မျိုးပဲဖြစ်ပါတယ်။ ဖုန်းရွှေကလည်း သဘာဝလောကကို ဗဟိုပြုတာဖြစ်တဲ့အတွက် နည်းပညာပစ္စည်းတွေ၊ လူလုပ်ပစ္စည်းတွေဟာ သင့်အခန်းထဲက အကောင်းစွမ်းအင်ပမာဏကို လျော့နည်းစေနိုင်ပြီး သင့်အိပ်ရေးနဲ့ အနားယူခြင်းကို နှောင့်ယှက်နိုင်ပါတယ်။
၆။ ခုတင်နံဘေးနှစ်ဖက်စလုံးမှာ ခုတင်ဘေးစားပွဲတစ်လုံးစီ ရှိပါစေ
ဟန်ချက်ညီမျှမှုက အိပ်ခန်းဖုန်းရွှေမှာ အလွန်တရာမှအရေးကြီးကာ အဲဒီမျှခြေကို ဖန်တီးဖို့ လွယ်ကူတဲ့နည်းလမ်းတစ်ခုကတော့ ခုတင်ဘေးစားပွဲတွေကနေတစ်ဆင့်ပဲဖြစ်ပါတယ်။ ခုတင်နံဘေးနှစ်ဖက်စလုံးမှာ ခုတင်ဘေးစားပွဲတစ်လုံးစီ ထားရှိခြင်းက သဟဇာတဖြစ်မှုကို ခံစားရစေကာ အကောင်းဓာတ်စွမ်းအင်တွေကိုလည်း ရရှိစေပါလိမ့်မယ်။
၇။ သဘာဝဆန်သော၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီသော အိပ်ရာခင်းများနှင့် အသုံးအဆောင်များ အသုံးပြုပါ
သင့်အိပ်ခန်းထဲကို သဘာဝဆန်တဲ့အရာဝတ္ထုတွေ ပေါင်းစပ်ဖြည့်တင်းဖို့ နည်းလမ်းတစ်ခုကတော့ သဘာဝဆန်တဲ့၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်ဖက်ညီအကျိုးပြုတဲ့ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ ဖက်လုံးစွပ်၊ စောင် စတာတွေကို အသုံးပြုဖို့ပါပဲ။ ဝါး ဒါမှမဟုတ် ချည်စစ်စစ် အသုံးပြုထားတဲ့ သဘာဝမွေ့ရာတွေ အသုံးပြုခြင်းက သင့်အိပ်စက်ရာနေရာမှာ လူလုပ်ပစ္စည်းပမာဏ လျော့နည်းစေဖို့ ကူညီပေးပါတယ်။ ဒါတွေဟာ ဖုန်းရွှေအမြင်နဲ့တင်မကဘဲ အခန်းအပူချိန်ထိန်းညှိခြင်းအတွက်လည်း အကောင်းဆုံးဖြစ်ပါတယ်။
၈။ ချမ်းမြေ့စေသော၊ ဖျော့သော အရောင်အသွေးများ ရွေးချယ်ပါ
အိပ်ခန်းဒီဇိုင်းမှာ ထင်ထင်ရှားရှားထင်းထွက်နေတာ ဘာမှမရှိတဲ့အခါ အိပ်စက်အနားယူခြင်းကို အကောင်းဆုံးရရှိပါတယ်။ ဒါကြောင့် စိတ်ချမ်းမြေ့စေတဲ့ အရောင်ဖျော့လေးတွေ၊ အဆင်အကွက်လေးတွေကို ရွေးချယ်ပါ။
၉။ ဖယောင်းတိုင်များနှင့် အလင်းမှိန်သောမီးလုံးများ အသုံးပြုပါ
အရောင်ဖျော့တွေအပြင် အလင်းအားပျော့တဲ့မီးသီးတွေမီးချောင်းတွေကို အသုံးပြုပါ။ ယင်းက သင့်အိပ်ခန်းထဲမှာ အနားရတဲ့ခံစားချက်ကို ကူညီဖန်တီးပေးပြီး ညရေးညတာအိပ်ရေးဝစေဖို့ အလွန်အရေးကြီးတဲ့ တည်ငြိမ်တိတ်ဆိတ်မှုအာရုံကို ပေးကာ မျှခြေတစ်ခုကို ဖန်တီးပေးပါလိမ့်မယ်။
၁၀။ အံဆွဲများနှင့် တံခါးများကို အသုံးမပြုချိန်တွင် ပိတ်ထားပါ
အံဆွဲတွေနဲ့ တံခါးရွက်တွေကို မသုံးချိန်မှာ ပွင့်နေတာမျိုး မဖြစ်ပါစေနဲ့။ အသုံးမပြုချိန်မှာ ၎င်းတို့ကို ပိတ်လျက်အနေအထားရှိနေစေခြင်းက သင်အိပ်ရာဝင်ဖို့ ကြိုးစားချိန်မှာ အနှောင့်အယှက်အဟန့်အတားတွေကို ကူညီကန့်သတ်ပေးပါလိမ့်မယ်။ ဖုန်းရွှေနည်းကျအိပ်ခန်းဖြစ်စေဖို့အတွက် အနှောင့်အယှက်အဟန့်အတားအားလုံးကို ကန့်သတ်ဖို့ အရေးကြီးပါတယ်။
၁၁။ တောင့်တင်းခိုင်မာသော အုံးတား အသုံးပြုပါ
တောင်းတင်းခိုင်ခံ့တဲ့ ခုတင်အုံးတားတစ်ခုကလည်း သင့်အိပ်ခန်းထဲက ဟန်ချက်ညီမျှမှုကို တိုးများစေဖို့ ကူညီပေးပါလိမ့်မယ်။ ပြီးတော့လည်း သင့်ကို ခုတင်ပေါ်မှာ သက်သောင့်သက်သာကျောမှီထိုင်ပြီး စာဖတ်နိုင်စေဖို့လည်း ကူညီပေးမှာပါ။
၁၂။ စာအုပ်စင်ကို အခြားအခန်းသို့ ရွှေ့ပါ
စာကြမ်းပိုးတွေအတွက်တော့ ဒီအချက်က အကောင်အထည်ဖော်ဖို့ရာ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့လည်း စာအုပ်တွေဟာ သင်အိပ်ဖို့ကြိုးစားတဲ့အခါ အနှောင့်အယှက်ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။ ဒါကြောင့် သင်လတ်တလောဖတ်ရှုနေတဲ့ စာအုပ်ကိုသာ လက်လှမ်းမီမယ့်နေရာမှာ ထားရှိပြီး အခြားစာအုပ်တွေကို အခြားအခန်းတစ်ခန်းမှာ ထားပါ။
ဖုန်းရွှေချစ်သူအားလုံးပဲ အထက်ဖော်ပြပါအချက်တွေကို အကောင်အထည်ဖော်ခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ အိပ်စက်အနားယူမှုကို နေ့စဉ်ရရှိနိုင်ကြပါစေလို့ iMyanmarHouse.com မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ပိုမိုေကာင္းမြန္စြာအိပ္စက္ေစႏိုင္ရန္ ကူညီေပးမည့္ ဖုန္းေ႐ႊအိပ္ခန္းအၾကံျပဳခ်က္ (၁၂ ခ်က္
ဖုန္းေ႐ႊပညာရပ္မွာ အဆင့္အမ်ိဳးမ်ိဳး႐ွိတာေၾကာင့္ အိပ္ခန္းဖုန္းေ႐ႊပညာမွာလည္း အဆင့္အမ်ိဳးမ်ိဳး႐ွိပါပဲ။ ၁- သင့္အိပ္ရာကို ေဘးႏွစ္ဖက္စလုံးကေန ဝင္လို႔ရပါေစ၊ ၂- အိပ္ရာေဘးဘက္ႏွစ္ခုစလုံးမွာ စားပြဲငယ္ေလးေတြ ထား႐ွိပါ၊ ၃- အိပ္ရာကို တံခါးေပါက္နဲ႔ တစ္ေျပးတည္းတစ္ေျဖာင့္တည္းမျဖစ္ပါေစနဲ႔။ အခုေဖာ္ျပေပးခဲ့တာေတြကေတာ့ သင့္အေနနဲ႔ ခ်က္ခ်င္းအေကာင္အထည္ေဖာ္ႏိုင္တဲ့အနိမ့္ဆုံးအဆင့္ အေျခခံဖုန္းေ႐ႊအခ်က္ေလးေတြပဲျဖစ္ပါတယ္။
အိပ္ခန္းဖုန္းေ႐ႊဟာ သင့္အိပ္ခန္းထဲမွာ ဟန္ခ်က္ညီမႈနဲ႔ ေပ်ာ္႐ႊင္မႈကို ရ႐ွိေစဖို႔ အတြင္းပိုင္းဒီဇိုင္းကို အသုံးျပဳျခင္းအေပၚ ဗဟိုျပဳထားပါတယ္။ အခုေဆာင္းပါးမွာ ေဖာ္ျပေပးသြားမယ့္ ဖုန္းေ႐ႊအၾကံျပဳခ်က္ေတြက သင့္ကို ဖုန္းေ႐ႊအေၾကာင္း နားလည္သေဘာေပါက္ေစဖို႔ ကူညီေပးၿပီး အိပ္ေရးဝေစဖို႔ သင့္အိပ္ခန္းထဲမွာ ဖုန္းေ႐ႊကို ဘယ္လိုအေကာင္အထည္ေဖာ္အသုံးခ်ရမယ္ဆိုတာကို လက္ေတြ႕အၾကံျပဳသြားမွာပဲျဖစ္ပါတယ္။
၁။ သင့္အိပ္ရာကို အလယ္မွာ ေနရာခ်ပါ
အိပ္ခန္းဖုန္းေ႐ႊမွာ သင့္အိပ္ရာကို ဦးစားေပးေနရာမွာ ထား႐ွိသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အိပ္ရာဆိုတာ အိပ္ခန္းမွာ အေရးႀကီးဆုံးပစၥည္းျဖစ္သလို သင့္အခ်ိန္အမ်ားစုကို သုံးစြဲမယ့္ေနရာလည္းျဖစ္တာေၾကာင့္ ျဖစ္ပါတယ္။ သင့္အိပ္ရာကို ေနရာခ်ရန္အေကာင္းဆုံးေနရာကေတာ့ တံခါးေပါက္နဲ႔ ေထာင့္ျဖတ္ အေနအထားပဲျဖစ္ပါတယ္။ ဒါမွသာ အိပ္ရာထဲကေန တံခါးေပါက္ဆီ ျမင္ရမွာျဖစ္သလို တိုက္႐ိုက္ႀကီးလည္း မျဖစ္ေတာ့ပါဘူး။
၂။ ႀကီးမားက်ယ္ျပန္႔ေသာ အိပ္ရာျဖင့္ အိပ္စက္ပါ
ဖုန္းေ႐ႊဆိုတာ လူသားေတြနဲ႔ သူတို႔အခ်ိန္ကုန္ဆုံးရာေနရာအဝန္းအဝိုင္းေတြရဲ႕ အျပန္အလွန္တုံ႔ျပန္အက်ိဳးျပဳမႈအေၾကာင္းနဲ႔ပတ္သက္ၿပီးေတာ့ပဲျဖစ္ပါတယ္။ အိပ္ခန္းဆိုတာ ကြၽႏ္ုပ္တို႔အိပ္စက္ရာဝန္းက်င္ရဲ႕ အစိတ္အပိုင္းႀကီးတစ္ခုျဖစ္တာေၾကာင့္ အိပ္ခန္းထဲကို ဖုန္းေ႐ႊေပါင္းစပ္ထည့္သြင္းျခင္းက ပိုၿပီးေတာ့ ဟန္ခ်က္ညီတဲ့ ဘဝ ရ႐ွိေစဖို႔ နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။ အကယ္၍ သင့္အိပ္ခန္းက လုံလုံေလာက္ေလာက္က်ယ္တယ္ဆိုရင္ အေတာ္ေလးႀကီးတဲ့ အိပ္ရာ၊ ခုတင္၊ ေမြ႕ရာက အေကာင္းဆုံးပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ၎တို႔က ကြၽႏ္ုပ္တို႔ကို ပင္ပန္းစရာေတြ၊ အေႏွာင့္အယွက္ေတြကေန အနားရေစမယ့္ အက်ယ္ဆုံးေနရာကို ေပးလို႔ပဲျဖစ္ပါတယ္။
၃။ သင့္အိပ္ရာမွ မွန္ထဲသို႔ လွမ္းျမင္ရျခင္းမ်ိဳး ေ႐ွာင္႐ွားပါ
ၾကည့္မွန္ေတြဟာ အခန္းငယ္ကို ပိုႀကီးသြားသေယာင္ျဖစ္ေစေပမဲ့လည္း အိပ္ခန္းဖုန္းေ႐ႊကို အေကာင္အထည္ေဖာ္တဲ့အခါမွာေတာ့ ၾကည့္မွန္ထား႐ွိမႈက ခက္ခဲႏိုင္ပါတယ္။ အေရးႀကီးဆုံးကေတာ့ မွန္ေတြကို အိပ္ရာ/ခုတင္နဲ႔ တစ္ေျပးတည္းတစ္ေျဖာင့္တည္း မျဖစ္ေစဖို႔ပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ယင္းက သင့္ျမင္ကြင္းထဲကို စိတ္အေႏွာင့္အယွက္ျဖစ္စရာေတြ ပိုမိုေဆာင္ၾကဥ္းေပးႏိုင္ေျခ႐ွိလို႔ပဲျဖစ္ပါတယ္။ ဒီလိုဆိုလို႔ ၾကည့္မွန္ေတြက အိပ္ခန္းဖုန္းေ႐ႊအတြက္ မေကာင္းဘူးလို႔ မဆိုလိုပါ။ သင့္အိပ္ရာထဲကေန မွန္ကို လွမ္းၾကည့္လိုက္ရင္ သင့္ကိုသင္မျမင္ရတဲ့ အေနအထားျဖစ္ေစဖို႔သာ ႀကိဳးစားပါ။ ဟန္ခ်က္ေကာင္းေကာင္းညီေစဖို႔အတြက္ မွန္ကို ျမင့္ျမင့္မွာထားဖို႔လည္း ႀကိဳးစားပါ။ ၾကည့္မွန္ခ်ပ္ေတြကို အလင္းရတဲ့ျပတင္းနဲ႔ မ်က္ႏွာခ်င္းဆိုင္ထား႐ွိျခင္းကလည္း သင့္အခန္းထဲအလင္းေရာင္ပိုရသေယာင္ျဖစ္ေစဖို႔လည္း ကူညီေပးပါလိမ့္မယ္။
၄။ ေလစီးဆင္းမႈအား ယင္းလိပ္မ်ား၏ အကူအညီျဖင့္ အားေကာင္းေစပါ
သဘာဝတရားက ဖုန္းေ႐ႊအိပ္ခန္းတစ္ခန္းမွာ အဓိကပါဝင္တဲ့အရာတစ္ခုျဖစ္ကာ သဘာဝေလာကနဲ႔ ေပါင္းစပ္ဖို႔ လြယ္ကူတဲ့နည္းလမ္းတစ္ခုကေတာ့ ေလစီးဆင္းမႈကို အားေကာင္းေစဖို႔ပဲျဖစ္ပါတယ္။ ယင္းက သင့္အိပ္ခန္းကို လတ္ဆတ္သန္႔႐ွင္းေနေစ႐ုံသာမက ပိုၿပီးေတာ့လည္း ေကာင္းေကာင္းအိပ္စက္ႏိုင္ေစဖို႔ ကူညီေပးပါလိမ့္မယ္။
၅။ လွ်ပ္စစ္ပစၥည္းမ်ားႏွင့္ စကရင္မ်ား အသုံးျပဳၾကည့္႐ႈခ်ိန္အား ကန္႔သတ္ပါ
ဖန္သားျပင္ေတြက ထြက္တဲ့ Blue Light ေခၚ အျပာေရာင္အလင္းက အိပ္စက္ျခင္းအဆိုးဆုံးေႏွာင့္ယွက္ဟန္႔တားတဲ့အရာတစ္မ်ိဳးပဲျဖစ္ပါတယ္။ ဖုန္းေ႐ႊကလည္း သဘာဝေလာကကို ဗဟိုျပဳတာျဖစ္တဲ့အတြက္ နည္းပညာပစၥည္းေတြ၊ လူလုပ္ပစၥည္းေတြဟာ သင့္အခန္းထဲက အေကာင္းစြမ္းအင္ပမာဏကို ေလ်ာ့နည္းေစႏိုင္ၿပီး သင့္အိပ္ေရးနဲ႔ အနားယူျခင္းကို ေႏွာင့္ယွက္ႏိုင္ပါတယ္။
၆။ ခုတင္နံေဘးႏွစ္ဖက္စလုံးမွာ ခုတင္ေဘးစားပြဲတစ္လုံးစီ ႐ွိပါေစ
ဟန္ခ်က္ညီမွ်မႈက အိပ္ခန္းဖုန္းေ႐ႊမွာ အလြန္တရာမွအေရးႀကီးကာ အဲဒီမွ်ေျခကို ဖန္တီးဖို႔ လြယ္ကူတဲ့နည္းလမ္းတစ္ခုကေတာ့ ခုတင္ေဘးစားပြဲေတြကေနတစ္ဆင့္ပဲျဖစ္ပါတယ္။ ခုတင္နံေဘးႏွစ္ဖက္စလုံးမွာ ခုတင္ေဘးစားပြဲတစ္လုံးစီ ထား႐ွိျခင္းက သဟဇာတျဖစ္မႈကို ခံစားရေစကာ အေကာင္းဓာတ္စြမ္းအင္ေတြကိုလည္း ရ႐ွိေစပါလိမ့္မယ္။
၇။ သဘာဝဆန္ေသာ၊ သဘာဝပတ္ဝန္းက်င္ႏွင့္ လိုက္ဖက္ညီေသာ အိပ္ရာခင္းမ်ားႏွင့္ အသုံးအေဆာင္မ်ား အသုံးျပဳပါ
သင့္အိပ္ခန္းထဲကို သဘာဝဆန္တဲ့အရာဝတၳဳေတြ ေပါင္းစပ္ျဖည့္တင္းဖို႔ နည္းလမ္းတစ္ခုကေတာ့ သဘာဝဆန္တဲ့၊ သဘာဝပတ္ဝန္းက်င္နဲ႔ လိုက္ဖက္ညီအက်ိဳးျပဳတဲ့ အိပ္ရာခင္း၊ ေခါင္းအုံးစြပ္၊ ဖက္လုံးစြပ္၊ ေစာင္ စတာေတြကို အသုံးျပဳဖို႔ပါပဲ။ ဝါး ဒါမွမဟုတ္ ခ်ည္စစ္စစ္ အသုံးျပဳထားတဲ့ သဘာဝေမြ႕ရာေတြ အသုံးျပဳျခင္းက သင့္အိပ္စက္ရာေနရာမွာ လူလုပ္ပစၥည္းပမာဏ ေလ်ာ့နည္းေစဖို႔ ကူညီေပးပါတယ္။ ဒါေတြဟာ ဖုန္းေ႐ႊအျမင္နဲ႔တင္မကဘဲ အခန္းအပူခ်ိန္ထိန္းညႇိျခင္းအတြက္လည္း အေကာင္းဆုံးျဖစ္ပါတယ္။
၈။ ခ်မ္းေျမ့ေစေသာ၊ ေဖ်ာ့ေသာ အေရာင္အေသြးမ်ား ေ႐ြးခ်ယ္ပါ
အိပ္ခန္းဒီဇိုင္းမွာ ထင္ထင္႐ွား႐ွားထင္းထြက္ေနတာ ဘာမွမ႐ွိတဲ့အခါ အိပ္စက္အနားယူျခင္းကို အေကာင္းဆုံးရ႐ွိပါတယ္။ ဒါေၾကာင့္ စိတ္ခ်မ္းေျမ့ေစတဲ့ အေရာင္ေဖ်ာ့ေလးေတြ၊ အဆင္အကြက္ေလးေတြကို ေ႐ြးခ်ယ္ပါ။
၉။ ဖေယာင္းတိုင္မ်ားႏွင့္ အလင္းမွိန္ေသာမီးလုံးမ်ား အသုံးျပဳပါ
အေရာင္ေဖ်ာ့ေတြအျပင္ အလင္းအားေပ်ာ့တဲ့မီးသီးေတြမီးေခ်ာင္းေတြကို အသုံးျပဳပါ။ ယင္းက သင့္အိပ္ခန္းထဲမွာ အနားရတဲ့ခံစားခ်က္ကို ကူညီဖန္တီးေပးၿပီး ညေရးညတာအိပ္ေရးဝေစဖို႔ အလြန္အေရးႀကီးတဲ့ တည္ၿငိမ္တိတ္ဆိတ္မႈအာ႐ုံကို ေပးကာ မွ်ေျခတစ္ခုကို ဖန္တီးေပးပါလိမ့္မယ္။
၁၀။ အံဆြဲမ်ားႏွင့္ တံခါးမ်ားကို အသုံးမျပဳခ်ိန္တြင္ ပိတ္ထားပါ
အံဆြဲေတြနဲ႔ တံခါး႐ြက္ေတြကို မသုံးခ်ိန္မွာ ပြင့္ေနတာမ်ိဳး မျဖစ္ပါေစနဲ႔။ အသုံးမျပဳခ်ိန္မွာ ၎တို႔ကို ပိတ္လ်က္အေနအထား႐ွိေနေစျခင္းက သင္အိပ္ရာဝင္ဖို႔ ႀကိဳးစားခ်ိန္မွာ အေႏွာင့္အယွက္အဟန္႔အတားေတြကို ကူညီကန္႔သတ္ေပးပါလိမ့္မယ္။ ဖုန္းေ႐ႊနည္းက်အိပ္ခန္းျဖစ္ေစဖို႔အတြက္ အေႏွာင့္အယွက္အဟန္႔အတားအားလုံးကို ကန္႔သတ္ဖို႔ အေရးႀကီးပါတယ္။
၁၁။ ေတာင့္တင္းခိုင္မာေသာ အုံးတား အသုံးျပဳပါ
ေတာင္းတင္းခိုင္ခံ့တဲ့ ခုတင္အုံးတားတစ္ခုကလည္း သင့္အိပ္ခန္းထဲက ဟန္ခ်က္ညီမွ်မႈကို တိုးမ်ားေစဖို႔ ကူညီေပးပါလိမ့္မယ္။ ၿပီးေတာ့လည္း သင့္ကို ခုတင္ေပၚမွာ သက္ေသာင့္သက္သာေက်ာမွီထိုင္ၿပီး စာဖတ္ႏိုင္ေစဖို႔လည္း ကူညီေပးမွာပါ။
၁၂။ စာအုပ္စင္ကို အျခားအခန္းသို႔ ေ႐ႊ႕ပါ
စာၾကမ္းပိုးေတြအတြက္ေတာ့ ဒီအခ်က္က အေကာင္အထည္ေဖာ္ဖို႔ရာ ခက္ခဲေကာင္းခက္ခဲႏိုင္ပါတယ္။ ဒါေပမဲ့လည္း စာအုပ္ေတြဟာ သင္အိပ္ဖို႔ႀကိဳးစားတဲ့အခါ အေႏွာင့္အယွက္ပုံစံတစ္မ်ိဳးပဲျဖစ္ပါတယ္။ ဒါေၾကာင့္ သင္လတ္တေလာဖတ္႐ႈေနတဲ့ စာအုပ္ကိုသာ လက္လွမ္းမီမယ့္ေနရာမွာ ထား႐ွိၿပီး အျခားစာအုပ္ေတြကို အျခားအခန္းတစ္ခန္းမွာ ထားပါ။
ဖုန္းေ႐ႊခ်စ္သူအားလုံးပဲ အထက္ေဖာ္ျပပါအခ်က္ေတြကို အေကာင္အထည္ေဖာ္ျခင္းအားျဖင့္ ပိုမိုေကာင္းမြန္တဲ့ အိပ္စက္အနားယူမႈကို ေန႔စဥ္ရ႐ွိႏိုင္ၾကပါေစလို႔ iMyanmarHouse.com မိသားစုမွ ဆုမြန္ေကာင္းေတာင္းေပးလိုက္ရပါတယ္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com