549 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

အိမ်ဝယ်ယူမှုဆိုင်ရာ ဖုန်းရွှေအခြေခံအကြံပြုချက်များ

 

[Unicode]

 

ဘဝမှာ အိပ်မက်ထဲက နေအိမ်မျိုး ရှာဖွေခြင်းဟာ ထည့်သွင်းစဥ်းစားစရာ နယ်ပယ်အများကြီးရှိတာကြောင့် ကျွန်ုပ်တို့အများစုအတွက် ကိစ္စကြီးတစ်ခုဆို မမှားပါဘူး။ သတိထားလေ့လာကြည့်ရှုစစ်ဆေးနေတဲ့ကြားကပဲ အရွေးမှားအဝယ်မှားခြင်းမျိုးကလည်း လွယ်လင့်တကူဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အိမ်ဝယ်တဲ့အခါ ထည့်သွင်းဂရုပြုစဥ်းစားရမယ့် ဖုန်းရွှေနည်းကျအကြံပြုချက်အချို့ကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

အိမ်ဝယ်ယူခြင်းဆိုင်ရာ ပြင်ပဖုန်းရွှေအချက်များ

သင်ဝယ်ယူဖို့ စဥ်းစားနေတဲ့ အိမ်ရဲ့ ပြင်ပပတ်ဝန်းကျင်ကို အောက်ပါအချက်တွေနဲ့ ချိန်ထိုးကြည့်ပါ-

 

အိမ်ဝယ်ယူမှုဆိုင်ရာ ဖုန်းရွှေအခြေခံအကြံပြုချက်များ

၁။ ဆေးရုံ၊ သုသာန်/သင်္ချိုင်း၊ စွန့်ပစ်အဆောက်အအုံတွေနဲ့ နီးသော အိမ်ကို မရွေးရ၊ ယင်စွမ်းအင်လို့ခေါ်တဲ့ အဖိုစွမ်းအင်တစ်ဖက်သတ်အလွန်များပြားပြီး လူသားတွေအတွက် မကောင်းလို့ပဲဖြစ်ပါတယ်။

၂။ လမ်းဦးတိုက်အိမ်နဲ့ တစ်ဖက်ပိတ်လမ်းရဲ့ အတွင်းဆုံးမှာ ရှိတဲ့အိမ်မျိုးကို ရှောင်ရှားပါ၊ ၎င်းတည်နေရာတွေမှာ စွမ်းအင်လှည့်ပတ်လို့ မရဘဲ အဟန့်အတားဖြစ်တာကြောင့်ဖြစ်ပါတယ်။

၃။ အမြန်လမ်းမကြီးတွေနဲ့ နီးတဲ့အိမ်ကို မဝယ်ပါနဲ့။ ပထမဆုံးအနေနဲ့ ဆူညံသံကြောင့် အ‌နှောင့်အယှက်ဖြစ်ရမှာဖြစ်သလို ဖြောင့်တန်းနေတဲ့လမ်းမကြီးပေါ်မှာ စည်းစိမ်ဥစ္စာစုဆောင်းမိလို့ မလွယ်ကူတာကြောင့်လည်း ဖြစ်ပါတယ်။

အိမ်ဝယ်ယူမှုဆိုင်ရာ ဖုန်းရွှေအခြေခံအကြံပြုချက်များ

၄။ တစ်ဖက်အိမ်/အဆောက်အအုံရဲ့ ထောင့်ချိုးက သင်ဝယ်ယူချင်တဲ့အိမ်ရဲ့ ရှေ့တံခါး ဒါမှမဟုတ် အနောက်ဘက်ကို တည့်တည့်တိုက်ရိုက်ညွှန်ပြနေတယ်ဆိုရင် အဲဒီအိမ်မျိုးဟာ မကောင်းတဲ့စွမ်းအင်တွေရှိတာကြောင့် မရွေးချယ်ပါနဲ့။

၅။ အထပ်မြင့်အဆောက်အအုံတွေ ဝန်းရံခံထားရတဲ့ အိမ်မျိုးကိုလည်း မရွေးချယ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ နံဘေးပတ်လည်က အထပ်မြင့်အဆောက်အအုံတွေက သင့်အိမ်ထဲကို အလင်းရောင်မရောက်ရှိအောင် ပိတ်နေမှာဖြစ်ပြီး စိုထိုင်းမှုဖြစ်စေကာ အိမ်သားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်။

အိမ်ဝယ်ယူမှုဆိုင်ရာ ဖုန်းရွှေအခြေခံအကြံပြုချက်များ

၆။ မျက်နှာချင်းဆိုင်အိမ်ရဲ့ ပင်မဝင်ပေါက်တံခါးနဲ့ သင်ဝယ်လိုတဲ့အိမ်ရဲ့ ပင်မဝင်ပေါက်တံခါးတို့ မျက်နှာချင်းဆိုင်အနေအထားဖြစ်‌နေတာမျိုးကိုလည်း ရှောင်ရှားပါ။ ပြဿနာ၊ ပဋိပက္ခဖြစ်စေတဲ့ စွမ်းအင်တွေ တိုးစေတတ်လို့ပဲဖြစ်ပါတယ်။

 

 

အိမ်ရှာရာတွင် ဂရုပြုစဥ်းစားရမည့် အတွင်းပိုင်းဖုန်းရွှေအချက်များ

အိမ်ဝယ်ယူမှုဆိုင်ရာ ဖုန်းရွှေအခြေခံအကြံပြုချက်များ

၁။ အိမ်ရှာတဲ့အခါ စတုရန်း ဒါမှမဟုတ် ထောင့်မှန်စတုဂံကြမ်းခင်းစီမံချက်ရှိတဲ့ အိမ်မျိုးကို ရွေးချယ်ပါ၊ ထိုပုံစံတွေမဟုတ်ဘဲ အခြားမူမမှန်တဲ့ ပုံစံတွေနဲ့ ကြမ်းခင်းဧရိယာရှိတဲ့ အိမ်မျိုးကို ရှောင်ရှားပါ၊ ဘာကြောင့်လဲဆိုတော့ အဲဒီရှောင်ကြဥ်ရမယ့်အိမ်တွေမှာ စွမ်းအင်ပိုင်းဆိုင်ရာမှာ ပြဿနာပြင်းပြင်းထန်ထန်ကို ရှိလို့ပါပဲ။

၂။ မျက်နှာကြက်ပေါ်ကနေ ဒါမှမဟုတ် အိမ်အတွင်းရှိ နံရံတွေကနေ အလင်းပေါက်နေတဲ့အိမ်မျိုးကို သတိပြုရှောင်ရှားပါ၊ အကြောင်းကတော့ အဲဒီလိုမျိုး မျက်နှာကြက်နဲ့ အိမ်အတွင်းရှိ နံရံတွေကနေ အလင်းပေါက်တယ်ဆိုတာ ဖုန်းရွှေအရ မကောင်းလို့ပါပဲ။

၃။ ပင်မတံခါးမကြီးအနီး ဒါမှမဟုတ် အိမ်ရဲ့အလယ်ဗဟိုမှာ အိမ်သာရှိတဲ့ အိမ်မျိုးကို ရှောင်ကြဥ်ပါ။

၄။ ၎င်းအိမ်ရဲ့ အတိတ်သမိုင်းကြောင်းက သင့်အပေါ် သက်ရောက်မှုရှိကောင်းရှိနိုင်ပါတယ်။ ဥပမာ- ၎င်းအိမ်ရဲ့ အရင်ပိုင်ရှင်တွေက ပစ္စည်းဥစ္စာမွဲသွားတာ၊ ကျန်းမာရေးပြဿနာရှိတာ၊ ကွာရှင်းတာ စသဖြင့် အိမ်ရောင်းချရခြင်းအကြောင်းရင်းက အပျက်သဘောဆောင်နေတယ်ဆိုရင် ညံ့ဖျင်းအားပျော့တဲ့ စွမ်းအင်စီးဆင်းလည်ပတ်မှု သဘောကို ဆောင်တာကြောင့် အဲဒီလိုအိမ်မျိုးကို မရွေးပါနဲ့။

အထက်မှာဖော်ပြခဲ့တာတွေကတော့ ကောင်းမွန်တဲ့ ဖုန်းရွှေအိမ်တစ်အိမ်ကို ရွေးချယ်ဖို့ အခြေခံအကျဆုံး အကြံပြုချက်လေးတွေပဲဖြစ်ပါတယ်။ နောင်များမှာလည်း အခုထက်ပိုပြီး အသေးစိတ်တဲ့ အကြံပြုချက်တွေကို အလျဥ်းသင့်သလို တင်ဆက်ပေးသွားဦးမှာမို့ အခုလိုပဲ iMyanmarHouse.com ဝက်ဘ်ဆိုက်မှာ စောင့်မျှော်ဖတ်ရှုကြဖို့ ဖုန်းရွှေပရိသတ်တွေကို ဖိတ်ခေါ်လိုက်ရပါတယ်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 


[Zawgyi]

အိမ္ဝယ္ယူမႈဆိုင္ရာ ဖုန္းေ႐ႊအေျခခံအၾကံျပဳခ်က္မ်ား

 


ဘဝမွာ အိပ္မက္ထဲက ေနအိမ္မ်ိဳး ႐ွာေဖြျခင္းဟာ ထည့္သြင္းစဥ္းစားစရာ နယ္ပယ္အမ်ားႀကီး႐ွိတာေၾကာင့္ ကြၽႏ္ုပ္တို႔အမ်ားစုအတြက္ ကိစၥႀကီးတစ္ခုဆို မမွားပါဘူး။ သတိထားေလ့လာၾကည့္႐ႈစစ္ေဆးေနတဲ့ၾကားကပဲ အေ႐ြးမွားအဝယ္မွားျခင္းမ်ိဳးကလည္း လြယ္လင့္တကူျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ အိမ္ဝယ္တဲ့အခါ ထည့္သြင္းဂ႐ုျပဳစဥ္းစားရမယ့္ ဖုန္းေ႐ႊနည္းက်အၾကံျပဳခ်က္အခ်ိဳ႕ကို ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုက္ပါတယ္။

အိမ္ဝယ္ယူျခင္းဆိုင္ရာ ျပင္ပဖုန္းေ႐ႊအခ်က္မ်ား

သင္ဝယ္ယူဖို႔ စဥ္းစားေနတဲ့ အိမ္ရဲ႕ ျပင္ပပတ္ဝန္းက်င္ကို ေအာက္ပါအခ်က္ေတြနဲ႔ ခ်ိန္ထိုးၾကည့္ပါ-

၁။ ေဆး႐ုံ၊ သုသာန္/သခ်ႋဳင္း၊ စြန္႔ပစ္အေဆာက္အအုံေတြနဲ႔ နီးေသာ အိမ္ကို မေ႐ြးရ၊ ယင္စြမ္းအင္လို႔ေခၚတဲ့ အဖိုစြမ္းအင္တစ္ဖက္သတ္အလြန္မ်ားျပားၿပီး လူသားေတြအတြက္ မေကာင္းလို႔ပဲျဖစ္ပါတယ္။

၂။ လမ္းဦးတိုက္အိမ္နဲ႔ တစ္ဖက္ပိတ္လမ္းရဲ႕ အတြင္းဆုံးမွာ ႐ွိတဲ့အိမ္မ်ိဳးကို ေ႐ွာင္႐ွားပါ၊ ၎တည္ေနရာေတြမွာ စြမ္းအင္လွည့္ပတ္လို႔ မရဘဲ အဟန္႔အတားျဖစ္တာေၾကာင့္ျဖစ္ပါတယ္။

၃။ အျမန္လမ္းမႀကီးေတြနဲ႔ နီးတဲ့အိမ္ကို မဝယ္ပါနဲ႔။ ပထမဆုံးအေနနဲ႔ ဆူညံသံေၾကာင့္ အ‌ေႏွာင့္အယွက္ျဖစ္ရမွာျဖစ္သလို ေျဖာင့္တန္းေနတဲ့လမ္းမႀကီးေပၚမွာ စည္းစိမ္ဥစၥာစုေဆာင္းမိလို႔ မလြယ္ကူတာေၾကာင့္လည္း ျဖစ္ပါတယ္။

၄။ တစ္ဖက္အိမ္/အေဆာက္အအုံရဲ႕ ေထာင့္ခ်ိဳးက သင္ဝယ္ယူခ်င္တဲ့အိမ္ရဲ႕ ေ႐ွ႕တံခါး ဒါမွမဟုတ္ အေနာက္ဘက္ကို တည့္တည့္တိုက္႐ိုက္ၫႊန္ျပေနတယ္ဆိုရင္ အဲဒီအိမ္မ်ိဳးဟာ မေကာင္းတဲ့စြမ္းအင္ေတြ႐ွိတာေၾကာင့္ မေ႐ြးခ်ယ္ပါနဲ႔။

၅။ အထပ္ျမင့္အေဆာက္အအုံေတြ ဝန္းရံခံထားရတဲ့ အိမ္မ်ိဳးကိုလည္း မေ႐ြးခ်ယ္ပါနဲ႔။ ဘာေၾကာင့္လဲဆိုေတာ့ နံေဘးပတ္လည္က အထပ္ျမင့္အေဆာက္အအုံေတြက သင့္အိမ္ထဲကို အလင္းေရာင္မေရာက္႐ွိေအာင္ ပိတ္ေနမွာျဖစ္ၿပီး စိုထိုင္းမႈျဖစ္ေစကာ အိမ္သားေတြရဲ႕ က်န္းမာေရးကို ထိခိုက္ေစပါလိမ့္မယ္။

၆။ မ်က္ႏွာခ်င္းဆိုင္အိမ္ရဲ႕ ပင္မဝင္ေပါက္တံခါးနဲ႔ သင္ဝယ္လိုတဲ့အိမ္ရဲ႕ ပင္မဝင္ေပါက္တံခါးတို႔ မ်က္ႏွာခ်င္းဆိုင္အေနအထားျဖစ္‌ေနတာမ်ိဳးကိုလည္း ေ႐ွာင္႐ွားပါ။ ျပႆနာ၊ ပဋိပကၡျဖစ္ေစတဲ့ စြမ္းအင္ေတြ တိုးေစတတ္လို႔ပဲျဖစ္ပါတယ္။

အိမ္႐ွာရာတြင္ ဂ႐ုျပဳစဥ္းစားရမည့္ အတြင္းပိုင္းဖုန္းေ႐ႊအခ်က္မ်ား

၁။ အိမ္႐ွာတဲ့အခါ စတုရန္း ဒါမွမဟုတ္ ေထာင့္မွန္စတုဂံၾကမ္းခင္းစီမံခ်က္႐ွိတဲ့ အိမ္မ်ိဳးကို ေ႐ြးခ်ယ္ပါ၊ ထိုပုံစံေတြမဟုတ္ဘဲ အျခားမူမမွန္တဲ့ ပုံစံေတြနဲ႔ ၾကမ္းခင္းဧရိယာ႐ွိတဲ့ အိမ္မ်ိဳးကို ေ႐ွာင္႐ွားပါ၊ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီေ႐ွာင္ၾကဥ္ရမယ့္အိမ္ေတြမွာ စြမ္းအင္ပိုင္းဆိုင္ရာမွာ ျပႆနာျပင္းျပင္းထန္ထန္ကို ႐ွိလို႔ပါပဲ။

၂။ မ်က္ႏွာၾကက္ေပၚကေန ဒါမွမဟုတ္ အိမ္အတြင္း႐ွိ နံရံေတြကေန အလင္းေပါက္ေနတဲ့အိမ္မ်ိဳးကို သတိျပဳေ႐ွာင္႐ွားပါ၊ အေၾကာင္းကေတာ့ အဲဒီလိုမ်ိဳး မ်က္ႏွာၾကက္နဲ႔ အိမ္အတြင္း႐ွိ နံရံေတြကေန အလင္းေပါက္တယ္ဆိုတာ ဖုန္းေ႐ႊအရ မေကာင္းလို႔ပါပဲ။

၃။ ပင္မတံခါးမႀကီးအနီး ဒါမွမဟုတ္ အိမ္ရဲ႕အလယ္ဗဟိုမွာ အိမ္သာ႐ွိတဲ့ အိမ္မ်ိဳးကို ေ႐ွာင္ၾကဥ္ပါ။

၄။ ၎အိမ္ရဲ႕ အတိတ္သမိုင္းေၾကာင္းက သင့္အေပၚ သက္ေရာက္မႈ႐ွိေကာင္း႐ွိႏိုင္ပါတယ္။ ဥပမာ- ၎အိမ္ရဲ႕ အရင္ပိုင္႐ွင္ေတြက ပစၥည္းဥစၥာမြဲသြားတာ၊ က်န္းမာေရးျပႆနာ႐ွိတာ၊ ကြာ႐ွင္းတာ စသျဖင့္ အိမ္ေရာင္းခ်ရျခင္းအေၾကာင္းရင္းက အပ်က္သေဘာေဆာင္ေနတယ္ဆိုရင္ ညံ့ဖ်င္းအားေပ်ာ့တဲ့ စြမ္းအင္စီးဆင္းလည္ပတ္မႈ သေဘာကို ေဆာင္တာေၾကာင့္ အဲဒီလိုအိမ္မ်ိဳးကို မေ႐ြးပါနဲ႔။

အထက္မွာေဖာ္ျပခဲ့တာေတြကေတာ့ ေကာင္းမြန္တဲ့ ဖုန္းေ႐ႊအိမ္တစ္အိမ္ကို ေ႐ြးခ်ယ္ဖို႔ အေျခခံအက်ဆုံး အၾကံျပဳခ်က္ေလးေတြပဲျဖစ္ပါတယ္။ ေနာင္မ်ားမွာလည္း အခုထက္ပိုၿပီး အေသးစိတ္တဲ့ အၾကံျပဳခ်က္ေတြကို အလ်ဥ္းသင့္သလို တင္ဆက္ေပးသြားဦးမွာမို႔ အခုလိုပဲ iMyanmarHouse.com ဝက္ဘ္ဆိုက္မွာ ေစာင့္ေမွ်ာ္ဖတ္႐ႈၾကဖို႔ ဖုန္းေ႐ႊပရိသတ္ေတြကို ဖိတ္ေခၚလိုက္ရပါတယ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)