[Unicode]
ကမ္ဘာတစ်ဝန်းမှာ ဆေးကုသမှုဆိုင်ရာ တာဝန်ရှိသူတွေက အကောင်းဆုံးကြိုးစားအားထုတ်နေကြပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ်ရန်ကတော့ ကြီးထွားလာနေတုန်းပါပဲ။
ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်နေဆဲဖြစ်တာကြောင့် ကျွန်မတို့တစ်တွေ ဒီကိုရိုနာဗိုင်းရပ်စ်ရန်ကနေ ကျွန်မတို့ချစ်တဲ့သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ သတိဝီရိယရှိရှိနဲ့ အကောင်းဆုံးလုပ်ဆောင်သင့်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားတဲ့ COVID-19 ဘေးကင်းရေးလမ်းညွှန်ချက်တွေကို လိုက်နာတဲ့အပြင် ဒီလိုကာလမျိုးမှာ သင်ချစ်တဲ့သူတွေ ဘေးကင်းစေဖို့ သင်အနေနဲ့ ဘယ်လိုကူညီပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဖုန်းရွှေအကြံဉာဏ်အချို့ကိုလည်း အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
(၁) သင့်အိမ်၏ တောင်ဘက်အကန့်အား ဖော်ထုတ်သတ်မှတ်ခြင်း
- ယခု ၂၀၂၀ ပြည့်နှစ်သည် Two Black Illness Star ဟုခေါ်သည့် မမာမကျန်းမှုဂြိုဟ်ဆိုး ကြီးစိုးသည့် နှစ်ဖြစ်ပါသည်။ Two Black Illness Star သည် ယခုနှစ်တွင် တောင်အရပ်အား လည်ပတ်ပါသည်။ ဤသည်က ကျန်းမာရေးပြဿနာများနှင့် ငွေကြေးဆုံးရှုံးမှုများကို ဖြစ်စေတတ်သဖြင့် နေအိမ်များတွင် တောင်ဘက်အကန့်ကို ဖော်ထုတ်သတ်မှတ်ရန် ဦးစားပေးလိုအပ်လာပါပြီ။ ယင်းအတွက် ဦးစွာ နေအိမ်ဧရိယာအတွင်း ထောင့်ဖြတ်မျဉ်းနှစ်ကြောင်း ဆွဲ၍ အလယ်ဆုံမှတ်နေရာအား အိမ်၏ဗဟိုချက်အဖြစ် သတ်မှတ်ပါ။ ထို့နောက် ထိုဗဟိုချက်တွင် မတ်တပ်ရပ်၍ သံလိုက်အိမ်မြှောင် (အချို့ဖုန်းများတွင် သံလိုက်အိမ်မြှောင်လုပ်ဆောင်ချက် ပါဝင်သည်၊ မပါဝင်ပါက Playstore တွင် compass app ဒေါင်းလုတ်ပြုလုပ်နိုင်သည်) သုံးကာ ရှေ့၊ အနောက်၊ တောင်၊ မြောက် စသည်ဖြင့် အပိုင်းအကန့်များ အသီသီး သတ်မှတ်နိုင်ပါပြီ။
(၂) သင့်အိမ်၏ တောင်ဘက်အကန့်အား သန့်ရှင်းစေရန် ထိန်းသိမ်းစောင့်ရှောက်ပြုပြင်ခြင်း
- သင့်အိမ်၏ တောင်ဘက်အကန့်အား ဖော်ထုတ်သမှတ်ပြီးလျှင် သန့်ရှင်းရေးပြုလုပ်ရန် အချိန်ကျရောက်လာပါပြီ။ Two Black Illness Star ဟုခေါ်သည့် မမာမကျန်းမှုဂြိုဟ်ဆိုး၏ မကောင်းကျိုးသက်ရောက်မှုများ နည်းနိုင်သမျှနည်းစေရန် တောင်ဘက်အကန့်အား သန့်ရှင်းသပ်ရပ်နေစေသင့်ပါသည်။
(၃) သင့်အိမ်၏ တောင်ဘက်အကန့်တွင် သတ္တုပစ္စည်းများ ထားရှိပါ
- အိမ်သူအိမ်သားများ၏ ကျန်းမာရေးပိုမိုကောင်းမွန်စေရန် သင်သည် နေအိမ်၏ တောင်ဘက်အကန့်တွင် သတ္တုပစ္စည်းများကိုလည်း ထားရှိနိုင်ပါသည်။ သတ္တုနှင့်ပြုလုပ်ထားသည့် အလှဆင်ပစ္စည်းများနှင့် ပရိဘောကများက အသင့်လျော်ဆုံးဖြစ်သည်။ သူတို့က ထိုဧရိယာရှိ အညံ့ဓာတ်အကြွင်းအကျန်အစအနများကို ကူညီပပျောက်လွင့်ပြယ်စေနိုင်ပါသည်။ ထို့ကြောင့် သတ္တုပစ္စည်းများ ပိုမိုထားရှိရန် လက်မတွန့်ကြပါနှင့်။
(၄) မျောက်၊ ခွေးနှင့် ဝက်နှစ်များတွင် မွေးဖွားသူများ
- သင်သည် အထက်ပါရာသီရုပ်တစ်ခုခုနှင့် သက်ဆိုင်ပါသလား? (တစ်နည်းအားဖြင့်ဆိုရသော် သင်သည် မျောက်နှစ် သို့ ခွေးနှစ် သို့ ဝက်နှစ်တွင် မွေးဖွားသူဖြစ်ပါသလား။ ယင်းရာသီရုပ်သုံးခုသည် ယခုနှစ်တွင် ကျန်းမာရေးအညံ့ရှိကြသဖြင့် သင်သည် ထိုရာသီရုပ်ပိုင်ရှင်ဖြစ်ပါက ကျန်းမာရေးနှင့်ညီညွတ်စေရန် အတတ်နိုင်ဆုံးစားသောက်နေထိုင်ပြုမူသင့်ပေသည်။ လတ်ဆတ်သန့်ရှင်းစွာ စားသောက်ပါ၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပြီး ဗီတာမင်ဖြည့်စွက်ဆေးဝါးများ သောက်သုံးပေးခြင်း၊ ညဉ့်နက်သည်အထိမနေဘဲ အိပ်ရေးဝဝအိပ်ခြင်းဖြင့် ကျန်းမာရေးကိုစောင့်ရှောက်ပါ။ နာမကျန်းဖြစ်သည့်လက္ခဏာများ ပေါ်လာသည်နှင့်တစ်ပြိင်နက် ဆေးကုသမှုချက်ချင်းခံယူပါ။
(၅) တောင်ဘက်အကန့်တွင် နေထိုင်သူများ
- အထက်တွင်ဆိုခဲ့ပြီးသည့်အတိုင်း Two Black Illness Star သည် ယခုနှစ်တွင် တောင်အရပ်အား လည်ပတ်သဖြင့် မိသားစုဝင်များအနက် တောင်ဘက်အကန့်တွင် နေထိုင်သူများရှိပါက ထိုသူများကိုလည်း ကျန်သူများထက် ကျန်းမာရေးသတိပိုမိုရှိစေသင့်ပါသည်။
နောက်ပြီးတော့လည်း ကျန်းမာတာဟာလည်း ချမ်းသာတာပဲဆိုတာကို မမေ့ပါနဲ့နော်။ အနည်းဆုံးတော့ ကျန်းမာနေသ၍ ဆေးဖိုးမလိုတာကြောင့် ကျန်းမာအောင် ဆင်ခြင်စားသောက်ပြုမူနေထိုင်ခြင်းဟာ ငွေရှာခြင်းပင် မဟုတ်ပါလားရှင်။
ဒီ COVID-19 ကပ်ဘေးဟာ မဝေးတော့တဲ့ကာလမှာ ပြီးဆုံးသွားဖို့ မျှော်လင့်ရင်း ဖုန်းရွှေချစ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက်...
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
COVID-19 ကို တြန္းလွန္ရန္ လုပ္ေဆာင္သင့္သည့္ ဖုန္းေ႐ႊအစီအမံမ်ား
ကမ႓ာတစ္ဝန္းမွာ ေဆးကုသမႈဆိုင္ရာ တာဝန္႐ွိသူေတြက အေကာင္းဆုံးႀကိဳးစားအားထုတ္ေနၾကေပမဲ့လည္း ကို႐ိုနာဗိုင္းရပ္စ္ရန္ကေတာ့ ႀကီးထြားလာေနတုန္းပါပဲ။
ကမ႓ာလုံးဆိုင္ရာက်န္းမာေရး အေရးေပၚအေျခအေနတစ္ရပ္ျဖစ္ေနဆဲျဖစ္တာေၾကာင့္ ကြၽန္မတို႔တစ္ေတြ ဒီကို႐ိုနာဗိုင္းရပ္စ္ရန္ကေန ကြၽန္မတို႔ခ်စ္တဲ့သူေတြကို ကာကြယ္ေစာင့္ေ႐ွာက္ဖို႔ သတိဝီရိယ႐ွိ႐ွိနဲ႔ အေကာင္းဆုံးလုပ္ေဆာင္သင့္ပါတယ္။
ကမ႓ာ့က်န္းမာေရးအဖြဲ႕ (WHO) မွ ထုတ္ျပန္ထားတဲ့ COVID-19 ေဘးကင္းေရးလမ္းၫႊန္ခ်က္ေတြကို လိုက္နာတဲ့အျပင္ ဒီလိုကာလမ်ိဳးမွာ သင္ခ်စ္တဲ့သူေတြ ေဘးကင္းေစဖို႔ သင္အေနနဲ႔ ဘယ္လိုကူညီေပးႏိုင္မလဲဆိုတာနဲ႔ ပတ္သက္ၿပီး ဖုန္းေ႐ႊအၾကံဉာဏ္အခ်ိဳ႕ကိုလည္း ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုက္ပါတယ္။
(၁) သင့္အိမ္၏ ေတာင္ဘက္အကန္႔အား ေဖာ္ထုတ္သတ္မွတ္ျခင္း
- ယခု ၂၀၂၀ ျပည့္ႏွစ္သည္ Two Black Illness Star ဟုေခၚသည့္ မမာမက်န္းမႈၿဂိဳဟ္ဆိုး ႀကီးစိုးသည့္ ႏွစ္ျဖစ္ပါသည္။ Two Black Illness Star သည္ ယခုႏွစ္တြင္ ေတာင္အရပ္အား လည္ပတ္ပါသည္။ ဤသည္က က်န္းမာေရးျပႆနာမ်ားႏွင့္ ေငြေၾကးဆုံး႐ႈံးမႈမ်ားကို ျဖစ္ေစတတ္သျဖင့္ ေနအိမ္မ်ားတြင္ ေတာင္ဘက္အကန္႔ကို ေဖာ္ထုတ္သတ္မွတ္ရန္ ဦးစားေပးလိုအပ္လာပါၿပီ။ ယင္းအတြက္ ဦးစြာ ေနအိမ္ဧရိယာအတြင္း ေထာင့္ျဖတ္မ်ဥ္းႏွစ္ေၾကာင္း ဆြဲ၍ အလယ္ဆုံမွတ္ေနရာအား အိမ္၏ဗဟိုခ်က္အျဖစ္ သတ္မွတ္ပါ။ ထို႔ေနာက္ ထိုဗဟိုခ်က္တြင္ မတ္တပ္ရပ္၍ သံလိုက္အိမ္ေျမႇာင္ (အခ်ိဳ႕ဖုန္းမ်ားတြင္ သံလိုက္အိမ္ေျမႇာင္လုပ္ေဆာင္ခ်က္ ပါဝင္သည္၊ မပါဝင္ပါက Playstore တြင္ compass app ေဒါင္းလုတ္ျပဳလုပ္ႏိုင္သည္) သုံးကာ ေ႐ွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ စသည္ျဖင့္ အပိုင္းအကန္႔မ်ား အသီသီး သတ္မွတ္ႏိုင္ပါၿပီ။
(၂) သင့္အိမ္၏ ေတာင္ဘက္အကန္႔အား သန္႔႐ွင္းေစရန္ ထိန္းသိမ္းေစာင့္ေ႐ွာက္ျပဳျပင္ျခင္း
- သင့္အိမ္၏ ေတာင္ဘက္အကန္႔အား ေဖာ္ထုတ္သမွတ္ၿပီးလွ်င္ သန္႔႐ွင္းေရးျပဳလုပ္ရန္ အခ်ိန္က်ေရာက္လာပါၿပီ။ Two Black Illness Star ဟုေခၚသည့္ မမာမက်န္းမႈၿဂိဳဟ္ဆိုး၏ မေကာင္းက်ိဳးသက္ေရာက္မႈမ်ား နည္းႏိုင္သမွ်နည္းေစရန္ ေတာင္ဘက္အကန္႔အား သန္႔႐ွင္းသပ္ရပ္ေနေစသင့္ပါသည္။
(၃) သင့္အိမ္၏ ေတာင္ဘက္အကန္႔တြင္ သတၱဳပစၥည္းမ်ား ထား႐ွိပါ
- အိမ္သူအိမ္သားမ်ား၏ က်န္းမာေရးပိုမိုေကာင္းမြန္ေစရန္ သင္သည္ ေနအိမ္၏ ေတာင္ဘက္အကန္႔တြင္ သတၱဳပစၥည္းမ်ားကိုလည္း ထား႐ွိႏိုင္ပါသည္။ သတၱဳႏွင့္ျပဳလုပ္ထားသည့္ အလွဆင္ပစၥည္းမ်ားႏွင့္ ပရိေဘာကမ်ားက အသင့္ေလ်ာ္ဆုံးျဖစ္သည္။ သူတို႔က ထိုဧရိယာ႐ွိ အညံ့ဓာတ္အႂကြင္းအက်န္အစအနမ်ားကို ကူညီပေပ်ာက္လြင့္ျပယ္ေစႏိုင္ပါသည္။ ထို႔ေၾကာင့္ သတၱဳပစၥည္းမ်ား ပိုမိုထား႐ွိရန္ လက္မတြန္႔ၾကပါႏွင့္။
(၄) ေမ်ာက္၊ ေခြးႏွင့္ ဝက္ႏွစ္မ်ားတြင္ ေမြးဖြားသူမ်ား
- သင္သည္ အထက္ပါရာသီ႐ုပ္တစ္ခုခုႏွင့္ သက္ဆိုင္ပါသလား? (တစ္နည္းအားျဖင့္ဆိုရေသာ္ သင္သည္ ေမ်ာက္ႏွစ္ သို႔ ေခြးႏွစ္ သို႔ ဝက္ႏွစ္တြင္ ေမြးဖြားသူျဖစ္ပါသလား။ ယင္းရာသီ႐ုပ္သုံးခုသည္ ယခုႏွစ္တြင္ က်န္းမာေရးအညံ့႐ွိၾကသျဖင့္ သင္သည္ ထိုရာသီ႐ုပ္ပိုင္႐ွင္ျဖစ္ပါက က်န္းမာေရးႏွင့္ညီၫြတ္ေစရန္ အတတ္ႏိုင္ဆုံးစားေသာက္ေနထိုင္ျပဳမူသင့္ေပသည္။ လတ္ဆတ္သန္႔႐ွင္းစြာ စားေသာက္ပါ၊ ေလ့က်င့္ခန္းပုံမွန္ျပဳလုပ္ၿပီး ဗီတာမင္ျဖည့္စြက္ေဆးဝါးမ်ား ေသာက္သုံးေပးျခင္း၊ ညဥ့္နက္သည္အထိမေနဘဲ အိပ္ေရးဝဝအိပ္ျခင္းျဖင့္ က်န္းမာေရးကိုေစာင့္ေ႐ွာက္ပါ။ နာမက်န္းျဖစ္သည့္လကၡဏာမ်ား ေပၚလာသည္ႏွင့္တစ္ၿပိင္နက္ ေဆးကုသမႈခ်က္ခ်င္းခံယူပါ။
(၅) ေတာင္ဘက္အကန္႔တြင္ ေနထိုင္သူမ်ား
- အထက္တြင္ဆိုခဲ့ၿပီးသည့္အတိုင္း Two Black Illness Star သည္ ယခုႏွစ္တြင္ ေတာင္အရပ္အား လည္ပတ္သျဖင့္ မိသားစုဝင္မ်ားအနက္ ေတာင္ဘက္အကန္႔တြင္ ေနထိုင္သူမ်ား႐ွိပါက ထိုသူမ်ားကိုလည္း က်န္သူမ်ားထက္ က်န္းမာေရးသတိပိုမို႐ွိေစသင့္ပါသည္။
ေနာက္ၿပီးေတာ့လည္း က်န္းမာတာဟာလည္း ခ်မ္းသာတာပဲဆိုတာကို မေမ့ပါနဲ႔ေနာ္။ အနည္းဆုံးေတာ့ က်န္းမာေနသ၍ ေဆးဖိုးမလိုတာေၾကာင့္ က်န္းမာေအာင္ ဆင္ျခင္စားေသာက္ျပဳမူေနထိုင္ျခင္းဟာ ေငြ႐ွာျခင္းပင္ မဟုတ္ပါလား႐ွင္။
ဒီ COVID-19 ကပ္ေဘးဟာ မေဝးေတာ့တဲ့ကာလမွာ ၿပီးဆုံးသြားဖို႔ ေမွ်ာ္လင့္ရင္း ဖုန္းေ႐ႊခ်စ္သူအားလုံး ကိုယ္စိတ္ႏွစ္ျဖာက်န္းမာ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလ်က္...
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com