1778 ကြိမ် ကြည့်ရှု့ ပြီး
နေအိမ်မှ အလုပ်လုပ် (Work from Home) သူများအတွက် ဖုန်းရွှေ
[Unicode]
သင်ဟာ လူအတော်များများလိုမဟုတ်ဘဲ ပုံမှန်ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် အခိုက်အတန့်မဟုတ်တဲ့ ကာလအပိုင်းအခြားတစ်ခုအနေနဲ့ ယာယီဖြစ်စေ ရုံးမတက်ရဘဲ နေအိမ်ကနေ အလုပ်လုပ်နေရပါသလား။
ဒါဆိုရင် ဒီအချိန်ကို အသုံးချပြီးတော့ သင့်အလုပ်အကိုင်ကို ပိုမိုတိုးတက်ကောင်းမွန်စေလိုက်ပါ။
ဖုန်းရွှေပညာရှင်နှင့် ဂဏန်းဗေဒင်ပညာရှင် ဆူနီတာဆီတာရာက ရုံးမတက်ဘဲ နေအိမ်ကနေ အလုပ်လုပ်နေရစဉ် ‌အကောင်းဓာတ်ခေါ် ချီစွမ်းအင်ကို တိုးတက်စေပြီး သင့်အလုပ်အကိုင်ကို မြှင့်တင်ပေးမယ့် ရိုးရှင်းတဲ့နည်းလမ်းအချို့ကို အောက်ပါအတိုင်း ဝေမျှပေးထားပါတယ်နော်။
▪ အိမ်ဝင်ပေါက်ကို တစ်ပတ်မှာ တစ်ကြိမ်အနည်းဆုံး လှည်းကျင်းပါ။ ဒါက အခွင့်အလမ်းတွေကို သင့်ဆီ တည့်တည့်မတ်မတ်ရောက်လာစေမှာပါ။
▪ စာတိုက်ပုံးကို ကောင်းမွန်စွာ ရှိပါစေ။ တကယ်လို့ သင်က လူတွေကို (အထည်ဒြပ်ရှိတဲ့) စာနဲ့မဟုတ်ဘဲ အီးမေးလ်နဲ့ပဲ အဆက်အသွယ်လုပ်တာဆိုရင်တောင်မှ စာတိုက်ပုံးက အရေးကြီးဆဲပါပဲ။
နေအိမ်မှ အလုပ်လုပ် (Work from Home) သူများအတွက် ဖုန်းရွှေ
▪ အီးမေးလ်နဲ့ ပတ်သက်ပြီး ပြောပါမယ်။ သင့်အီးမေးလ် inbox ထဲက junk mail တွေ မှန်သမျှကို ရှင်းပစ်ပါ။ ဒါ အရေးကြီးပါတယ်။ ကျွန်မလည်း မလိုတော့တဲ့ အီးမေးလ်အစောင် ၁၀၀ ကျော်ကို ခုလေးတင်ပဲ ဖျက်ပြီးတာပါ။
▪ နတ်သားရုပ်တစ်ခုကို အိမ်ရှေ့တံခါးနားမှာ ထားပါ။ ဒါက သင့်ဘဝထဲ အထောက်အကူဖြစ်စေမယ့်လူတွေ ဝင်ရောက်လာခွင့်ကို ပေးပါလိမ့်မယ်။
နေအိမ်မှ အလုပ်လုပ် (Work from Home) သူများအတွက် ဖုန်းရွှေ
▪ သံစုံခေါင်းလောင်းတစ်ခုကိုလည်း အိမ်ရှေ့တံခါးနားမှာ ချိတ်ဆွဲထားပါ။ ဒီနည်းအားဖြင့် သင့်နာမည်ဟာ စကြဝဠာတစ်ခုလုံးကို ဟိန်းသွားပါလိမ့်မယ်။
နေအိမ်မှ အလုပ်လုပ် (Work from Home) သူများအတွက် ဖုန်းရွှေ
▪ ဖရိုဖရဲဖြစ်နေတဲ့စိတ်ကို တည်ငြိမ်စေဖို့ (ငှက်တွေသောက်သုံးဖို့အတွက်) ရေခွက်တစ်ခွက်ကို သင့်အိမ်ရှေ့တံခါးနားမှာပဲ ထားလိုက်ပါ။ အဲဒီငှက်သောက်သုံးရေခွက်ထဲက ငြိမ်နေတဲ့ရေက သင့်စိတ်ထဲမှာ တည်ငြိမ်တဲ့စွမ်းအင်တွေကို အားကောင်းစေပါလိမ့်မယ်။
Work from Home လုပ်နေကြတဲ့ ဖုန်းရွှေချစ်သူအားလုံးပဲ နေအိမ်ကနေ အလုပ်လုပ်တယ်ဆိုပေမဲ့လည်း ခရီးမပန်းဘဲ ရုံးတက်ရသလိုမျိုး အဆင်ပြေချောမွေ့စွာနဲ့ လုပ်ငန်းဆောင်တာတွေကို အကျိုးဖြစ်ထွန်းတိုးတက်စွာ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
အခြား အိမ်ခြံမြေ ဖုန်းရွှေ ဆောင်းပါးများ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)