3615 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

အေးချမ်းသောနေအိမ်ဖြစ်စေရန် ဖုန်းရွှေနည်းကျ လွယ်ကူစွာအလှဆင်နည်း

### Unicode Version ###

တရုတ်နှစ်သစ်ရဲ့ နှစ်ဦးကာလနဲ့လိုက်ဖက်ညီစွာ ယခုဖော်ပြပေးသွားမှာကတော့ နေအိမ်အတွင်း အေးချမ်းကြွယ်ဝပြည့်စုံတဲ့နေရာလေးတွေဖန်တီးခြင်းအားဖြင့် သင်တို့အိမ်သားတွေကို အိမ်မှာပျော်ရွှင်နေစေဖို့ ကူညီပေးမယ့် တရုတ်ရှေးဟောင်းဖုန်းရွှေနည်းကျ အလှဆင်နည်းအချက်အလက်အချို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အေးချမ်းကြွယ်ဝပြည့်စုံတဲ့ ခွေးနှစ်သစ်အတွက် သင့်အိမ်မှာ အကောင်းဓာတ်ပမာဏတိုးပွားစေဖို့ အောက်ပါလွယ်ကူတဲ့ဖုန်းရွှေအိမ်အလှဆင်နည်း အဆင့် (၅) ဆင့်ကို လိုက်ပါလုပ်ဆောင်ကြည့်လိုက်ပါ။

၁။ သင့်အိမ်ကို သန့်ရှင်းသပ်ရပ်စေပါ။

အေးချမ်းသောနေအိမ်ဖြစ်စေရန် ဖုန်းရွှေနည်းကျ လွယ်ကူစွာအလှဆင်နည်း

သင့်အိမ်ကို သန့်ရှင်းသပ်ရပ်စေတဲ့အခါ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ဖုန်တွေစုဆောင်းတဲ့အရာဝတ္ထုအရေအတွက်ကို လျှော့ချပစ်ဖို့ပါပဲ။

ဖုန်းရွှေအနုပညာဖန်တီးရာမှာ တစ်ခုတည်းသောအရေးကြီးဆုံးရည်ရွယ်ချက်ကို ပြောပါဆိုရင် ချီစွမ်းအင်လို့ခေါ်တဲ့ အကောင်းဓာတ်တွေကို သင့်အိမ်အတွင်း စီးဆင်းခွင့်ပြုစေတာပါပဲ။ ချီစွမ်းအင်က ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ ကံကောင်းခြင်းတွေကို ဆောင်ကြဉ်းပေးပါတယ်။

ပရိဘောဂတွေအောက်က ပစ္စည်းပစ္စယတွေ၊ ကျပ်ညပ်ဖရိုဖရဲဖစ်နေတဲ့ စာအုပ်စင်တွေနဲ့ အဝတ်ဗီရိုတွေ၊ သက်တမ်းလွန် ဒါမှမဟုတ် ကျိုးပဲ့နေတဲ့ ပစ္စည်းတွေ စတာတွေအားလုံးဟာ ချီစွမ်းအင်စီးဆင်းမှုအပေါ် သက်ရောက်မှုရှိပါတယ်။ အဝတ်ဗီရိုတွေ၊ ကုတင်အောက်နေရာနဲ့ ဗီရိုတွေစင်တွေအားလုံးမှာ ရှင်းလင်းရေးလုပ်ဆောင်ဖို့အချိန်ရောက်ပါပြီ။ သိမ်းထားရမှာတွေကို ဆက်သိမ်းထားပြီး အသုံးမလိုတော့တာတွေ၊ ဟောင်းနွမ်းကုန်တာတွေကို လှူသင့်တာလှူပြီး လွှင့်ပစ်သင့်တာလွှင့်ပစ်ပါ။


၂။ နေအိမ်အတွင်း လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းမွန်စွာ ရှိပါစေ။

အေးချမ်းသောနေအိမ်ဖြစ်စေရန် ဖုန်းရွှေနည်းကျ လွယ်ကူစွာအလှဆင်နည်း

နေအိမ်အတွင်း စွမ်းအင်ကောင်းအမြဲတစေစီးဆင်းနေစေဖို့ဆိုရင် လေနဲ့အလင်းရောင် ကောင်းကောင်းရှင်သန်လှုပ်ရှားနေရပါမယ်။ အဆင့် ၁ ပါအတိုင်း သင့်အိမ်ကိုသန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ပြီးပြီဆိုရင် စွမ်းအင်စီးဆင်းဖို့က လွယ်ကူသွားပါပြီ။ အခုထပ်ပြီးတော့ လေကြောင်းပိုမိုစီးဆင်းစေဖို့ ပြတင်းပေါက်တွေကို ဖွင့်လိုက်ပါ။

မှန်၊ ကြည့်မှန်နှင့် ပြတင်းအားလုံးကို သန့်ရှင်းနေအောင်ထားခြင်းဖြင့် အလင်းရောင်ဝင်ရောက်မှုကို တိုးမြှင့်ပါ။ အလင်းရောင်ကောင်းကောင်းမရတဲ့နေရာ ရှိတယ်ဆိုရင်လည်း လျှပ်စစ်မီးအလင်းရောင် ကူပေးတာ ဒါမှမဟုတ် တခြားနေရာကသဘာဝအလင်းကို မှန်နဲ့အလင်းပြန်စေတာတို့ လုပ်ဆောင်ပေးပါ။

၃။ သစ်ပင်များ ထည့်သွင်းထားရှိပါ။

အေးချမ်းသောနေအိမ်ဖြစ်စေရန် ဖုန်းရွှေနည်းကျ လွယ်ကူစွာအလှဆင်နည်း

ဖုန်းရွှေမှာ လေစီးဆင်းမှုက အရေးပါတယ်ဆိုတဲ့နေရာမှာ ၎င်းလေက သန့်စင်ရပါမယ်။ ဒီအတွက် သစ်ပင်တွေက မရှိမဖြစ်လိုအပ်လာပါပြီ။ သစ်ပင်တွေက လေထုကို သယစ်ထုတ်သန့်စင်ပေးပြီး ပတ်ဝန်းကျင်ကို သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် ဖန်တီးပေးပါတယ်။ ဒါ့အပြင် သစ်ပင်တွေဟာ သူတို့အသက်ရှင်ဖို့ခွန်အားအတွက် တက်ကြွတဲ့ချီစွမ်းအင်တွေကိုလည်း ဆွဲဆောင်ပါတယ်။ ဒါကြောင့် သစ်ပင်တွေကို ကျန်းမာသန်စွမ်းအောင် စောင့်ရှောက်တာဟာ စွမ်းအင်ကောင်းတွေကို ဆွဲဆောင်တာနဲ့အတူတူပါပဲ။

ရှားစောင်းပင်လိုမျိုး ရေမလို၊ အချွန်အတက်တွေပါတဲ့ အပင်တွေကတော့ ဖုန်းရွှေမှာမကောင်းတဲ့အပင်တွေမို့ ရှောင်ရှားရပါမယ်။

သင့်အိမ်ထဲဖိတ်ခေါ်ဖို့အကောင်းဆုံးအပင်အချို့ကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။ အောက်ပါအပင်အများစုက ပြုပြင်ထိန်းသိမ်းစရာသိပ်မလိုသလို နေအိမ်အတွင်းလည်း ကောင်းမွန်စွာအလုပ်လုပ်ပါတယ်။

အလှစိုက်ဝါးပင်

ငြိမ်းချမ်းရေးလီလီပန်းပင်

ရော်ဘာပင်

အင်္ဂလန်အိုင်ဗီပင်

ဇီးပင်

 

၄။ အရောင်နှင့်ဆက်စပ်သည့်စွမ်းအင်များကို အသက်သွင်းလှုံ့ဆော်ရန် သင့်စိတ်ကြိုက်အရောင်များ ပိုမိုထည့်သွင်းပါ။

အေးချမ်းသောနေအိမ်ဖြစ်စေရန် ဖုန်းရွှေနည်းကျ လွယ်ကူစွာအလှဆင်နည်း

ဖုန်းရွှေမှာ အရောင်တွေက အလွန်အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိပါတယ်။ နံရံပန်းချီတွေ၊ အလှဆင်ပစ္စည်းတွေမှာ အရောင်တွေသုံးပါ ဒါမှမဟုတ် ဆေးသုတ်ပါ။

အရောင်တစ်ခုခြင်းစီရဲ့ နှိုးဆွတဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အနီ - ကံကောင်းခြင်းနှင့် ချမ်းသာခြင်း

လိမ္မော် - ပျော်ရွှင်မြုးတူးခြင်း

အဝါ - စိတ်ပိုင်းဆိုင်ရာနှိုးဆွခြင်းနှင့် စွမ်းအား

အစိမ်း - ငြိမ်းချမ်းခြင်း၊ ဟန်ချက်ညီခြင်း၊ အနာကျက်ကုစားခြင်း

အပြာ - တည်ငြိမ်မှု၊ အဆက်အသွယ်၊ ယုံကြည်သက်ဝင်မှု

အဖြူ - သန့်ရှင်းစင်ကြယ်မှု

အနက် - ခွန်အား/စွမ်းအား (အထူးသဖြင့် အနီနှင့်တွဲပါက)

အညို - စောင့်ရှေက်အားပေးထောက်ပံ့ခြင်း


၅။ ယင် နှင့် ယန် ဖန်တီးပါ။

အေးချမ်းသောနေအိမ်ဖြစ်စေရန် ဖုန်းရွှေနည်းကျ လွယ်ကူစွာအလှဆင်နည်း

အရာရာတိုင်းမှာ ယင်နဲ့ယန် (ယေဘုယျအားဖြင့် အမဓာတ်နဲ့အဖိုဓာတ်) လို့ခေါ်တဲ့ ဆန့်ကျင်ဘက်ဆိုပေမဲ့လည်း ချိတ်ဆက်မှုရှိတဲ့အင်အားနှစ်ခု ရှိတယ်လို့ ဖုန်းရွှေချစ်သူတွေက ယုံကြည်ကြပါတယ်။ အမှောင်နဲ့အလင်း ဒါမှမဟုတ် နေ့နဲ့ည လိုမျိုး တစ်ခုနဲ့တစ်ခု မရှိဘဲ မနေနိုင်ကြတဲ့ ဆန့်ကျင်ဘက်ဟန်ချက်ညီမှတွေပဲ ဖြစ်ပါတယ်။ နေအိမ်မှာ အလှဆင်တဲ့အခါ ဒီနည်းကိုသုံးပြီး ဟန်ချက်ညီအောင် ဖနိတီးသင့်ပါတယ်။

အခုဆိုရင် အေးချမ်းသောနေအိမ်ဖြစ်စေဖို့ ဖုန်းရွှေနည်းကျ လွယ်လွယ်ကူကူ ဘယ်လိုအလှဆင်ရမလဲဆိုတာကို သိချင်နေကြတဲ့ ဖုန်းရွှေချစ်သူတွေအားလုံး ကျေနပ်ကြမယ်လို့ မျှော်လင့်လျက်...


ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ေအးခ်မ္းေသာေနအိမ္ျဖစ္ေစရန္ ဖုန္းေရႊနည္းက် လြယ္ကူစြာအလွဆင္နည္း


တ႐ုတ္ႏွစ္သစ္ရဲ႕ ႏွစ္ဦးကာလနဲ႔လိုက္ဖက္ညီစြာ ယခုေဖာ္ျပေပးသြားမွာကေတာ့ ေနအိမ္အတြင္း ေအးခ်မ္းႂကြယ္ဝျပည့္စံုတဲ့ေနရာေလးေတြဖန္တီးျခင္းအားျဖင့္ သင္တို႔အိမ္သားေတြကို အိမ္မွာေပ်ာ္ရႊင္ေနေစဖို႔ ကူညီေပးမယ့္ တ႐ုတ္ေ႐ွးေဟာင္းဖုန္းေရႊနည္းက် အလွဆင္နည္းအခ်က္အလက္အခ်ဳိ႕ပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ ေအးခ်မ္းႂကြယ္ဝျပည့္စံုတဲ့ ေခြးႏွစ္သစ္အတြက္ သင့္အိမ္မွာ အေကာင္းဓာတ္ပမာဏတိုးပြားေစဖို႔ ေအာက္ပါလြယ္ကူတဲ့ဖုန္းေရႊအိမ္အလွဆင္နည္း အဆင့္ (၅) ဆင့္ကို လိုက္ပါလုပ္ေဆာင္ၾကည့္လိုက္ပါ။

၁။ သင့္အိမ္ကို သန္႔႐ွင္းသပ္ရပ္ေစပါ။

သင့္အိမ္ကို သန္႔႐ွင္းသပ္ရပ္ေစတဲ့အခါ အေကာင္းဆံုးနည္းလမ္းတစ္ခုကေတာ့ ဖုန္ေတြစုေဆာင္းတဲ့အရာဝတၳဳအေရအတြက္ကို ေလ်ွာ့ခ်ပစ္ဖို႔ပါပဲ။

ဖုန္းေရႊအႏုပညာဖန္တီးရာမွာ တစ္ခုတည္းေသာအေရးႀကီးဆံုးရည္ရြယ္ခ်က္ကို ေျပာပါဆိုရင္ ခ်ီစြမ္းအင္လို႔ေခၚတဲ့ အေကာင္းဓာတ္ေတြကို သင့္အိမ္အတြင္း စီးဆင္းခြင့္ျပဳေစတာပါပဲ။ ခ်ီစြမ္းအင္က က်န္းမာျခင္း၊ ခ်မ္းသာျခင္းနဲ႔ ကံေကာင္းျခင္းေတြကို ေဆာင္ၾကဥ္းေပးပါတယ္။

ပရိေဘာဂေတြေအာက္က ပစၥည္းပစၥယေတြ၊ က်ပ္ညပ္ဖ႐ိုဖရဲဖစ္ေနတဲ့ စာအုပ္စင္ေတြနဲ႔ အဝတ္ဗီ႐ိုေတြ၊ သက္တမ္းလြန္ ဒါမွမဟုတ္ က်ဳိးပဲ့ေနတဲ့ ပစၥည္းေတြ စတာေတြအားလံုးဟာ ခ်ီစြမ္းအင္စီးဆင္းမႈအေပၚ သက္ေရာက္မႈ႐ွိပါတယ္။ အဝတ္ဗီ႐ိုေတြ၊ ကုတင္ေအာက္ေနရာနဲ႔ ဗီ႐ိုေတြစင္ေတြအားလံုးမွာ ႐ွင္းလင္းေရးလုပ္ေဆာင္ဖို႔အခ်ိန္ေရာက္ပါၿပီ။ သိမ္းထားရမွာေတြကို ဆက္သိမ္းထားၿပီး အသံုးမလိုေတာ့တာေတြ၊ ေဟာင္းႏြမ္းကုန္တာေတြကို လွဴသင့္တာလွဴၿပီး လႊင့္ပစ္သင့္တာလႊင့္ပစ္ပါ။


၂။ ေနအိမ္အတြင္း ေလဝင္ေလထြက္ေကာင္းၿပီး အလင္းေရာင္ေကာင္းမြန္စြာ ႐ွိပါေစ။

ေနအိမ္အတြင္း စြမ္းအင္ေကာင္းအျမဲတေစစီးဆင္းေနေစဖို႔ဆိုရင္ ေလနဲ႔အလင္းေရာင္ ေကာင္းေကာင္း႐ွင္သန္လႈပ္႐ွားေနရပါမယ္။ အဆင့္ ၁ ပါအတိုင္း သင့္အိမ္ကိုသန္႔႐ွင္းသပ္ရပ္ေအာင္ ေဆာင္ရြက္ၿပီးၿပီဆိုရင္ စြမ္းအင္စီးဆင္းဖို႔က လြယ္ကူသြားပါၿပီ။ အခုထပ္ၿပီးေတာ့ ေလေၾကာင္းပိုမုိစီးဆင္းေစဖို႔ ျပတင္းေပါက္ေတြကို ဖြင့္လိုက္ပါ။

မွန္၊ ၾကည့္မွန္ႏွင့္ ျပတင္းအားလံုးကို သန္႔႐ွင္းေနေအာင္ထားျခင္းျဖင့္ အလင္းေရာင္ဝင္ေရာက္မႈကို တိုးျမႇင့္ပါ။ အလင္းေရာင္ေကာင္းေကာင္းမရတဲ့ေနရာ ႐ွိတယ္ဆိုရင္လည္း လ်ွပ္စစ္မီးအလင္းေရာင္ ကူေပးတာ ဒါမွမဟုတ္ တျခားေနရာကသဘာဝအလင္းကို မွန္နဲ႔အလင္းျပန္ေစတာတို႔ လုပ္ေဆာင္ေပးပါ။

၃။ သစ္ပင္မ်ား ထည့္သြင္းထား႐ွိပါ။

ဖုန္းေရႊမွာ ေလစီးဆင္းမႈက အေရးပါတယ္ဆိုတဲ့ေနရာမွာ ၎ေလက သန္႔စင္ရပါမယ္။ ဒီအတြက္ သစ္ပင္ေတြက မ႐ွိမျဖစ္လိုအပ္လာပါၿပီ။ သစ္ပင္ေတြက ေလထုကို သယစ္ထုတ္သန္႔စင္ေပးၿပီး ပတ္ဝန္းက်င္ကို သန္႔႐ွင္းၿပီး က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ ဖန္တီးေပးပါတယ္။ ဒါ့အျပင္ သစ္ပင္ေတြဟာ သူတို႔အသက္႐ွင္ဖို႔ခြန္အားအတြက္ တက္ႂကြတဲ့ခ်ီစြမ္းအင္ေတြကိုလည္း ဆြဲေဆာင္ပါတယ္။ ဒါေၾကာင့္ သစ္ပင္ေတြကို က်န္းမာသန္စြမ္းေအာင္ ေစာင့္ေ႐ွာက္တာဟာ စြမ္းအင္ေကာင္းေတြကို ဆြဲေဆာင္တာနဲ႔အတူတူပါပဲ။

႐ွားေစာင္းပင္လိုမ်ဳိး ေရမလို၊ အခြၽန္အတက္ေတြပါတဲ့ အပင္ေတြကေတာ့ ဖုန္းေရႊမွာမေကာင္းတဲ့အပင္ေတြမို႔ ေ႐ွာင္႐ွားရပါမယ္။

သင့္အိမ္ထဲဖိတ္ေခၚဖို႔အေကာင္းဆံုးအပင္အခ်ဳိ႕ကို ေအာက္ပါအတိုင္းေဖာ္ျပေပးလိုက္ပါတယ္။ ေအာက္ပါအပင္အမ်ားစုက ျပဳျပင္ထိန္းသိမ္းစရာသိပ္မလိုသလို ေနအိမ္အတြင္းလည္း ေကာင္းမြန္စြာအလုပ္လုပ္ပါတယ္။

အလွစိုက္ဝါးပင္

ၿငိမ္းခ်မ္းေရးလီလီပန္းပင္

ေရာ္ဘာပင္

အဂၤလန္အိုင္ဗီပင္

ဇီးပင္

၄။ အေရာင္နွင့္ဆက္စပ္သည့္စြမ္းအင္မ်ားကို အသက္သြင္းလႈံ႕ေဆာ္ရန္ သင့္စိတ္ႀကိဳက္အေရာင္မ်ား ပိုမိုထည့္သြင္းပါ။

ဖုန္းေရႊမွာ အေရာင္ေတြက အလြန္အေရးပါတဲ့အခန္းက႑မွာ ႐ွိပါတယ္။ နံရံပန္းခ်ီေတြ၊ အလွဆင္ပစၥည္းေတြမွာ အေရာင္ေတြသံုးပါ ဒါမွမဟုတ္ ေဆးသုတ္ပါ။

အေရာင္တစ္ခုျခင္းစီရဲ႕ ႏႈိးဆြတဲ့အရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အနီ - ကံေကာင္းျခင္းႏွင့္ ခ်မ္းသာျခင္း

လိေမၼာ္ - ေပ်ာ္ရႊင္ျမဳးတူးျခင္း

အဝါ - စိတ္ပိုင္းဆိုင္ရာႏိႈးဆြျခင္းႏွင့္ စြမ္းအား

အစိမ္း - ၿငိမ္းခ်မ္းျခင္း၊ ဟန္ခ်က္ညီျခင္း၊ အနာက်က္ကုစားျခင္း

အျပာ - တည္ၿငိမ္မႈ၊ အဆက္အသြယ္၊ ယံုၾကည္သက္ဝင္မႈ

အျဖဴ - သန္႔႐ွင္းစင္ၾကယ္မႈ

အနက္ - ခြန္အား/စြမ္းအား (အထူးသျဖင့္ အနီႏွင့္တြဲပါက)

အညိဳ - ေစာင့္ေ႐ွက္အားေပးေထာက္ပံ့ျခင္း


၅။ ယင္ ႏွင့္ ယန္ ဖန္တီးပါ။

အရာရာတိုင္းမွာ ယင္နဲ႔ယန္ (​ေယဘုယ်အားျဖင့္ အမဓာတ္နဲ႔အဖိုဓာတ္) လို႔ေခၚတဲ့ ဆန္႔က်င္ဘက္ဆိုေပမဲ့လည္း ခ်ိတ္ဆက္မႈ႐ွိတဲ့အင္အားႏွစ္ခု ႐ွိတယ္လို႔ ဖုန္းေရႊခ်စ္သူေတြက ယံုၾကည္ၾကပါတယ္။ အေမွာင္နဲ႔အလင္း ဒါမွမဟုတ္ ေန႔နဲ႔ည လိုမ်ဳိး တစ္ခုနဲ႔တစ္ခု မ႐ွိဘဲ မေနႏိုင္ၾကတဲ့ ဆန္႔က်င္ဘက္ဟန္ခ်က္ညီမွေတြပဲ ျဖစ္ပါတယ္။ ေနအိမ္မွာ အလွဆင္တဲ့အခါ ဒီနည္းကိုသံုးၿပီး ဟန္ခ်က္ညီေအာင္ ဖနိတီးသင့္ပါတယ္။

အခုဆိုရင္ ေအးခ်မ္းေသာေနအိမ္ျဖစ္ေစဖို႔ ဖုန္းေရႊနည္းက် လြယ္လြယ္ကူကူ ဘယ္လိုအလွဆင္ရမလဲဆိုတာကို သိခ်င္ေနၾကတဲ့ ဖုန္းေရႊခ်စ္သူေတြအားလံုး ေက်နပ္ၾကမယ္လို႔ ေမ်ွာ္လင့္လ်က္...


ခင္ေအးခ်မ္း ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)