Kantharyar Center အရောင်းပြပွဲ အောင်မြင်ခဲ့ပုံနှင့် ပတ်သက်၍ Marketing Director ဦးခင်မောင်ဖြူနှင့် တွေ့ဆုံမေးမြန်းခြင်း - Testimonial on Property from iMyanmarHouse.com
874 ကြိမ် ကြည့်ရှု့ ပြီး

Kantharyar Center အရောင်းပြပွဲ အောင်မြင်ခဲ့ပုံနှင့် ပတ်သက်၍ Marketing Director ဦးခင်မောင်ဖြူနှင့် တွေ့ဆုံမေးမြန်းခြင်း

Interviewed by Yin Mon Htoo (iMyanmarHouse.com)

မေး။ ။ ဒီ Kantharyar Residence မှာ တာဝန်ယူထားတဲ့အပိုင်းလေးကို သိချင်ပါတယ်ရှင်။

ဖြေ။ ။အဓိကတော့ အန်ကယ်က ဒီ Residence မှာ Marketing ပိုင်းနဲ့ တာဝန်ယူပြီး ပိုပြီးရောင်းအားကောင်းအောင် လုပ်ကိုင်ပေးရတယ်ပေါ့နော်။

မေး။ ။အခြားကွန်ဒိုတွေနဲ့ ယှဉ်ရင် ဒီ Kantharyar Residence ရဲ့ အဓိက အားသာချက်က ဘာများဖြစ်မလဲရှင့်။

ဖြေ။ ။ဒီအဆောက်အဦး စပြီး တည်ဆောက်တည်းက Residence တစ်လုံးပဲ ရှိတယ်လေ။ မြေဧက (၃.၈)ဧကပေါ်မှာ အဆောက်အဦး Residence ၊ Office Tower ၊Service Apartment ၊Hotel and Commercial ဆိုပြီး ၄ လုံး တည်ဆောက်ခဲ့တယ်။ ကန်သယာဆိုတဲ့ အမျိုးအစားအောက်မှာ အဆောက်အဦးအမျိုးအစား ၅ မျိုးနဲ့ တည်ဆောက်ခဲ့တယ်ပေါ့။

Residence ရဲ့ အားသာချက်က နံပါတ်(၁)ကတော့ လုံခြုံမှုပေါ့နော် ၊ နံပါတ်(၂)ကတော့ လူတိုင်းလိုချင်တဲ့ အရာပေါ့နော်၊
အနီးပတ်ဝန်းကျင်မှာ အချိန်မကုန်ဘဲ အပန်းဖြေလို့ရတယ်၊ ဈေးဝယ်လို့ရတယ် ၊ နိုင်ငံတကာရဲ့ ဈေးကွက်ကို ထိုးဖောက်နိုင်မယ့် Office tower ရှိတယ်။ ကိုယ့်အိမ်မှာ ဧည့်သည်လာရင်တောင် အနီးနားမှာ ဟိုတယ်ရှိတယ် Commercial ရှိတယ်။

မေး။ ။ဒီ April (5,6,7) မှာ iMyanmarHouse နဲ့ ပူးပေါင်းပြီး အရောင်းပြပွဲပြုလုပ်တယ်လို့ သိရပါတယ်။အဲ့ဒီအပေါ်မှာရော

အန်ကယ်အနေနဲ့ စိတ်ကျေနပ်မှု ရှိမရှိ သိချင်ပါတယ်ရှင့်။

ဖြေ။ ။စိတ်ကျေနပ်မှု ရှိပါတယ်။ ကိုယ့်မြန်မာနိုင်ငံက ကိုယ့်လူမျိုးတွေရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တာကို iMyanmarHouse အနေနဲ့ ထိုးဖောက်ဝင်ရောက်လာတယ်။ နိုင်ငံတော်ဈေးကွက်ကြောင့် ဈေးကွက်အေးသွားတယ်ပေါ့။ Kantharyar Residence ရဲ့ အားသာချက်တွေကို iMyanmarHouse က အများသိအောင် ကြော်ငြာပေးတယ်။ ကြော်ငြာပေးခြင်းက ရောင်းတဲ့အခါမှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ အခုလိုမျိုး ရောင်းရတာကလည်း iMyanmarhouse ရဲ့ ကြိုးစားမှုကြောင့်ပါ။

မေး။ ။iMyanmarHouse အပေါ်မှာရော အန်ကယ့်အနေနဲ့ အကြံပြုချင်တာ ရှိပါသလားရှင့်။

ဖြေ။ ။အဓိက အကြံပြုချင်တာကတော့ အခုလို ပွင့်လင်းမြင်သာတဲ့ ဈေးကွက်ထဲမှာ ဝန်ထမ်းတွေလည်း ဒီထက်ပိုပြီး ကြိုးစားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ iMyanmarhouse က လုပ်ကိုင်ခွင့်တွေရတာနဲ့ အန်ကယ်တို့လူမျိုးတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများမယ်။ဈေးကွက်မှာလည်း အောင်မြင်မှုတွေရမယ်။Marketing ပညာအောက်မှာ
iMyanmarHouse အနေနဲ့ ဒီထက်ပိုကောင်းတဲ့ တိုးတတ်မယ့် နည်းတွေ ရှာပါလို့ အကြံပြုချင်ပါတယ်။

(iMyanmarHouse.com အား ဤကဲ့သို့ ထောက်ခံအားပေးချက်များ ပြုလုပ်လိုပါက ဆက်သွယ်နိုင်ပါသည်။ ဆက်သွယ်ရန် ဤနေရာ ကိုနှိပ်ပါ။)

အခြား ထောက်ခံအားပေးချက်များ

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)