ဆုံဆည်းရာ အကျိုးဆောင်ရဲ့ ထောက်ခံအားပေးချက် - Testimonial on Property from iMyanmarHouse.com
1022 ကြိမ် ကြည့်ရှု့ ပြီး

ဆုံဆည်းရာ အကျိုးဆောင်ရဲ့ ထောက်ခံအားပေးချက်

Interviewed by Yin Mon Htoo (iMyanmarHouse.com)

ကျွန်တော်ကတော့ Rendezvous (ဆုံဆည်းရာ) အကျိုးဆောင်ရဲ့ Managing Director ဦးကိုကိုလတ် ဖြစ်ပါတယ်။တာဝန်ယူမှုအပိုင်းကတော့ ကျွန်တော်တို့က ရောင်းသူ နဲ့ ဝယ်သူ တို့ရဲ့ လုပ်ငန်းတွေကို မှန်။မမှန် စိစစ်ပေးရပါတယ်။ မှန်ကန်ပြီဆိုတော့မှ ရောင်းသူ နဲ့ ဝယ်သူကို ချိတ်ဆက်ပေးပြီး အကျိုးဆောင်ပေးပါတယ်။

iMyanmarHouse.com နဲ့ စတင်လက်တွဲ လုပ်ကိုင်ဖြစ်ခဲ့ပုံ????
iMyanmar နဲ့က ကျွန်တော်တို့ 2017 တည်းက လက်တွဲ လုပ်ကိုင်ဖြစ်ခဲ့တာပါ။

Rendezvous Ko Latt Real Estate ကို စတင်လုပ်ကိုင်ဖြစ်ခဲ့ပုံ????
2010 လောက်မှာ ကျွန်တော်တစ်ယောက်တည်း အကျိုးဆောင်လုပ်ငန်းကို ကြိုးစားလုပ်ကိုင်ဖြစ်ခဲ့ပါတယ်။

Rendezvous Ko Latt Real Estate မှ Customer တွေအတွက် ဆောင်ရွက်ပေးသော ဝန်ဆောင်မှုများ???
ဘယ်သူပဲဖြစ်ဖြစ် ကျောသားရင်သား မခွဲခြားဘဲ လုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ပေးတဲ့ အလေ့အထလေးနဲ့ ဘယ် customer ဖြစ်ဖြစ် နွေးထွေးစွာ ကြိုဆိုပါတယ်။

ဘယ်လိုအမျိုးအစားတွေကို အများဆုံး အကျိုးဆောင်ပေးပါသလဲ ??
အဓိကကတော့ customer ရဲ့ need & requirement ပါ။ customer က လုံးချင်းပဲဖြစ်ဖြစ် တိုက်ခန်းပဲဖြစ်ဖြစ် ရောင်းချင်တာပဲဖြစ်ဖြစ် ဝယ်ချင်တာပဲဖြစ်ဖြစ် customer ရဲ့ လိုအပ်ချက်ကို အဓိကထား ဆောင်ရွက်ပေးပါတယ်။

ဘယ်မြို့နယ်တွေကို အများဆုံး ဆောင်ရွက်ပေးသလဲ ???
ဘယ်မြို့နယ်ရယ်မဟုတ်ပါဘူး၊ customer ရဲ့ လိုအပ်ချက်အတိုင်း မြို့နယ်စုံကို ဆောင်ရွက်ပေးပါတယ်။

အရောင်း နှင့် အငှား ဘယ်ဟာကို အများဆုံး အပ်နှံကြသလဲ ??
အရောင်း/အငှား အားလုံးတော့ အပ်နှံကြပါတယ်။ အခုလက်ရှိအခြေအနေအရတော့ အငှားလေးတွေတော့ အလုပ်ဖြစ်ပါတယ်။ အရောင်းကတော့ နည်းနည်း အေးနေသေးတယ်ပေါ့။

အရောင်းဈေးကွက် အငှားဈေးကွက် ဘယ်ဟာ အလုပ်ပိုဖြစ်လဲ??
အရောင်း၊ အဝယ် မြေကွက်၊ လုံးချင်းလေးတွေတော့ ဖြစ်ပါတယ်။ အားလုံးခြုံပြောရရင်တော့ အငှားလေးတွေ ပိုဖြစ်ပါတယ်။ နယ်ကလူတွေ တိုက်ခန်းလေးတွေ ငှားမယ်၊ လက်ရှိ ရုံးနေသူတွေ သူဌေးက ငှားပေးတာတွေရှိတယ်။ နိုင်ငံခြားသားတွေ လုပ်ငန်းလုပ်တာလေးတွေ ငှားမယ်။အရောင်းထက် အငှားလေးတော့ ပိုများပါတယ်။

customer တွေအတွက် ပြောချင်တဲ့စကား ??
customer က ကိုယ့်မှာ ရှိတဲ့ ငွေကြေးနဲ့ ဝယ်မယ်လို့ ဆုံးဖြတ်တယ်ဆိုရင် ကျွန်တော် အကြံဥာဏ် ပေးချင်တာကတော့ တကယ်နားလည် တတ်ကျွမ်းတဲ့ အကျိုးဆောင်ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ဝယ်စေချင်ပါတယ်။

iMyanmarHouse.com အပေါ် အမြင် ??
ကျွန်တော်တို့က iMyanmarHouse ကို ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ iMyanmarHouse က အိမ်ခြံမြေနဲ့ပတ်သက်ရင် အဘိဓာန်တစ်ခုပါပဲ။ Dictionary တစ်ခုဖြစ်တယ်ဆိုတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။အရင်က ကိုယ်ပိုင်ဝက်ဘ်ဆိုက်နဲ့ ကြော်ငြာလေးတွေ တင်ပြီး ရောင်းဖို့ ကြိုးစားခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူး၊ နောက် iMyanmar ပေါ်လာတော့ iMyanmar ကို ရောင်းချင်တဲ့ အချက်အလက်တွေကို တင်လိုက်တဲ့အတွက်မို့ customer တွေ တော်တော်များများက ရောင်းဝယ်ငှားလိုအပ်လာရင် iMyanmar မှာ ဝင်ရှာပြီး ကျွန်တော်တို့ တင်ထားတာလေးတွေ တွေ့ရင် ကျွန်တော်တို့ကို တိုက်ရိုက် ဆက်သွယ်လာကြပါတယ်။ ကျွန်တော်ပြောချင်တာက iMyanmar ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ရောင်းချင်တာတွေကို ရှာဖွေစုစောင်းသိမ်းဆည်းပြီး customer တွေကို ပြနိုင်တဲ့ စွမ်းအား iMyanmar မှာ ရှိတယ်ဆိုတာကို လက်ခံယုံကြည်ပါတယ်။

ဆက်သွယ်လို့ရမယ့် လိပ်စာ နဲ့ ဖုန်းနံပါတ် ????
(၉)လွှာ(ဓါတ်လှေကားပါ)၊ အမှတ်(၇၅)၊ ၈-လမ်း၊ (၃)ရပ်ကွက်၊ လမ်းမတော်မြို့နယ်။
09-777779995, 09777770075,01228860

(iMyanmarHouse.com အား ဤကဲ့သို့ ထောက်ခံအားပေးချက်များ ပြုလုပ်လိုပါက ဆက်သွယ်နိုင်ပါသည်။ ဆက်သွယ်ရန် ဤနေရာ ကိုနှိပ်ပါ။)

အခြား ထောက်ခံအားပေးချက်များ

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)