9th Avenue Residence အောင်မြင်စွာ ရောင်းချခဲ့ပုံနှင့် ပတ်သက်၍ Hillman Land ကုမ္ပဏီ၏ ဝမ်းသာပီတိစကား - Testimonial on Property from iMyanmarHouse.com
889 ကြိမ် ကြည့်ရှု့ ပြီး

9th Avenue Residence အောင်မြင်စွာ ရောင်းချခဲ့ပုံနှင့် ပတ်သက်၍ Hillman Land ကုမ္ပဏီ၏ ဝမ်းသာပီတိစကား

Interviewed by Yin Mon Htoo (iMyanmarHouse.com)

9th Avenue Residence Project မိတ်ဆက်ပွဲကို ရန်ကုန်မြို့ Melia Hotel မှာ ၁၅၊ ၁၆ ရက် June လမှာ အရောင်းပြပွဲ ကျင်းပခဲ့ပါတယ်။"အရောင်းပြပွဲ ကျင်းပချိန်မှာ ကျွန်တော်တို့အားလုံး ကြိုးစားရမယ်ဆိုတာတွေ့ရပြီး အောင်အောင်မြင်မြင်ပြီးဆုံးသွားတဲ့အတွက် ကျွန်တော်တို့ Hillman Land ကုမ္ပဏီအနေနဲ့ အလွန်ပဲ ဝမ်းမြောက်ဝမ်းသာ ရှိခဲ့တယ်၊ ဝယ်ယူသွားတဲ့ Customer တွေကိုလည်း သိပ်ကျေးဇူးတင်တယ်၊ ပူးပေါင်းဆောင်ရွက်ပေးတဲ့ iMyanmarHouse ကိုလည်း အများကြီး အသိအမှတ်ပြုပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်"လို့ Hillman Land ကုမ္ပဏီ၏ Founder & MD ကိုလွင်နိုင်ကျော်မှ ပြောပါတယ်။

"အရောင်းပြပွဲရဲ့ အခြေအနေကတော့ အားလုံးလည်း သိတဲ့အတိုင်းပဲ ကျွန်တော်တို့ရဲ့ အောင်မြင်မှု၊ iMyanmarHouse ရဲ့ အောင်မြင်မှု၊ ကျွန်တော်တို့အားလုံးရဲ့ ကြိုးပမ်းဆောင်ရွက်မှု၊ ၁၀၀% အောင်မြင်တယ်"လို့ ပြောရမယ်။

ထိုအရောင်းပြပွဲကို June လ ၁၅ ရက်၊ ၁၆ ရက် Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဆောက်အဦး ၂၇ လုံး ရှိသည့်အနက် ၁၆ လုံး အရောင်းဖွင့်ခဲ့ပြီး အားလုံးရောင်းကုန်သွားတာမို့ ၁၀၀% အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။9 Avenue Residence ဟာ Hillman Land ရဲ့ ပထမဆုံး ပွဲဦးထွက် Project ဖြစ်ပြီး ထိုအရောင်းပြပွဲဟာလည်း Hillman Land ကုမ္ပဏီ နှင့် iMyanmarHouse တို့ ပူးပေါင်းကျင်းပတဲ့ ပွဲလည်း ဖြစ်ပါတယ်။

"အခု Customer တွေက တော်တော် သိနေကြပြီဗျ အရင်ကလို အိမ်တစ်လုံးကို သတ်မှတ်ထားတဲ့ဈေးကို ဆစ်ပြီး တန်းဝယ်လိုက်တာထက်၊ အခု ဒီအိမ်တစ်လုံးဆို ဘယ်လိုပုံစုံ ဆောက်မှာလဲ၊ ဘယ်လိုပစ္စည်းတွေ သုံးမလဲ ဆိုပြီး အခြေခံအချက်အလက်တွေကို ကောင်းကောင်းမေးတတ်တယ်၊ ဒီပွဲ မတိုင်ခင်က မေးနိုင်မယ့်မေးခွန်းတွေအတွက် ပြင်ဆင်ခဲ့တယ်၊ ပွဲမှာတော့ ထင်ထားတာထက် မေးခွန်းတွေ ပိုမေးကြတယ်။ သူတို့ သိန်းတစ်သောင်းတန် တတ်နိုင်ရင် တတ်နိုင်မယ်၊ ဒါပေမယ့် ကျွန်တော့ဆီက သိန်းတစ်ထောင့်နှစ်ရာ၊ တစ်ထောင့်ငါးရာလောက်လေးတွေ ဝယ်ကြတယ်။ ခမ်းနားကြီးကျယ်ဖို့ထက် နွေးထွေးလုံခြုံဖို့ကို ပိုဦးစားပေးတတ်လာတယ်။" လို့ အရောင်းပြပွဲ၏ အတွေ့အကြုံကို Hillman Land ကုမ္ပဏီမှ ကိုလွင်နိုင်ကျော်က ပြောသွားပါတယ်။

"ပြီးခဲ့တဲ့ ပွဲလုပ်တဲ့ရက်က တိုတောင်းပါတယ်၊ ပွဲကိုမလာနိုင်တာသော်လည်းကောင်း၊ မမီလိုက်တဲ့ မိတ်ဆွေတွေ ဝယ်ချင်တဲ့ ဆန္ဒရှိသော်လည်း မဝယ်လိုက်ရတဲ့ customer တွေအတွက် ကျွန်တော်တို့ Hillman Land အနေနဲ့ 9 Avenue လို Project တွေ ထပ်လုပ်သွားဖို့ရှိပါတယ်။ အဲ့ချိန်ကျရင် မမီလိုက်တဲ့ Customer တွေရော Customer အဟောင်းတွေရော ဦးစားပေး ဖိတ်ကြားပါမယ်၊ "လို့ ကိုလွင်နိုင်ကျော်က ပြောပါတယ်။

(iMyanmarHouse.com အား ဤကဲ့သို့ ထောက်ခံအားပေးချက်များ ပြုလုပ်လိုပါက ဆက်သွယ်နိုင်ပါသည်။ ဆက်သွယ်ရန် ဤနေရာ ကိုနှိပ်ပါ။)

အခြား ထောက်ခံအားပေးချက်များ

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)