ရန်ကုန်မြို့၏ ၁၉၅၉ ခုနှစ်က အသစ်တိုးချဲ့ခဲ့သောမြို့သစ်များထဲက တစ်ခုအပါဝင်ဖြစ်သည့် သကေတမြို့နယ်သည် ၁၃.၀၁ ကီလိုမီတာကျယ်ဝန်းသည် ။ ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင်တည်ရှိပြီး ပုဇွန်တောင်ချောင်း ဖြတ်သန်းစီးဆင်းသည့် မြို့နယ်လည်းဖြစ်သည် ။ မြို့နယ်၏ မြောက်နှင့်အနောက်ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ် ၊ အရှေ့ဘက်တွင် ပဲခူးမြစ်နှင့် ဒေါပုံမြို့နယ်တို့တည်ရှိသည် ။ ရပ်ကွက်ပေါင်း ၁၉ ခုရရှိပြီး မူလတန်းကျောင်း ၄၆ ကျောင်း ၊ အလယ်တန်းကျောင်း ၈ ကျောင်းနှင့် အထက်တန်းကျောင်းလေးကျောင်းတို့ ရှိသည် ။ ရန်ကုန်မြို့၏ အဓိကအားကစားရုံကြီးများဖြစ်သည့် သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်းနှင့် သုမဏ္ဏမိုးလုံလေလုံ အားကစားကွင်းကြီး တို့နှင့် အနီးကပ်ဆုံးတည်ရှိသောမြို့နယ်လည်းဖြစ်သည် ။ မြို့နယ်တွင်း အထင်ရှားဆုံးအဖြစ် Capital စူပါမားကတ်ကြီးတည်ရှိပြီး တောင်ကိုးရီးယား ကုမ္ပဏီ ငါးခု၏ သဘာဝဓာတ်ငွေ့လျှပ်စစ်ဓာတ်အားထုတ် ၅၀၀ မဂ္ဂါဝပ်အားရှိသည့် ဓတ်ပေါင်းဖိုလည်းတည်ရှိသည် ။ မြို့တည်စ လူနေကျဲပါးပေမယ့် ပြီးခဲ့သည့် ၅ နှစ်အတွင်း အလျင်အမြန်ဖွံ့ဖြိုးလာပြီး လူနေထူထပ်လာသော မြို့နယ်တစ်ခုဖြစ်လာသည် ။ အချုပ်အားဖြင့်ဆိုသော် သာကေတမြို့နယ်သည် လူနေုတိုက်ခန်း အနည်းငယ်သာ ရှိပြီး မြေကွက်အလွတ်များ ၊ လုံးချင်းအိမ်များ ပေါများသေးသည့် မြို့နယ်တစ်ခုဖြစ်သည် ။
No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.
No.104 , Yarzaa Dirit Road, 38 Ward, North Dagon Township, Yangon.
Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon