Apartment for Sale in Kyauktada Township, 35th Street (Upper Block)

Click Photo To Enlarge

Posted on 6 Jul 2020 12:36 am Views 755 Ad Number S-8264643

Kyauktada | Yangon Region

Apartment | 3rd Floor

1250 Square Feet

1 Bedroom(s) 2 Bathroom(s)

Price 850 Lakh (Kyats)

Owner Direct 

* ကျွန်းလျှာထိုး အ​ပေါ်ထပ်အပြည့်ခင်း
* အိပ်ခန်း ၁ ခန်း (အ​ပေါ်ထပ်မှာ​ရော အောက်ထပ်မှာပါ အခန်းထပ်ဖွဲ့ရန် နေရာလွတ်များစွာရှိသည်)
* ရေချိုးခန်း ၂ ခန်း (တစ်ထပ်လျှင် တစ်ခန်းစီ)
* အိမ်သာ ၂ လုံး (တစ်ထပ်လျှင် တစ်လုံးစီ)
* ဟောင်​ကောင် ၂ လွှာပုံစံ (ထပ်ခိုးမဟုတ်ပါ၊ အ​ပေါ်ထပ်နှင့် အောက်ထပ် အကျယ်တူ အမြင့်တူ၊ တစ်ထပ်၀ယ်ရင် နောက်တစ်ထပ်အပိုရမည်၊ ​ရေချိုးခန်း အိမ်သာ ၂ စုံပါသည်၊ အိမ်ရှင်က အ​​ပေါ်ထပ်မှာ​နေပြီး အောက်ထပ်ကို အိမ်ငှား သို့မဟုတ် ရုံးခန်း ငှားထားနိုင်သည်)
* ရေ၊မီး​ကောင်း (တခြားမြို့နယ်​တွေ မီးပျက်ရင်​တောင် ဒီမှာ တော်ရုံတန်ရုံ မပျက်ပါ၊ ရေကြည်သည်၊ မ​စေးပါ၊ ခလုတ်တစ်ချက်ဖွင့်ရုံဖြင့် ရေလာသည်)
* ကားမှတ်တိုင်နီး (​အနော်ရထာလမ်းမဘက်သို့ထွက်လျှင် လမ်းထိပ်မှာ ဘားလမ်းမှတ်တိုင်၊ ဆူး​လေမှတ်တိုင်သို့ ၅ မိနစ်လမ်း​​လျှောက်ရုံသာ၊ ဆူး​လေမြို့​တော်ခန်းမှ​ရှေ့မှာ အောင်မဂ်လာအ​​ဝေး​ပြေးသို့ ပြေးဆွဲ​သော တစ်ဦးလျှင် ၁၀၀၀ ကျပ်သာ​ပေးရသည့် လိုင်းကားများရှိသည်၊ လေဆိပ်သို့သွားလိုလျှင် လေဆိပ် - ဆူး​လေ ဘတ်စ်ကားများမှာ တစ်ဦးလျှင် ၅၀၀ ကျပ်သာ ကျသင့်သည်)
* စျေးနီး (၃၈လမ်း​စျေးသို့ ၅ မိနစ်​လျှောက်၊ ချမ်း​မြေ့​စျေးသို့ ၈ မိနစ်​လျှောက်၊ ဘိုက​လေး​စျေးသို့ ၁၅ မိနစ်​လျှောက်၊ ကုန်​​ဈေးတန်း/သိမ်ကြီး​စျေးသို့ ၁၅ မိနစ်​လျှောက် သို့မဟုတ် ဘတ်စ်ကား ၂မှတ်တိုင်စီးရုံသာ)
* ဈေး၀ယ်စင်တာနီး (Ruby Mart, Fuji Mart, Sule Square, ဘိုက​လေး​ဈေးဂမုန်းပွင့်၊ သိမ်ကြီး​ဈေး ဂမုန်းပွင့်)
* ဘူတာနီး (လမ်းထိပ် - ဗိုလ်ချုပ်လမ်းမဘက်ထွက်လိုက်သည်နှင့် ရန်ကုန်ဘူတာကြီးသို့​ရောက်သည်)
* စာသင်​ကျောင်းနီး (၅ မိနစ် လျှောက်ရုံသာ)
* ဆေးရုံနီး (အ​နော်ရထာလမ်းမဘက်သို့ ထွက်ပြီးလမ်းကူးလိုက်လျှင် မွတ်စလင်ကုသိုလ်ဖြစ်​ဆေးရုံ နှင့် အစိုးရ ဒေသန္တရ​ဆေးခန်း၊ ရန်ကုန်​ဆေးရုံကြီးသို့ ၁၅ မိနစ်ခန့်​​လျှောက် သို့မဟုတ် ဘတ်စ်ကား ၃ မှတ်တိုင်စီး - လသာ သို့မဟုတ် ၁၅ လမ်းမှတ်တိုင်ဆင်း)
* ဘုရားနှင့် ဘာသာ​ရေးအ​ဆောက်အအုံများနီး (၅ မိနစ်ခန့်​လျှောက်ရင် ဆူး​လေမှတ်တိုင်မှာ ဆူး​လေဘုရား၊ ဧမာ​နွေလ ဘုရား​ကျောင်း နှင့် ဗလီရှိသည်၊ ပန်းဆိုးတန်းလမ်းထိပ်တွင် ဟိန္ဒူ ဘုရား​ကျောင်းရှိသည်၊ ၇ မိနစ်ခန့်​​လျှောက်ရင် ဗိုလ်​အောင်​ကျော် လမ်းထိပ်မှာ စိန့်​မေရီ ကတ်သလစ် ဘုရား​ကျောင်းရှိသည်)
* လူမပြတ်​သော၊ လူစည်ကား​သော လမ်းဖြစ်သည်
* လူသန့်​သော၊ စည်းကမ်းရှိ​သော၊ မစပ်စု​​သော မိသားစုများသာ တိုက်တွင် နေထိုင်ကြသည်၊ မစပ်စု​သော်လည်း ကူညီလိုစိတ် အမြဲရှိကြသည်
ဒီ​​လောက်အဆင်​ပြေ​နေရင် ဘာလို့​ရောင်းမှာလဲ (ထည့်သွင်းစဥ်းစားရန်အချက်များ)
* တတိယထပ်ဖြစ်သည်
* အိမ်ကို သာမန်သာပြင်ထားသည်၊ အိမ်တွင်းအလှဆင် အကြီးစားပြင်ဆင်မှုမျိုး မလုပ်ထားပါ၊ မိမိစိတ်ကြိုက် ပြင်နိုင်သည်
* အိမ်ရှင်များမှာ အသက်ကြီးလာပြီဖြစ်၍ ဆွေမျိုးအိမ်များနှင့် နီး​သောမြို့နယ်တွင် ပထမထပ်ခန့် ပြောင်း​ရွှေ့လိုသည်
* အိမ်ရှင်ကိုယ်တိုင် ဖြစ်သည်၊ နံနက် ၇နာရီမှ ည၉နာရီအတွင်း ဆက်သွယ်နိုင်သည် (Phone: 09972267310)
* အိမ်လာကြည့်လိုလျှင် ၃ နာရီ ကြိုချိန်းပါ၊ အလုပ်မှ ပြောပြီး ထွက်လာရမှာ ဖြစ်သည့်အတွက် အချိန်တိကျ​စေလိုပါသည်။

Description

  • Complete
  • Fully Furnished
 Contact Advertiser By Phone
 Chat with Advertiser
Compare Add to Favorites Share Report

အခြား ရောင်းရန် အိမ်ခြံမြေများ


Featured AdWanted Listing

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store