လှပကျယ်ဝန်းပြီး တိတ်ဆိတ်အေးချမ်းတဲ့ နေရာမျိုုးရှာနေတဲ့ လူကြီးမင်းတို့အတွက် အိမ်ရာဝင်းအတွင်းမှာရှိတဲ့ အိမ်အရောင်းနှင့်မိတ်ဆက်ပေးလိုက်ပါတယ်
ရန်ကုန်မြို့ တာမွေမြို့နယ် သံသုမာလမ်းအနီး မြန်မာ့ဂုဏ်ရောင် အိမ်ရာဝင်းအတွင်းမှာရှိပြီး ခြံအကျယ် 6600 sqft ရှိပါတယ် ။
အရှေ့မြောက်လှည့်ခြံဖြစ်တာမို့ မနက် (၁၀)နာရီကျော်တာနဲ့ နေရိပ်ပြီး တစ်နေကုန် အေးမြပါတယ်။
လုံခြုံရေး (၂၄) နာရီရှိပြီး ကားမှတ်တိုင်၊ ဆေးရုံး၊ဈေး၊ ကျောင်းတို့နဲ့လဲ နီးပါတယ်။
၃၀x၅၄ ပေကျယ်ဝန်းတဲ့ အိမ်နဲ့ အမြင့် (၂၅) ပေရှိတဲ့ ဆင်ဝင်ကို လှပတဲ့ တိုင်လုံးကြီးတွေနှင့်တန်ဆာဆင်ထားတာမို့ အိမ်ရဲ့ ခမ်းနားမှုကို စိတ်တိုင်းကျစေရပါမယ်။
တစ်အိမ်လုံးကို သင်းဝင်သားနဲ့ ပိတောက်အစစ်တွေနဲ့ ပါကေးအပြည့်ခင်းပေးထားပါတယ်။
ဘုံမြင့်ဆောင်မှာ လေညှင်းခံယူရင်း စိတ်ကြိုက်အနားယူလို့ရသလို တရားထိုင်မယ်ဆိုရင်လဲ သိပ်ကို ကောင်းပါတယ်။
အောက်ထပ်မှာ
-Master bedroom (၁) ခန်း ၊
-ဧည့်ခန်းကျယ် (၁) ခန်း ၊
-ဒုတိယဧည့်ခန်း (၁)ခန်း၊
-ထမင်းစားခန်းကျယ် (၁) ခန်း ၊
-မီးဖိုဆောင် ၊ Maid room တို့ပါရှိပြီး
အပေါ်ထပ်မှာ
-Master bedroom (၃) ခန်း၊
-ဘုရားခန်း တို့ ပါရှိပါတယ်။
ကားဂိုဒေါင်ကလဲ ကျယ်ဝန်းပြီး အိမ်ခေါင်းရင်းမှာ မြေနေရာလွတ် (၃၅x၃၅)ပေ ရှိတာမို့ ဝါသနာအရအပင်လေးတွေ ထပ်စိုက်ချင်လဲ ရသလို ရေကူးကန်လုပ်မယ်ဆိုလဲ အဆင်ပြေပါတယ်။
မီးအတွက်
-ပါဝါမီတာ (၁) လုံး ၊
-အိမ်သုံးမီတာ (၁) လုံး ပါရှိသလို
ရေအတွက်
-ဂျိူးဖြူရေကဲ့သို့ကောင်းသော အဝီစိရေ
-ဂါလံ (၈၀၀)ဆန့် အုတ်ကန် (၃) ကန်
-တစ်နှစ်လုံးသုံးရန် ဂါလံ(၈၀၀)ဆန့် သံမိုးရေကန် (၂) ကန် အပါအဝင်
စုစုပေါင်း ကန် (၆) ကန် ရှိပါတယ်။
ခြံထဲမှာလဲ
အဖိုးတန်အပင်တွေကို နှစ်ပေါင်းများစွာ တယုတယနဲ့ စိုက်ပျိုးမွေးမြူပေးထားတာမို့ စိမ်းလန်းစိုပြေအေးမြပြီး စာဖတ်ချင် ၊ စာရေးချင်တဲ့ သူတွေအတွက်လဲ အထူးသင့်လျော်ပါတယ်။
ရောင်းဈေး - သိန်း ၄၅,၀၀၀
People who like this post => (0)