ကမာရွတ် လှည်းတန်းလမ်းမကျောကပ်၊ဗဟိုလမ်းအနီး၊ အထက၅ ကမာရွတ်ကျောင်းအနီး 3RC လုံးချင်း အိမ်ရောင်းမည်။
သိန်း 7800 (အပိတ်)
ဂရန်ထဲမှာ (13×30) ပါဝင်ပြီး ဘေးမှာမြေပိုပါတာဖြစ်သည်။ခြံအကျယ် (20×33), အိမ်အကျယ် (13×30), 1170 Square Feet , RCသုံးထပ်တိုက်
အစိုးရမှဂရန်ချပေးသောအခါ 1200 square feet မပြည့်၍ ခေါင်းရင်းအိမ်နှင့်နှစ်ဦးပေါင်းပြီး2ဦးအမည်ပေါက်ဖြင့် ဂရန်ရရှိ၍ ဂရန်မိတ္တူကိုင်ထားသည်(အရှုတ်အရှင်းကင်းပြီး 3RCလုံးချင်းတိုက်အိမ်သစ်ဆောက်ပြီး၍ အလုံးစုံပြင်ဆင်ပြီးအသင့်တက်နေနိုင်သည်)
အဝယ်ဖြစ်ပါက 2ဦး အမည်ပေါက်ထဲမှ ရောင်းသူ အမည်ထွက်၍ ဝယ်သူအမည်ထည့်ပြီး ခေါင်းရင်းအိမ်နှင့် ဂရန်ထဲမှာ 2 ဦး အမည်ပေါက်ဖြစ်မည်။
မဟာဘောဂ(၂)လမ်း၊(၃)ရပ်ကွက် အလုံးစုံပြင်ဆင်ပြီး,အရှေ့လှည့်
လှည်းတန်းဈေး၊ Hledan Center၊ စိန်ဂေဟာShopping Center များအနီးရန်ကုန်မြို့လယ်မြို့ထဲ ဈေးနီး၊ကျောင်းနီး၊ကားမှတ်တိုင်အနီးဖြစ်လို့ သွားရေးလာရေးလွယ်ကူသည်။
လှည်းတန်းလမ်းမကြီးနှင့်ဗဟိုလမ်းမကြီး
ကြားတွင်တည်ရှိသောကြောင့် အချက်အချာကျပြီး သွားလာရလွယ်ကူသည်။
ဝယ်ပြီးငှားစားပါကလည်း အငှားမပြတ်ရရှိပြီး အငှားဈေးကွက်ကောင်းသောနေရာဖြစ်သည်။
ကိုယ်ပိုင်ပါဝါမီတာ၊ကိုယ်ပိုင်အဝိစိရေ၊ 1 Bedroom,2 Bathrooms attached with toilets, 3 Air Con
2020 February ကမှဆောက်လုပ်ပြီးစီးသော3RC လုံးချင်းတိုက်အိမ်အသစ်ဖြစ်သည်။
1. အောက်ဆုံးအထပ်တွင် ဧည့်ခန်း၊မီးဖိုချောင်ခန်း၊ရေချိုးခန်း(ဘိုထိုင်တွဲလျက်)တို့ ရှိသည်
2. ဒုတိယထပ်တွင် Hall နှင့် ရေချိုးခန်း(ဘိုထိုင်တွဲလျက်)တို့ ရှိသည်။
3. အပေါ်ဆုံးထပ်တွင် အိပ်ခန်းတစ်ခန်းနှင့် Hall တစ်ဝက် တို့ ရှိသည်
အိမ်၏ ဘေးတွင် (8*33) ပေ ကား သေးတစ်စီးထားနိုင် သော Car Parking ပါရှိသည်။
အိမ်လုံခြုံရေးအတွက် အိမ်ပြင်မျက်နှာစာတွင် အိမ်ရှေ့နှင့် ခြံဂိတ်တံခါးကို ကြည့်လို့ရသောCCTV များတပ်ဆင်ထားသည်။
ခြေရင်း ခေါင်းရင်းဘေးနှစ်ဖက်တိုက်အမြင့်မရှိသောလုံးချင်းအိမ်ဖြစ်သည်။
☎️ 095145763 (ပိုင်ရှင်တိုက်ရိုက်)
People who like this post => (1)