ပြင်ဦးလွင်မှာ ခြံကျယ်ကျယ်၊ တိုက်ကောင်းကောင်းနဲ့ ရပ်ကွက်သန့်သန့်ထဲမှာ နေဖို့ ရှာဖွေနေသူ လူကြီးမင်းတို့အတွက် ???

Click Photo To Enlarge

Posted on 15 Feb 2024 11:35 am Views 375 Ad Number S-12506355

Pyin Oo Lwin | Mandalay Region

House

80 ft x 80 ft 6400 Square Feet

4 Bedroom(s) 4 Bathroom(s)

Price 9,800 Lakh (Kyats)

ပြင်ဦးလွင်မှာ ခြံကျယ်ကျယ်၊ တိုက်ကောင်းကောင်းနဲ့ ရပ်ကွက်သန့်သန့်ထဲမှာ နေဖို့ ရှာဖွေနေသူ လူကြီးမင်းတို့အတွက် ???
စိမ်းလန်းအေးချမ်းတဲ့ ပြင်ဦးလွင်အရသာ အပြည့်အဝ ရရှိခံစားရစေမယ့်
တိုက်အသစ်စက်စက်တစ်လုံးကို ပရိဘောဂအပြည့်အစုံနဲ့ ရောင်းချပေးဖို့ ရှိပါတယ်
အကောင်းကြိုက်သူများအတွက် ဒီအိမ်လေးထဲ ဝင်လိုက်တာနဲ့ အကြိုက်တွေ့စေမယ်ဆိုတာ လုံးဝ အာမခံနိုင်ပါတယ်နော် ❤❤❤
တည်နေရာလေးကတော့
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၇)
အနီးစခန်း၊ အောင်မင်္ဂလာရပ်ကွက်
အောင်မင်္ဂလာ (၁၀)လမ်း
ပြင်ဦးလွင် - မန္တလေး လမ်းမကြီးနဲ့ မြို့ရှောင်လမ်းမကြီး ကြားမှာ တည်ရှိတဲ့ ရပ်ကွက်ဖြစ်ပီး
ယခုတိုက်လေးကတော့ မြို့ရှောင်လမ်းမကြီးဘက်နဲ့ ပိုနီးပါတယ်။ အကွာအဝေးအရ ပေ (၂၀၀) လောက်ပဲ ဝေးပါတယ်။
ပြင်ဦးလွင် လားရှိုး လမ်းမကြီးကနေဆိုရင်တော့ ကားနဲ့ ၂မိနစ်သာသာလောက် မောင်းရပါမယ်
ကတ္တရာလမ်းမကြီးတောက်လျှောက် မောင်းလာရပီး ချိုးဝင်ရတဲ့ အိမ်ရှေ့လမ်းကလဲ ကွန်ကရစ်လမ်းဖြစ်ပါတယ်။
အနီးအနားမှာဆိုရင် နှီးဘုရားကြီး၊ White Rose ဟိုတယ် လိုမျိုး အထင်ကရနေရာတွေက အိမ်ကနေ လမ်းလျှောက်သွားရင် ၅မိနစ်လောက်ပဲလျှောက်ရတဲ့ အကွာအဝေးမှာ တည်ရှိပါတယ်
ယခု အောင်မင်္ဂလာ ရပ်ကွက်ဟာ ဟိုယခင်ကတည်းက အစိုးရက တရားဝင် မြေကွက်ဖော်ဆောင်ပီး မြေပေးမိန့်များ ချထားပေးခဲ့သော ရပ်ကွက်တစ်ခု ဖြစ်ပီး
ယခု အိမ်ကတော့ မြေပေးမိန့်ကနေ ဂရံအဆင့်ကို တိုးမြှင့်ပီး
ဂရံသက်တမ်း နှစ် (၃၀) အသစ်စက်စက်ရရှိထားတာ ၃နှစ်မျှသာ ရှိပါသေးတယ်။
ခြံအကျယ် - ပေ (၈၀ *၈၀) ပတ်လည်
မြေအမျိုးအစား - ဂရံမြေ (သက်တမ်းအသစ်)
အိမ်အကျယ်အဝန်း - (၄၅ )ပေပတ်လည်ခန့် တည်ဆောက်ထားတာမို့ တော်တော်လေး ကျယ်ဝန်းတဲ့ အိမ်လေးပါ
အခန်းဖွဲ့ ပါဝင်မှု
အိပ်ခန်း - ၄ ခန်း (MB 3, Standard 1)
ဘုရားခန်း သီးသန့်
ဧည့်ခန်းအကျယ်
မီးဖိုထမင်းစားခန်း
ဘုံရေချိုးခန်း၊ အိမ်သာ စတဲ့ အခန်းဖွဲ့များ ပါဝင်ပီး
ကားဂိုဒေါင်နဲ့ အိမ်စောင့်နေဖို့ ဘန်ဂလိုကိုတော့ ခြံအတွင်းမှာ သီးသန့် တည်ဆောက်ပေးထားပါတယ်။
တိုက်အမျိုးအစား - မန်းအုတ်နဲ့ တည်ဆောက်ထားတဲ့ RC တိုက် ဖြစ်ပးပြီး
အိမ်ကြီးကြီး ခေါင်မြင့်မြင့်မို့ အဝေးကနေ လှမ်းကြည့်ရင် ခမ်းနားထည်ဝါစွာ တွေ့မြင့်ရမှာပဲ ဖြစ်ပါတယ်။
အရည်အသွေးမြင့် ပစ္စည်းကောင်းများကို သုံးစွဲပေးထားပီး
အိမ်အတွင်းမှာ -
ဘုရားစင်၊
ဧည့်ခန်း ဆိုဖာဆက်တီ၊
Kitchen ကက်ဘိနက်၊ ဘားကောင်တာ၊ ညှော်စုပ်စက်
မွေ့ယာ၊ လိုက်ကာ အစုံအလင် ထည့်သွင်းပေးထားပါတယ်။
ခြံအတွင်းမှာလဲ -
Landscape ကောင်းကောင်း ပြင်ဆင်ပေးထားပီး
အုတ်တံတိုင်းပတ်ကား၊ ဘလိတ်ဆူးကြိုးအပြည့်အစုံ၊ ခြံတွင်း ကားဝင်ဖို့ ကွန်ကရစ်လမ်း၊ ရေမြောင်းက အစ အသေးစိတ် စီမံဆောင်ရွက်ထားတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ရေအဝီစိတွင်း၊ ရေတိုင်ကီ၊ ရေအုတ်ကန်၊ ကွန်ပရက်ဆာ၊ ပရက်ရှာပန့်၊ မော်တာ၊ ရေပူရေအေး၊ မီးမီတာ.. စသဖြင့် ပါးစပ်က ရွတ်သမျှ အကုန်နီးပါး ပါဝင်ပီးသားမို့
ဝယ်ပီးတာနဲ့ ဘာပစ္စည်းမှ ထပ်ထည့်စရာမလို၊ အသင့်လာရောက်တက်နေရုံ အသင့်ဖြစ်ပီးသော တိုက်အသစ်စက်စက်လေး တစ်လုံးပဲ ဖြစ်ပါတယ်
ဈေးနှုန်းကတော့ - ၉၈၀၀ သိန်း
ပိုင်ရှင်နဲ့ ထိပ်တိုက် ညှိနှိုင်းရောင်းချပေးမှာ ဖြစ်ပါတယ်
တိုက်ကလဲ အသစ်စက်စက် ပတ်ကား၊ အတွင်းပစ္စည်းကလဲ အပြည့်အစုံ၊ မြေအမျိုးအစားကလဲ ဂရံမြေဆိုတော့
ပိုင်ဆိုင်မှု ခိုင်ခိုင်မာမာနဲ့ လက်တင်တက်နေရုံ တိုက်အသစ်၊ ခြံကျယ်ကျယ် ရှာဖွေနေသူ လူကြီးမင်းများအဖို့ လက်လွတ်မခံသင့်သော ရှားပါးအဖိုးတန်၊ မျိုးမှန် တိုက်ကလေးတစ်လုံး ဖြစ်ပါကြောင်း သတင်းကောင်း ပါးပါရစေရှင် ????
အသေးစိတ် ဆက်သွယ် စုံစမ်းမေးမြန်းလိုပါက
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းဝင်အမှတ် -၉၂၄၄
November May ပြင်ဦးလွင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း
☎09 951382381
☎09 689850332
what app- +95 09 951 382381
Telegram Link - +95 9689850332
အရှုပ်အရှင်းကင်းခိုင်မာစိတ်ချရသောအိမ်ခြံမြေများကိုသာစီစစ်ရောင်းချပေးပါ ၍ ယုံကြည်စိတ်ချစွာအရောင်းအဝယ်ပြုလုပ်နိုင်ပါသည် ။.??
စာရွက်စာတမ်းတိကျမှန်ကန်စွာဖြင့် စစ်ဆေးချုပ်ဆို ဆောင်ရွက်ရောင်းချပေးပါမည်။
အခြားသော အိမ်ခြံမြေများကို Page Link ထဲသို့
ဝင်ရောက်ကြည့်ရူလေ့လာနိုင်ပါတယ်
လူကြီးမင်းတို့ဝယ်ဌားလိုသောအိမ်ခြံမြေများကိုယုံကြည်စိတ်ချစွာအပ်နှံရောင်းချနိုင်ပါသည်
တိကျခိုင်မာ စိတ်ချမ်းသာ ဖို့ နိုဝင်ဘာမေနဲ့ ဆက်သွယ်စို့
Find Your Dream Home With Us !! ??

Description

  • Complete
  • Fully Furnished
 Contact Advertiser By Phone
 Chat with Advertiser
Compare Add to Favorites Share Report

Featured Ad

Let's apply Home Loan at iMyanmarHouse.com to own your dream home!

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
 

November May အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ရှိ ရောင်းရန် အိမ်ခြံမြေများ

ပိုမိုကြည့်ရှုရန်

ပြင်ဦးလွင်မြို့နယ် ရောင်းရန် အိမ်ခြံမြေများ

ပိုမိုကြည့်ရှုရန်

ကားအရောင်းကြော်ငြာများ

ပိုမိုကြည့်ရှုရန်