နေပြည်တော်၊ လှေ‌ခွင်းတောင် စစ်တောင်းမြစ် ပေါင်းလောင်းဆိပ် River view ရှားပါးမြေကွက်အရောင်း

No Photo - iMyanmarHouse.com
Posted on 5 Mar 2023 3:55 pm Views 548 Ad Number S-11123503

Zeyathiri | Nay Pyi Taw

Land

83 ft x 155 ft 12865 Square Feet

Price 870 Lakh (Kyats)

Owner Direct 

ရောင်းချမည့် မြေကွက်တည်နေရာ

ယခင် မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကျည်တောင်ရွာ လက်ရှိမှာတော့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာမှာရှိပါတယ်။

လှေခွင်းတောင်လို့ဆိုလိုက်တာနဲ့ လှေခွင်းတောင်ဘုရား၊ ပေါင်း လောင်းဆည်တို့အကြောင်းကိုမပါမဖြစ်ပြောပြရမှာပါ။

လှေခွင်းတောင်ဆိုတာ

သိုက်နန်းရှင်တွေနဲ့ ရွှေလှေငွေလှေတွေ ခွင်းဝင်ပျောက်ကွယ် သွားတာကို အကြောင်းပြုလို့ အဲဒီတောင် ကို လှေခွင်းတောင်လို့ ခေါကြပါတယ်။ ရွှေလှေငွေလှေတွေ ထွင်းဝင်သွားတဲ့ ကျောက်ကွဲကြီး ဟာ ညီညီညာညာ ပိုင်းဖြတ်ထွင်းဖောက်ထားတာနဲ့ တူနေတာကို အကြောင်းပြုပြီး လှေထွင်းတောင်လို့လည်း ခေါ်ကြပါတယ်။

တစ်ခါ အဲဒီတောင်တော်နဲ့ နှစ်မိုင်ပတ်လည်မှာ ဆောင်းရာသီဆိုရင်အခြားဒေသ တွေနဲ့မတူဘဲ ထူးထူးခြားခြားလေတိုက်တတ်လို့ လေတွင်းတောင်လို့လည်းခေါ်ကြတယ်လို့သိရပါတယ်။

လှေခွင်းတောင်သမိုင်းကတော့ ပုဂံပြည်အနော် ရထာမင်းလက်ထက် အရည်းကြီးတို့အယူဝါဒလွှမ်းမိုးမှုကနေအစပြုပါတယ်။ အသေးစိတ်ကိုတော့ ဘုရားပေါ်ကိုရောက်တဲ့ အခါ လှေခွင်းတောင်သမိုင်းစာအုပ်မှာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။

ဆက်‌ပြောနေရင် စာရှည်သွားမှာစိုးလို့ မြေကွက်အကြောင်းဆက်ပါရစေ။

ရောင်းမည့် မြေကွက်အကျယ်

ပုံပါအတိုင်း လမ်းမျက်နှာစာဘက်က ၆၇ ပေ ၊ ရေစပ်မျက်နှာစာဘက်က ၁၀၀ ပေ နဲ့ ခြံရဲ့ အရှည်ကတော့ ၁၅၅ ပေ အတိအကျ ရှိပါတယ်။

ပိုင်ဆိုင်မှု

အရပ်စာချုပ် နဲ့အတူ
မူလပိုင်ရှင်၏ကျမ်းကျိန်လွှာ ရရှိပါမယ်။

မြေကွက်ရဲ့ အလှည့်

‌မြစ်ဘက်လှည့်မယ်ဆို အရှေ့တောင်ဖြစ်ပြီး လမ်းဘက်လှည့်မယ်ဆိုရင်တော့ မြောက်လှည့် ဖြစ်ပါတယ်။

ခြံကျယ်လွန်းတဲ့ အတွက် အရှေ့၊ အနောက်၊ တောင်၊ မြောက် ကိုယ်လှည့်ချင်တဲ့ဘက် လှည့်‌ပြီး အဆောက်အဦး‌ ဆောက်ဖို့ အတွက် ဘယ်လိုပုံစံမဆို အဆင်ပြေပါတယ်။

ခြံကို ကိုယ်တိုင်လာကြည့်ရင် ပိုသဘောပေါက်သွားမှာပါ။

မြေအမျိုးအစား

ရှေးယခင်ကတည်းက လူနေထိုင်လာခဲ့တဲ့ မူလ ရွာမြေပေါက်ပြီးသားဖြစ်ပါတယ်။

မြေစာရင်းမှာတိုက်ဆိုင်စစ်ဆေးကြည့်လို့လည်းရပါတယ်။ လက်ရှိမှာ အိမ်ရှေ့က မြေသားလမ်းပေမယ့် ရွာအဝင် ကွန်ကရစ်လမ်းကဆင်းလိုက်ရင် ကားနဲ့၁၀ စက္ကန့်သာမောင်းရပြီး လမ်းလျောက်ရင် ၁မိနစ်လောက်ပဲ လျောက်ရတဲ့ အကွာအဝေးမှာ တည်ရှိပါတယ်။

ခြံရှေ့ မီးတိုင်ရောက်ပြီး ဖြစ်တဲ့အတွက် မကြာခင် ကွန်ကရစ်လမ်းဆက်ခင်းတော့မယ်လို့လဲ သိရပါတယ်။

ရေမီး ရရှိနိုင်မှု အခြေအနေ

အိမ်ရှေ့ ဓါတ်တိုင်ရှိလို့‌ရော ရေစပ်‌ နေရာ‌ရော ဖြစ်တဲ့ အတွက်ပါ ရေ‌ရော မီးပါ လွယ်ပါတယ်။ ရေမီး အပြီးအစီး ၃သိန်းလောက်ပဲ ကုန်ပါမယ်။

လက်ရှိမှာတော့ ကျွန်တော်ကိုယ်တိုင် သွားမနေသေးတဲ့အတွက် မီတာ မလျောက်သေးပါဘူး။ ဘာမှ အထွေအထူး မလုပ်ထားသေးပါဘူး။

နောင်တစ်ချိန်မှာတော့ အရင်းအနှီးရလာတဲ့အထိ မရောင်းဖြစ်ခဲ့သေးရင် Guest house သို့ အသေးစားMotel အထိဖွင့်ဖို့ပါ ရည်မှန်းထားပါတယ်။

ဒါ့အပြင် ခြံစပ်က ရေထဲမှာ လှေလေးတစ်စင်း (သို့) စက်လှေ တစ်စီး လောက် ဝယ်ထားပြီး တည်ငြိမ်နေတဲ့ ရေပြင်မှာ နံနက်ခင်ူနဲ့ ညနေ နေဝင်ချိန်တွေမှာ လှေလှော် လှေစီး အပန်းဖြေရင်းနဲ့ ဘဝ အမောတွေပါ ပြေပျောက်စေနိုင်တဲ့ နေရာပဲ ဖြစ်ပါတယ်။

ရောင်းချမယ့် မြေကွက်အနီးမှာ လည်စရာများ

မြေကွက် တည်ရှိတယ့် ကျည်တောင်ရွာ မရောက်ခင် လျှပ်စစ်လမ်းခွဲ ကွန်ကရစ်လမ်းကျယ်ကြီးပေါ်မှာ သစ်ပင်တန်း နဲ့ ကတ္တရာလမ်းဖြူးဖြူးကိုနောက်ခံထားပြီး ဓါတ်ပုံရိုက်လို့အကောင်းဆုံးပါပဲ။

အပင်တွေအစီအရီနဲ့ရိုက်မလား ပုံကောင်းတွေချည်းပါပဲ။ ဒါ့အပြင် အညတရ သူရဲကောင်းဗိမာန်ကို အကြုံဝင်ပြီးတော့ တောင်ပေါ် view ရှုခင်းတွေနဲ့လဲ ဓာတ်ပုံရိုက်နိုင်ပါသေးတယ်။

ကားမောင်း ဆိုင်ကယ်စီးလာရင်း သစ်ပင်တန်းတွေကိုဖြတ် သန်းပြီးတဲ့အခါမှာတော့ လှေခွင်းတောင်ကိုမြင်ရပါပြီ။ တောင်ခြေမှာ ကားရပ်ပြီး တောင်ပေါ်ကိုလှေကားထစ်လေးတွေအတိုင်းတက်လာကာ ဘုရားဖူးမျှော်နိုင်ပါပြီ။

တောင်ပေါ်အထိ ကားလမ်းလဲပေါက်ပြီး တောင်ပေါ်ကနေ မြင်ရတဲ့မြင်ကွင်း က တော်တော်ကို စိတ်အေးချမ်း‌စေပါတယ်။ဆိတ်ငြိမ်တဲ့နေရာလေး တစ်နေရာကိုရောက်နေရတဲ့ခံစားမှုပါပဲ။

တောင်ပေါ်ကနေ ဆင်းပြီးတဲ့အခါမှာတော့ မြေကွက်တည်ရှိတဲ့ မြစ်ဆိပ်မှာရေကစားပျော်ပါးနိုင်ပါပြီ။ ဆည် (မြစ်ဆိပ်) ကို သစ်သားတံတားလေးနဲ့ဖြတ်ထားပါတယ်။ မြစ်ရဲ့ဒီဘက်ရော ဟိုဘက်မှာပါ ရေကူးနေကြသူတွေတွေ့ရပါတယ်။

အဲဒီသစ်သားတံတားလေးပေါ်လမ်းလျှောက်လို့ကောင်းပါတယ်။ ပင်ပန်းရင် နားစရာထိုင်ခုံလေးတွေလည်းရှိပါတယ်။ တံတားနာမည်က ရွှေပေါင်းလောင်းတံတားလို့ခေါ်ပြီး ကျည်တောင်ရွာနဲ့ သာယာဝှမ်းရွာကို ဆက်သွယ်ပေးထားပါတယ်။

တံတားပေါ်ကို ဆိုင်ကယ်၊ စက်ဘီးစီးပြီး သွားခွင့်မပြုတာမို့ တွန်းသွားကြတာတော့ စည်းကမ်းရှိရှိတွေ့ရမှာပါ။
မြစ်ဆိပ်တစ်ဖက်တစ်ချက်စီမှာလည်း ဆိုင်လေးတွေရှိပါတယ်။ မြေကွက်ကနေရော တံတားပေါ်က‌ပါ နေရောင် ဆည်းဆာမြင်ကွင်းကို ကြည့်နိုင်ပါတယ်။ ရေကူးဘောင်းဘီထည့်သွားပြီးရေကူးလို့လည်း ရပါတယ်။

မြေကွက် တည်နေရာဝန်းကျင်အနေအထား

ကျည်တောင်ရွာထဲက လက်ရှိမြေကွက်ကလေးဆီကို ရောက်တဲ့ခံစားမှုကတော့ မြစ်အလှ ဆိပ်ကမ်းရှိတဲ့ အညာမြေကျေးလက်တစ်နေရာကိုရောက်နေတယ်ဆိုတဲ့ ခံစားမှုကို မိတ်ဆွေရနိုင်ပါလိမ့်မယ်။ ဆိတ်ငြိမ်ပြီး‌တော့ အေးချမ်း သာယာမှုကို ရရှိ‌စေပါတယ်။

မြေကွက်တည်ရှိရာ ဝန်းကျင်ရှိ ကျည်တောင် ရွာသူရွာသားများရဲ့ ရိုးသားမှု၊ ဘာသာတရား ကိုင်းရှိုင်းမှုတို့နဲ့အတူ ကျည်တောင်ရွာလေးရဲ့ သန့်ရှင်းသပ်ရပ်စွာ ဖွံ့ဖြိုးတိုးတက်လာမှုတို့ကိုပါ မြစ်အလှ ရူခင်းများနဲ့အတူ ခံစားရရှိစေမှာပါ။

အထူးအားသာချက်ကတော့ မြေကွက်တည်နေရာဟာ မြစ်ကမ်းနံဘေးမှာ သီးသန့်လေးလိုဖြစ်နေတဲ့အတွက် ရွာထဲမှာ အလှူလုပ်တဲ့ အချိန်မှာ speaker သီချင်းသံကို သဲ့သဲ့လေးပဲ ကြားရပြီး ရွာဓလေ့ နားငြီးမယ့် ဒုက္ခမရှိနိုင်တော့ပါဘူး။

ဒါ့အပြင် သင်္ကြန်လို လူစည်ကားတဲ့အချိန်မှာတောင် အများနဲ့ ရောနှော အာရုံနောက်ခံနေစရာ မလိုပဲ ကိုယ့်ရဲ့ မြေကွက် ကိုယ်ပိုင် ခြံကျယ်ကြီးထဲမှာ သီးသန့် party ပွဲလေး လုပ်လို့ရပါ‌ သေးတယ်။

နေပြည်တော်ဟာ တောက်‌လျောက်ဖွံ့ဖြိုးတိုးတက်နေတာဖြစ်တဲ့အတွက် ပေါင်းလောင်းဆိပ်ဟာ မြို့တော်ရဲ့အလှဆိပ်ကမ်းလိုမျိုးဖြစ်လာနိုင်ပြီး ယခုအချိန်မှာတောင် နေပြည်တော် ငပလီ လိုမျိုး အပန်းဖြေနေရာတွေ ပေါ်ပေါက်လာနေပါပြီ။

နောင်တစ်ချိန် မှာ ကျွန်တော့်တို့ရဲ့ အမိမြေသာ ဖွံ့ဖြိုးတိုးတက်လာခဲ့ရင် ထိုင်းနိုင်ငံရဲ့ ရေပေါ်ဈေးလိုရော ၊ LED မီးအလှ ဆိပ်ကမ်းတွေလိုမျိုးပါ ဖြစ်မလာဘူးလို့ဘယ်သူပြောနိုင်မှာတဲ့လဲဗျာ။

ရောင်းမယ့် မြေကွက်ဈေးနှုန်း

သိန်း ၈၇၀ ညှိနှိုင်းဖြစ်ပါတယ်။

လက်ရှိ မြစ်ကမ်းတလျှောက် River view ရတဲ့ အဆောက်အဦး တရားဝင် တည်ဆောက်ခွင့်ရ ရေမီးရနိုင်တဲ့ ရွာမြေ‌ နေရာတွေထဲမှာ‌တော့ သိန်း၁၀၀၀ အောက် နောက်ဆုံးလက်ကျန် မြေကွက်ကျယ်လည်းဖြစ်ပါတယ်။

ပေါင်းလောင်းမြစ်ဆိပ်ဟာ နေပြည်တော်ရဲ့အပူဒဏ်ကို ရှောင်ချင်သူတွေအတွက်တော့ အိုအေစစ်လေးတစ်ခုလိုပါပဲ။ အဲ့လိုနေရာမျိုးမှာသာ မြေကွက်လေးတစ်ခုပိုင်ဆိုင်ရပြီး ကိုယ်ပိုင်အိမ်တစ်လုံး ဆောက်နေလိုက်မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ။

စီးပွားရေးလုပ်ကိုင်လိုသူတွေနေနဲ့လည်း အထက်က ကျွန်တော်ပြောခဲ့သလို တည်းခိုခန်း သို့ motel လေးတစ်ခုဖွင့်ပြီး မြစ်ကမ်းဘေး ရူခင်းနဲ့ အတူ အပျော်စီး စက်လှေလုပ်ငန်းပါ ဉာဏ်ရှိသလို လုပ်နိုင်ပါတယ်။

မြေကွက်ရဲ့ အနေအထားကတော့ ကားပါကင်ရော တည်းခိုခန်နဲ့ စားသောက်ဆိုင်ပါ တွဲ ဖွင့်နိုင်တဲ့ အကျယ်အဝန်းပါ။ အဲ့လိုမှမလုပ်နိုင်သေးရင်လဲ နောင်တစ်ချိန်မှာအဲလိုလုပ်မယ်သူတွေကို ပြန်လည်ရောင်းချဖို့ ဥထားသင့်တဲ့ ထားကောင်းရောင်းစွံအနေအထားပါ။

မြေကွက်ရဲ့ တန်ဖိုးဟာ နောင်တစ်ချိန် ဈေး ဘယ်ရွေ့ ဘယ်မျှဖြစ်သွားနိုင်တယ် ဆိုတာကတော့ အိမ်ခြံမြေ ကျွမ်းကျင်တဲ့ မိတ်ဆွေများကို မေးမြန်းစုံစမ်းကြည့်နိုင်ပါတယ်။

မြေကွက် အရောင်းကြေငှာရင်းနဲ့ ကျွန်တော်ရဲ့ ခရီးသွား ဗဟုသုတ အနေနဲ့ တစ်ပါတည်း ဝေငှရမယ်ဆိုရင် ပျဉ်းမနားရဲ့ နာမည်ကျော် သကြားစက်လမ်းကနေ စစ်တောင်းမြစ်ကြီးကို ပတ်ပြီး အဝေရာ တောင်ပေါ် view point ၊ ဆင်ဖြူတောင်၊ အဝေရာ ဆည် ၊ နေပြည်တော်ငပလီ နဲ့ လှေခွင်းတောင်အပန်းဖြေစခန်း နေ့တစ်ဝက် ခရီးစဉ်ကို နေပြည်တော်သား‌ တွေရော ၊ အလည်အပတ်ရောက်ရှိနေသူများပါ တစ်ခါလောက် မြည်းစမ်းသွားကြည့်ဖူးစေချင်ပါတယ်။

မိတ်ဆွေအနေနဲ့ လှေခွင်းတောင် အပန်းဖြေစခန်းအနီးမှာ ရှိတဲ့ မြစ်ဆိပ်ကမ်း River view မြေကွက်ကို လာရောက်ကြည့်ရူဖို့ စိတ်ဝင်စားတယ် ဆိုရင်တော့ 09699151818 ကို ဆက်သွယ်‌ စုံစမ်းမေးမြန်းနိုင်ပါတယ်။

မေတ္တာရိပ်မှာ အေးချမ်းပါစေ။

Description

  • Not Furnished
 Contact Advertiser By Phone
 Chat with Advertiser
Compare Add to Favorites Share Report

Featured Ad

Let's apply Home Loan at iMyanmarHouse.com to own your dream home!

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
 

ဇေယျာသီရိမြို့နယ် ရောင်းရန် အိမ်ခြံမြေများ

ပိုမိုကြည့်ရှုရန်

ကားအရောင်းကြော်ငြာများ

ပိုမိုကြည့်ရှုရန်