အရှေ့ဒဂုံ မင်းရဲကျော်စွာလမ်းမပေါ် ရုံးခန်း သင်တန်းဖွင့်ရန် လုံးချင်းငှားမည်

Click Photo To Enlarge

Posted on 20 Sep 2025 11:30 am Views 248 Ad Number R-22398029

Dagon Myothit (East) | Yangon Region

House

40 ft x 100 ft 4000 Square Feet

Monthly Rental Fees 65 Lakh (Kyats)

အရှေ့ဒဂုံ မင်းရဲကျော်စွာလမ်းမပေါ် ရုံးခန်း သင်တန်းဖွင့်ရန် လုံးချင်းငှားမည်

💰💵. - 65 lakh

⛳️ခြံလေးရဲ့အကျယ်အဝန်းလေးကတော့ ပေ 40' x 100' ကျယ်ဝန်းပြီး အဆောက်အဦးအကျယ် 34' x 52' ပေတည်ဆောက်ထားတဲ့အတွက်ကြောင့် မိသားစုနှင့်တူတူကျယ်ကျယ်ဝန်းဝန်းနေထိုင်ချင်ရင်ဖြစ်ဖြစ် ရုံးခန်းဆိုင်ခန်း၊ company လုပ်ငန်း၊ဘာသာစကားသင်တန်းကျောင်း၊
ဘဏ်လုပ်ငန်း၊ private school & International school ဖွင့်ချင်ရင်ဖြစ်ဖြစ် အထူးသင့်တော်တဲ့ နေရာကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။
(အခုသတ်မှတ်ထားတဲ့ school သတ်မှတ်ချက်တွေနဲ့ချိန်ဆလို့ရဖို့ sq ft လေးတွေပါတွက်ပြထားပါတယ်)
လက်ရှိပါပြီးသားအခန်းတွေကိုတော့,သတ်မှတ်ချက်အရမပါမဖြစ်ပါရမယ့်lab ခန်း, scienceခန်း, computer ခန်း, ဆရာ/မ နားနေခန်း,meeting ခန်းစသဖြင့် plan ချနိုင်ပြီးကျန်ရှိတဲ့ hall area တွေကိုစည်းမျဉ်းနဲ့ကိုက်ညီတဲ့အခန်းအကျယ်အဝန်းရအောင်လိုသလိုကန့်ပြီးအသုံးပြုလို့ရတာမို့ private school, international school အသုံးပြုမယ့်သူများတွက်ချက်နိုင်ဖို့ပါ။

တိုက်အတွင်းမှာတော့ မြေညီထပ်(၇ပေအမြင့်ထပ်ခိုးပါ) ,ပထမထပ်,ဒုတိယအထပ်တို့အပြင်Roof slap type ဖြစ်ပြီးအပေါ်ဆုံးအမိုးထပ် roof slab 34'x52'ကိုပါလိုသလိုအသုံးပြုနိုင်တဲ့ရှားပါးအဖိုးတန်တိုက်အိမ်လေးတစ်လုံးပဲဖြစ်ပါတယ်။

မြေညီထပ်မှာထပ်ခိုးပါ ပြီး
Master room -1ခန်း (306 sq ft)
Single room -1ခန်း (170 sq ft)
Store room -1 ခန်း
Kitchen room
ဘိုထိုင်အိမ်သာ ,ရေချိုးခန်း ၂ ခု ပါဝင်ပါတယ်။
ရှေ့မှာ hall အနေနဲ့ (930 sq ft ကျန်ပါတယ်)
မြေညီရဲ့ထပ်ခိုးကတော့အမြင့် 7 ပေ ရှိပြီးဘာမှကန့်မထားတဲ့ hall tpye ဖြစ်တဲ့အတွက်ဘာပဲလုပ်လုပ်အသုံးတည့်ပါတယ်နော်။

ပထမထပ်မှာ
ရှေ့ဝရန်တာ၊နောက်ဝရန်တာပါပြီး
Master room -1 ခန်း(306 sq ft)
Single room -2 ခန်း(170 sq ft စီ)
Kitchen room
ဘိုထိုင်အိမ်သာ ရေချိုးခန်း ၂ ခုပါဝင်ပါတယ်။
ရှေ့မှာ hall အနေနဲ့ ( 340 sq ft ) ကျန်ပါတယ်။

ဒုတိယထပ်မှာလည်း
ရှေ့ဝရန်တာ၊နောက်ဝရန်တာပါပြီး
Master room -1 ခန်း(306 sq ft)
Kitchen room
ဧည့်ခန်း hall type မို့ ( 1100 sq ft ရှိတဲ့ hall ပါ)
ဘိုထိုင်အိမ်သာ ရေချိုးခန်း ၂ခု ပါဝင်ပါတယ်။
ဒုတိယထပ်,တတိယထပ်တွေကိုတက်ဖို့လှေကားခွင်ကိုခြံထဲ,အပြင်ဖက်ကနေတိုက်ရိုက်ဝင်ထွက်လို့ရအောင်လှေကားခွင်ဘေးအပေါက်ပါတာမို့အပေါ်ထပ်တက်မယ့်သူများအတွက်မြေညီထပ်ကနေအဝင်အထွက်မလုပ်ဘဲသီးသန့်ဖြစ်စေဖို့အိုင်ဒီယာဆန်းလေးနဲ့အကျိုးရှိစေတဲ့ design လေးကလုံးဝအားသာချက်ကြီးတစ်ခုလို့ဆိုချင်ပါတယ်။

ဒါ့အပြင် အိမ်ရှေ့Mini mart ဖွင့်ထားခဲ့သော 25' x 25' ပေသီးသန့်အဆောက်အဦးပါရှိတဲ့အတွက် mini mart ပဲဆက်ဖွင့်တာဖြစ်စေ ဆက်မဖွင့်ရင်တောင် business သီးသန့်လုပ်ချင်တဲ့သူတွေဒါမှမဟုတ် reception/office ရယ် operation area ကိုသီးသန့်ခွဲထားချင်တဲ့သူတွေအတွက်ဒီ building လေးကအခွင့်ကောင်းတစ်ခုလို့ပြောချင်ပါတယ်။ခြံဝန်းအတွင်း အပြင်အိမ်သာ - ၁ ခု လည်းပါရှိပြီးခြံအတွင်း ကား ၃စီးခန့်ရပ်လို့ရနိုင်ပါတယ်။( ကိုယ့် customerတွေ/client တွေ/ လာရောက်စုံစမ်းသူတွေ/ အပြင်ကလာရောက်သူဧည့်သည်တွေ toilet အသုံးပြုချင်တဲ့အခါမှာ ကိုယ့်လုပ်ငန်းခွင်ထဲကနေဖြတ်မသွားစေရဘဲခြံထဲ toilet ကိုအသုံးပြုနိုင်တာကလဲလုပ်ငန်းခွင်ကိုပို safe ဖြစ်စေသလိုသီးသီးသန့်သန့်သပ်ရပ်သန့်ရှင်းမှုကိုလဲပိုပေါ်လွင်စေလို့အားသာချက်တစ်ခုပါ။လမ်းမကြီးနဲ့ခြံကြားမှာကားရပ်စရာနေရာလဲလုံလုံလောက်လောက်ကျန်တဲ့အတွက်ကားရပ်ဖို့စိတ်ပူရန်အကြောင်းမရှိတာကတော့ ကဲဘာလိုသေးလဲပေါ့။

အခုလိုမျိုးအဆင်သင့်ရှယ်ပြင်ဆင်ထားတဲ့ 3 ထပ်ခွဲ RC လုံးခြင်းအိမ်လေးကိုတော့ တစ်လငှားရမ်းခ 65 သိန်းနဲ့ပိုင်ရှင်တိုက်ရိုက်ဌားတာဖြစ်တဲ့အတွက် ကြောင့် အရှုပ်အရှင်းကင်းကင်းနဲ့ဌားရမ်းနိုင်မှာပဲဖြစ်ပါတယ်။
(Deposit ၂ လစာ)
လိုအပ်ချက်နဲ့အညီအရမ်းတန်တာမို့အမြန်လက်ဦးမှရပါမယ်။

လိုအပ်ခဲ့ရင်ဘေးဖက်ကပ်ရက် မြေသီးသန့်40'x100' ကျောကပ်မြေကွက်၂ ခုတွဲရက်(မင်းရဲကျော်စွာနဲ့ရာဇာဓိရာဇ်လမ်းမကြီးကျောပေါက်နောက်ပေါက်)(total 40'x200') ကိုငှားခသီးသန့်နဲ့တပါတည်းတွဲငှားပေးလို့ရတာကတော့ so amazing ပေါ့နော်
အဆောက်အဦးနဲ့အတူကပ်ရက်မြေ40'x100'တကွက်ထဲကိုပဲတွဲငှားချင်တယ်ဆို လဲညှိနှိုင်းပေးပါ့မယ်

☎ ဆက်သွယ်ရန်............ NP

09449553601
09449553602
09420192490

City Best Yangon - အိမ် ခြံ မြေ အကျိုးဆောင်ကုမ္ပဏီ

Description

  • Fully Furnished
 Contact Advertiser By Phone
 Chat with Advertiser
Add to Favorites Share Report

Featured Ad

Let's apply Home Loan at iMyanmarHouse.com to own your dream home!

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
 

City Best Yangon Real Estate Co.,Ltd ရှိ ငှါးရန် အိမ်ခြံမြေများ

ပိုမိုကြည့်ရှုရန်

အရှေ့ဒဂုံမြို့နယ် ငှါးရန် အိမ်ခြံမြေများ

ပိုမိုကြည့်ရှုရန်

ကားအရောင်းကြော်ငြာများ

ပိုမိုကြည့်ရှုရန်