232 Views

ပါမစ်မြေ (20×60) 2RC ကို ဂရန်အမည်ပေါက်လျှောက်ရင် ဘယ်လောက်ကုန်ကျနိုင်လဲ။ အချိန်ဘယ်လောက်ကြာနိုင်ချေရှိလဲ။

မေးသူ - KyiKyi Shwe


စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ ဥပဒေနှင့်အညီ လွှဲပြောင်းရယူ ထားပြီး ကော်မတီအမည်ပေါက် ရှိပြီးမြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ၊ စနစ်တကျမြို့ကွက်ဖော်ထုတ်ထားသည့် လူနေရပ်ကွက်အတွင်းရှိ ကျူးလွန်ခြင်းမြေ၊ ဂရန်ပေးစီမံချက်မြေတို့ကို မြေငှားဂရန် လျှောက်ထားခွင့်ရှိပါသည်။

စာရွက်စာတမ်းများ ပြည့်စုံကာ ရောင်းသူဝယ်ယူ စုံလင်ပါက ပါမစ်မြေအား ဂရန်အမည်ပေါက် လျှောက်ထားခြင်းပြုနိုင်ပြီး မြေယာစီမံခန့်ခွဲမှုဌာနမှ သတ်မှတ်အချိန်ကာလအတွင်း ဂရန်ရရှိမည်ဖြစ်ပါသည်။ ပါမစ်မြေအား (GP/SP)ဖြင့် ရောင်းသူကိုယ်စား ဆောင်ရွက်၍ မရပါ။မိမိဝယ်ယူသော ပါမစ် မြေမှ အမည်ပေါက်သူထံမှ တိုက်ရိုက်ဝယ်ယူမှု ဖြစ်ရန်လဲလိုပါသည်။

ဂရန်မြေများအား အခွန်ဆောင်သည့်အခါ ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန် စည်းမျဉ်း ဥပဒေအရ ပြုလုပ်သော နည်းဥပဒေ ၄၄(က)(၂) အရ လည်းကောင်း၊ အောက်မြန်မာနိုင်ငံတွင် ၁၈၉၈ခုနှစ်၊ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေအရပြုလုပ်သော နည်းဥပဒေ-၁၇အရ လည်းကောင်း၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများအတွက်ဖြစ်ပါက ၁၉၁၃ ခုနှစ် မြို့နှင့် ကျေးရွာ မြေများဆိုင်ရာ အမိန့်ဆင့်ဆိုချက် ၄၅ (ခခ)အရလည်းကောင်း ၊ မြေငှားရမ်းခ နှုန်းထားများကို မြေ၏ ကာလတန်ဘိုး၊ ငှားရမ်းခတန်ဘိုး တို့ဖြင့် သင့်လျော်စွာ မြေငှားခရမ်းခနှုန်းထား ကောက်ခံခြင်း ဖြစ်ကြောင်း ဖြေဆိုပေးလိုက်ပါသည်။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App