1484 Views

လယ်ကောက်မြေအမျိုးစာအကြောင်ဖြေးပေးပါ။

မေးသူ - ကိုဆန္း

[Unicode]

မြေ အမျိုးအစားတွေ အကြောင်း ဗဟုသုတ အနေနဲ့ သိထားသင့်ပါတယ်၊ သိချင်ကြ ပါတယ်။ မြေအမျိုးအစားအလိုက် သတ်မှတ်ထားမှုတွေ ရေတွက်ရရင် အများကြီးပါ။ ဒါပေမဲ့ မြေစာရင်း လက်စွဲ ဥပဒေမှာတော့ စိုက်ပျိုးမြေနှင့် စိုက်ပျိုးခြင်း မပြုသော အခြားမြေများလို့ အဓိက (၂) မျိုးသာ ခွဲပါတယ်။ စိုက်ပျိုးမြေထဲမှာ လယ်ယာ၊ ကိုင်းကျွန်း၊ ဓနိ၊ ဥယျာဉ်၊ တောင်ယာ စသည်ဖြင့် လည်းကောင်း၊ စိုက်ပျိုးခြင်း မပြုတဲ့ မြေများကို အခြားမြေ (OA မြေ) များအဖြစ်လည်းကောင်း ခေါ်ဆိုကြပါတယ်။ (OA) မြေမှာ...
၁။ ရွာမြေ

၂။ သုသန်မြေ

၃။ သာသနာ့မြေ

၄။ လမ်းမြေ
၅။ တာတမံမြေ

၆။ မီးရထားလမ်းမြေ

၇။ တူးမြောင်းမြေ

၈။ ရေကန်နှင့် ကန်ပေါင်းများ

၉။ စိုက်ပျိုးနိုင်သော မြေလွတ်မြေရိုင်း

၁၀။ မစိုက်ပျိုးနိုင်သော မြေလွတ် မြေရိုင်း

၁၁။ သစ်တောကြိုးဝိုင်းမြေ

၁၂။ စားကျက်မြေ

၁၃။ အဆောက်အဦးများ ဆောက်လုပ်ရန်အတွက် သီးသန့်ထားသောမြေ

၁၄။ ယဉ်ကျေးမှုနှင့် ရှေးဟောင်း နယ်မြေ

၁၅။ ချောင်း၊ အင်းနှင့် ရေလွှမ်းသော အခြားမြေများလို့ ခွဲခြားထား ပါတယ်။

ကြေးတိုင်နှင့် မြေစာရင်းဌာနမှ နှစ်စဉ်ကောက်ယူ ပြုစု ထုတ်ပြန်တဲ့ ရာသီဥတုနှင့် ကောက်ပဲသီးနှံ အစီရင်ခံစာ (ရာကောက်) များအနက် ရာကောက် (၂) ဟု ခေါ်တွင်သော နိုင်ငံအတွင်း အသုံးချလျှက်ရှိသည့် မြေများကို မြေအမျိုးအစားအလိုက် ခွဲခြား ဖော်ပြသောစာရင်းတွင် မြေအမျိုးအစားပေါင်း (၂၂) မျိုးအဖြစ် စာရင်းပြုစုလျက် ရှိပါတယ်။ လယ်ယာစိုက်ပျိုးမြေအဖြစ် အကျုံးဝင်သော လယ် ၊ ယာ၊ ကိုင်းကျွန်း၊ ဓနိ၊ ဥယျာဉ်၊ တောင်ယာမြေ၊ မြေနုကျွန်းမြေ စသည်တို့ဖြစ်ကြပါတယ်။

 

[Zawgyi]

လယ္ေကာက္ေျမအမ်ိဳးစာအေၾကာင္ေျဖးေပးပါ။

ေျမ အမ်ိဳးအစားေတြ အေၾကာင္း ဗဟုသုတ အေနနဲ႔ သိထားသင့္ပါတယ္၊ သိခ်င္ၾက ပါတယ္။ ေျမအမ်ိဳးအစားအလိုက္ သတ္မွတ္ထားမႈေတြ ေရတြက္ရရင္ အမ်ားႀကီးပါ။ ဒါေပမဲ့ ေျမစာရင္း လက္စြဲ ဥပေဒမွာေတာ့ စိုက္ပ်ိဳးေျမႏွင့္ စိုက္ပ်ိဳးျခင္း မျပဳေသာ အျခားေျမမ်ားလို႔ အဓိက (၂) မ်ိဳးသာ ခြဲပါတယ္။ စိုက္ပ်ိဳးေျမထဲမွာ လယ္ယာ၊ ကိုင္းကြၽန္း၊ ဓနိ၊ ဥယ်ာဥ္၊ ေတာင္ယာ စသည္ျဖင့္ လည္းေကာင္း၊ စိုက္ပ်ိဳးျခင္း မျပဳတဲ့ ေျမမ်ားကို အျခားေျမ (OA ေျမ) မ်ားအျဖစ္လည္းေကာင္း ေခၚဆိုၾကပါတယ္။ (OA) ေျမမွာ...

၁။ ႐ြာေျမ

၂။ သုသန္ေျမ

၃။ သာသနာ့ေျမ

၄။ လမ္းေျမ

၅။ တာတမံေျမ

၆။ မီးရထားလမ္းေျမ

၇။ တူးေျမာင္းေျမ

၈။ ေရကန္ႏွင့္ ကန္ေပါင္းမ်ား

၉။ စိုက္ပ်ိဳးႏိုင္ေသာ ေျမလြတ္ေျမ႐ိုင္း

၁၀။ မစိုက္ပ်ိဳးႏိုင္ေသာ ေျမလြတ္ ေျမ႐ိုင္း

၁၁။ သစ္ေတာႀကိဳးဝိုင္းေျမ

၁၂။ စားက်က္ေျမ

၁၃။ အေဆာက္အဦးမ်ား ေဆာက္လုပ္ရန္အတြက္ သီးသန႔္ထားေသာေျမ

၁၄။ ယဥ္ေက်းမႈႏွင့္ ေရွးေဟာင္း နယ္ေျမ

၁၅။ ေခ်ာင္း၊ အင္းႏွင့္ ေရလႊမ္းေသာ အျခားေျမမ်ားလို႔ ခြဲျခားထား ပါတယ္။

ေၾကးတိုင္ႏွင့္ ေျမစာရင္းဌာနမွ ႏွစ္စဥ္ေကာက္ယူ ျပဳစု ထုတ္ျပန္တဲ့ ရာသီဥတုႏွင့္ ေကာက္ပဲသီးႏွံ အစီရင္ခံစာ (ရာေကာက္) မ်ားအနက္ ရာေကာက္ (၂) ဟု ေခၚတြင္ေသာ ႏိုင္ငံအတြင္း အသုံးခ်လွ်က္ရွိသည့္ ေျမမ်ားကို ေျမအမ်ိဳးအစားအလိုက္ ခြဲျခား ေဖာ္ျပေသာစာရင္းတြင္ ေျမအမ်ိဳးအစားေပါင္း (၂၂) မ်ိဳးအျဖစ္ စာရင္းျပဳစုလ်က္ ရွိပါတယ္။ လယ္ယာစိုက္ပ်ိဳးေျမအျဖစ္ အက်ဳံးဝင္ေသာ လယ္ ၊ ယာ၊ ကိုင္းကြၽန္း၊ ဓနိ၊ ဥယ်ာဥ္၊ ေတာင္ယာေျမ၊ ေျမႏုကြၽန္းေျမ စသည္တို႔ျဖစ္ၾကပါတယ္။

 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)