7995 Views

တစ်ခုလောက် မေးချင်လို့ပါ ဆရာ။ ဒီရက်ပိုင်း တိုက်ပြိုတဲ့ သတင်းတွေကြားရတော့ အခန်းပိုင်ရှင်တွေကဒီအတိုင်း ဆုံးရှုံးသွားတာလား။ ပြန်ဆောက်ရင် တိုက်ခန်းပြန်ရမှာလား။ အဲ့လိုပြန်ရဖို့ ငွေကြေးစိုက်ထုတ်ရမှုရှိပါသလား။ သိချင်ပါတယ် ဆရာ။ အရည်အသွေးမကောင်းလို့၊ မီးလောင်လို့၊ ငလျင်လှုပ်လို့ တိုက်ခန်းပျက်စီးသွားရင် ဆုံးရှုံးသွားမှာလား။ ပြန်ရဖို့ ငွေထပ်ပေးရမှာလားသိချင်ပါတယ်။

မေးသူ - Thein Htoo Aung

[Unicode]

ဝယ်ထားတဲ့တိုက်ခန်း သက်တမ်းကုန်ဆုံးတာပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ပြိုကျပျက်စီးတာပဲဖြစ်ဖြစ် ဆုံးရှုံးတဲ့အခါအခန်း ပြန်မရနိုင်ပါ။

ဝယ်ထားတဲ့ အခန်းပဲ ပိုင်တာဖြစ်တဲ့အတွက် အခန်းမရှိတော့ရင် လက်ဆုပ်လက်ကိုင်ပြစရာမရှိပေမဲ့၊ မြေရှင်က တိုက်အသစ် ပြန်ဆောက်ရင် မိမိအထပ် ၊ မိမိအခန်းနေရာ ပြန်ရဖို့ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ပြန်ဆောက်မယ့်အခန်းအတွက် ဆောက်လုပ်ကုန်ကျစရိတ်ပေးရန် တာဝန်လည်းရှိပါတယ်။

တိုက်သစ်ဆောက်ရင် မြေရှင်ရဲ့ စိုက်ထုတ်ကုန်ကျစရိတ်ရှိတာကြောင့် မိမိအခန်းအတွက် ဆောက်လုပ် ကုန်ကျစရိတ်ကို ထပ်ပေးရတဲ့သဘောပါ။ မြေရှင်ကိုယ်တိုင်က မြေပိုင်ဆိုင်မှုရှိပေမယ့် အဆောက်အဦးပြိုကျသည့်အခါ ဆောက်လုပ်ကုန်ကျစရိတ် ထပ်မံကုန်ကျတာဖြစ်လို့ အခန်းပိုင်ရှင် ဖြစ်သည့် အားလျော်စွာ မိမိအခန်းပြန်ရနိုင်ရန် ဆောက်လုပ်ကုန်ကျစရိတ် ထပ်မံကုန်ကျမှာ ဖြစ်ပါတယ်။

အရင်တိုက်အဟောင်းအခန်း ဝယ်ယူခဲ့တုန်းက မြေရှင်သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်စာတမ်းများရှိနေတဲ့အတွက် အခန်းပိုင်ရှင်ဖြစ်နေသေးပြီး အပြင်လူဝယ်တဲ့ဈေးအတိုင်း ပေးဖို့မလိုပါ။

 

[Zawgyi]

တစ္ခုေလာက္ ေမးခ်င္လို႔ပါ ဆရာ။ ဒီရက္ပိုင္း တိုက္ၿပိဳတဲ့ သတင္းေတြၾကားရေတာ့ အခန္းပိုင္႐ွင္ေတြကဒီအတိုင္း ဆုံး႐ႈံးသြားတာလား။ ျပန္ေဆာက္ရင္ တိုက္ခန္းျပန္ရမွာလား။ အဲ့လိုျပန္ရဖို႔ ေငြေၾကးစိုက္ထုတ္ရမႈ႐ွိပါသလား။ သိခ်င္ပါတယ္ ဆရာ။ အရည္အေသြးမေကာင္းလို႔၊ မီးေလာင္လို႔၊ ငလ်င္လႈပ္လို႔ တိုက္ခန္းပ်က္စီးသြားရင္ ဆုံး႐ႈံးသြားမွာလား။ ျပန္ရဖို႔ ေငြထပ္ေပးရမွာလားသိခ်င္ပါတယ္။

ဝယ္ထားတဲ့တိုက္ခန္း သက္တမ္းကုန္ဆုံးတာပဲျဖစ္ျဖစ္၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၿပိဳက်ပ်က္စီးတာပဲျဖစ္ျဖစ္ ဆုံး႐ႈံးတဲ့အခါအခန္း ျပန္မရႏိုင္ပါ။

ဝယ္ထားတဲ့ အခန္းပဲ ပိုင္တာျဖစ္တဲ့အတြက္ အခန္းမ႐ွိေတာ့ရင္ လက္ဆုပ္လက္ကိုင္ျပစရာမ႐ွိေပမဲ့၊ ေျမ႐ွင္က တိုက္အသစ္ ျပန္ေဆာက္ရင္ မိမိအထပ္ ၊ မိမိအခန္းေနရာ ျပန္ရဖို႔ ေတာင္းဆိုပိုင္ခြင့္႐ွိပါတယ္။ ျပန္ေဆာက္မယ့္အခန္းအတြက္ ေဆာက္လုပ္ကုန္က်စရိတ္ေပးရန္ တာဝန္လည္း႐ွိပါတယ္။

တိုက္သစ္ေဆာက္ရင္ ေျမ႐ွင္ရဲ႕ စိုက္ထုတ္ကုန္က်စရိတ္႐ွိတာေၾကာင့္ မိမိအခန္းအတြက္ ေဆာက္လုပ္ ကုန္က်စရိတ္ကို ထပ္ေပးရတဲ့သေဘာပါ။ ေျမ႐ွင္ကိုယ္တိုင္က ေျမပိုင္ဆိုင္မႈ႐ွိေပမယ့္ အေဆာက္အဦးၿပိဳက်သည့္အခါ ေဆာက္လုပ္ကုန္က်စရိတ္ ထပ္မံကုန္က်တာျဖစ္လို႔ အခန္းပိုင္႐ွင္ ျဖစ္သည့္ အားေလ်ာ္စြာ မိမိအခန္းျပန္ရႏိုင္ရန္ ေဆာက္လုပ္ကုန္က်စရိတ္ ထပ္မံကုန္က်မွာ ျဖစ္ပါတယ္။

အရင္တိုက္အေဟာင္းအခန္း ဝယ္ယူခဲ့တုန္းက ေျမ႐ွင္သေဘာတူ လက္မွတ္ေရးထိုးထားတဲ့ စာခ်ဳပ္စာတမ္းမ်ား႐ွိေနတဲ့အတြက္ အခန္းပိုင္႐ွင္ျဖစ္ေနေသးၿပီး အျပင္လူဝယ္တဲ့ေဈးအတိုင္း ေပးဖို႔မလိုပါ။

 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)