1012 Views

တိုက်ခန်းတစ်ခန်းကို ကန်ထရိုက်ဆီကနေ ဝယ်ယူတုန်းက ကန်ထရိုက်က Commercial Tax 3% ကောက်ယူထားခဲ့ပါတယ်။ ထိုတိုက်ခန်းကို နောက်ထပ်တစ်ဦးဆီ ပထမဝယ်ယူထားသူက ပြန်လည်ရောင်းချမည်ဆိုပါက နောက်ထပ်ဝယ်သူက Commercial Tax ဆောင်ဖို့လိုအပ်သေးလားခင်ဗျာ။ ဆောင်ဖို့လိုအပ်တယ်ဆို ဘယ်လောက်ဆောင်ရပါသလဲ။ဆောင်ဖို့လိုအပ်တယ်ဆိုရင် တိုက်ခန်းတစ်ခန်းထဲကို Commercial Tax 2 ကြိမ်ဆောင်ရသလိုဖြစ်နေမလားခင်ဗျာ။

မေးသူ - Myo Min Aung

[Unicode]

တိုက်ခန်းတစ်ခန်းကို ကန်ထရိုက်ဆီကနေ ဝယ်ယူတုန်းက ကန်ထရိုက်က Commercial Tax 3% ကောက်ယူထားခဲ့ပါတယ်။ ထိုတိုက်ခန်းကို နောက်ထပ်တစ်ဦးဆီ ပထမဝယ်ယူထားသူက ပြန်လည်ရောင်းချမည်ဆိုပါက နောက်ထပ်ဝယ်သူက Commercial Tax ဆောင်ဖို့လိုအပ်သေးလားခင်ဗျာ။

ဆောင်ဖို့လိုအပ်တယ်ဆို ဘယ်လောက်ဆောင်ရပါသလဲ။ဆောင်ဖို့လိုအပ်တယ်ဆိုရင် တိုက်ခန်းတစ်ခန်းထဲကို Commercial Tax 2 ကြိမ်ဆောင်ရသလိုဖြစ်နေမလားခင်ဗျာ။ ကုန်သွယ် လုပ်ငန်းခွန်သည် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၄ အရ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့် လုပ်ငန်းအမျိုးအစားများမှာ-

(က) ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်ရောင်းချခြင်း။

(ခ) ပြည်တွင်း၌ ကုန်သွယ်မှုဆောင်ရွက်ခြင်း။

(ဂ) ပြည်တွင်း၌ ဝန်ဆောင်မှုဆောင်ရွက်ခြင်း။

(ဃ) ပြည်ပမှ ကုန်စည်တင်သွင်းခြင်း။

(င) ပြည်ပသို့ကုန်စည်တင်ပို့ခြင်းစသောဆောင်ရွက်ချက်များလုပ်ဆောင်ပါက ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည် ဖြစ်ပါသည်။

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ-၃(င) အရ ရောင်းရငွေဆိုသည်မှာ ကုန်စည်ကို လက်ငင်း ဖြစ်စေ၊ ကြွေးဖြင့်ဖြစ်စေ၊ အခြားဆိုင်းငံ့စနစ်ဖြင့်ဖြစ်စေ၊ ကြိုတင်အရောင်းစနစ် ဖြင့်ဖြစ်စေ၊ ရောင်းချ၍ ရငွေ (သို့မဟုတ်) ရရန်ငွေကိုဆိုလိုသည်၊ ကုန်စည်ချင်းလဲလှယ်ခြင်းဖြစ်လျှင် ယင်းသို့ပြုလုပ်ရာတွင် သတ်မှတ်သည့်တန်ဖိုးကို ဆိုသည်ဟုပြဋ္ဌာန်းထားရာ ကုန်သွယ်လုပ်ငန်းခွန်ကို ကြိုတင်အရောင်း စနစ်ဖြင့်ဖြစ်စေ၊ လက်ငင်းရောင်းချခြင်း ဖြစ်စေ၊ ရောင်းချမှု ပေါ်ပေါက်၍ Invoice (ကုန်အမျိုးအစားများအလိုက် ကျသင့်ငွေဖော်ပြထားသည့် ကုန်ရောင်း ပြေစာ) ထုတ်ပေးသည့် အချိန်၌ ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်။

ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ-၁၄ (ဃ) ပါ အခွန်မကျသင့်သည့် ဝန်ဆောင်မှုရငွေတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ(င) အရ ဝန်ဆောင်မှုရရှိငွေ အပေါ်၌ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်၍ ပေးချေငွေရရှိသည့် သက်ဆိုင်ရာလကုန်ဆုံးပြီး ၁၀ ရက် အတွင်း ပေးသွင်းရပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းကို ဝန်ဆောင်မှုရရှိငွေ အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံခြင်းဖြစ်သည့်အတွက် ကနဦးပိုင်ရှင်ထံမှ ထပ်မံဝယ်ယူသူအနေနှင့် သက်ဆိုင်သည့်မြေပိုင်ရှင်ထံတွင်သာ အမည်ပြောင်းခပေးဆောင်၍ ဝယ်ယူနိုင်ပါသည်။

 

[Zawgyi]












ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)