1887 Views

မင်္ဂလာပါခင်ဗျာ မြို့မြေ ပုံစံ ၁၀၅ သာ ရှိတဲ့ အိမ် ခြံ မြေ ကို ဝယ်ချင်လို့ပါ။ မြေပေးမိန့် လျှောက် ၊ ဂရန် အမည်ပေါက် လျှောက်တာတို့ ကို ဝယ်ပြီးမှ ဝယ်သူက ပြန်လုပ်ရင်အဆင်ပြေနိုင်သလား ခင်ဗျာ။ ဥပဒေအရ လုပ်ပိုင်ခွင့်ရှိပါသလား ခင်ဗျာ။ လေးစားစွာဖြင့် ။

မေးသူ - Nay Lin Aung

[Unicode]

ပုံစံ (၁၀၅) ဆိုတာက “မြေစာရင်းဌာန” က ထုတ်ပေးတဲ့ "ပုံစံ တစ်ခုသာ" ဖြစ်ပါတယ်။ အဲဒီ ပုံစံက လယ်ယာမြေပဲ ဖြစ်ဖြစ်၊ ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနအပိုင် နယ်နိမိတ် အတွင်းမှာရှိတဲ့ မြေတို့ရဲ့အကျယ်အဝန်းနဲ့ အမျိုးအစားကို ဖော်ပြပေးတဲ့ ပုံစံစာရွက်သာ ဖြစ်ပါတယ်။

နောက် တစ်နည်း ပုံစံ (၁၀၅) ဆိုတာ ပိုင်ဆိုင်မှု မဟုတ်ပါ။ တည်နေရာကို ဖော်ပြရန်၊ မြေအမျိုးအစားကို ဖော်ပြရန်၊ အိမ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် တည်နေရာကို ညွန်းဆိုရန်၊ မြို့မြေဖြစ်ပါက ဂရန် လျှောက်ထားရာတွင် တည်နေရာကို ညွှန်းဆိုရန် စသည်တို့အတွက် “မြေစာရင်းဌာန” က ထုတ်ပေးတဲ့ "မြေပုံ ပုံစံ" ဖြစ်ပါတယ်။ "ပုံစံ (၁၀၅) ရေးကူးတယ်ဆိုတာ လျှောက်တိုင်း ရေးကူးပေးလို့ မရပါ။ မြေပေးမိန့် ပါမစ်(သို့) ဂရန်မြေဝယ်ပြီးပါက မြေအမည်ပေါက်ပိုင်ဆိုင်သူမှ ၎င်းကိုယ်တိုင်ဖြစ်စေ၊ ၎င်းထံမှ အထူးကိုယ်စားလှယ်လွှဲစာ ရယူထားသူကဖြစ်စေ၊ သက်သေခံမိတ္တူမှန်မြေပုံရေးကူးပြီး အရောင်းအဝယ်စာချုပ်ချုပ်ရန်ဝယ်ယူသူက ဆက်လက် ဆောင်ရွက်နိုင်ပါသည်။

 

[Zawgyi]

မဂၤလာပါခင္ဗ်ာ ၿမိဳ႕ေျမ ပုံစံ ၁၀၅ သာရွိတဲ့ အိမ္ ၿခံ ေျမ ကိုဝယ္ခ်င္လို႔ပါ။ ေျမေပးမိန႔္ ေလွ်ာက္ ၊ ဂရန္အမည္ေပါက္ ေလွ်ာက္တာတို႔ကို ဝယ္ၿပီးမွ ဝယ္သူက ျပန္လုပ္ရင္အဆင္ေျပႏိုင္သလားခင္ဗ်ာ။ ဥပေဒအရ လုပ္ပိုင္ခြင့္ရွိပါသလားခင္ဗ်ာ။ ေလးစားစြာျဖင့္။

ပုံစံ (၁၀၅) ဆိုတာက “ေျမစာရင္းဌာန” က ထုတ္ေပးတဲ့ "ပုံစံ တစ္ခုသာ" ျဖစ္ပါတယ္။ အဲဒီ ပုံစံက လယ္ယာေျမပဲ ျဖစ္ျဖစ္၊ ႐ြာေျမ၊ ဥယ်ာဥ္ၿခံေျမပဲ ျဖစ္ျဖစ္၊ ဂရန္ေျမပဲ ျဖစ္ျဖစ္ သက္ဆိုင္ရာ ေျမစာရင္းဦးစီးဌာနအပိုင္ နယ္နိမိတ္ အတြင္းမွာရွိတဲ့ ေျမတို႔ရဲ႕အက်ယ္အဝန္းနဲ႔ အမ်ိဳးအစားကို ေဖာ္ျပေပးတဲ့ ပုံစံစာ႐ြက္သာ ျဖစ္ပါတယ္။

ေနာက္ တစ္နည္း ပုံစံ (၁၀၅) ဆိုတာ ပိုင္ဆိုင္မႈ မဟုတ္ပါ။ တည္ေနရာကို ေဖာ္ျပရန္၊ ေျမအမ်ိဳးအစားကို ေဖာ္ျပရန္၊ အိမ္ေဆာက္လုပ္ခြင့္ ေလွ်ာက္ထားရာတြင္ တည္ေနရာကို ၫြန္းဆိုရန္၊ ၿမိဳ႕ေျမျဖစ္ပါက ဂရန္ ေလွ်ာက္ထားရာတြင္ တည္ေနရာကို ၫႊန္းဆိုရန္ စသည္တို႔အတြက္ “ေျမစာရင္းဌာန” က ထုတ္ေပးတဲ့ "ေျမပုံ ပုံစံ" ျဖစ္ပါတယ္။ "ပုံစံ (၁၀၅) ေရးကူးတယ္ဆိုတာ ေလွ်ာက္တိုင္း ေရးကူးေပးလို႔ မရပါ။ ေျမေပးမိန္႕ ပါမစ္(သို႔) ဂရန္ေျမ၀ယ္ၿပီးပါက ေျမအမည္ေပါက္ပိုင္ဆိုင္သူမွ ၎ကိုယ္တိုင္ျဖစ္ေစ၊ ၎ထံမွ အထူးကိုယ္စားလွယ္လႊဲစာ ရယူထားသူကျဖစ္ေစ၊ သက္ေသခံမိတၱဴမွန္ေျမပုံေရးကူးၿပီး အေရာင္းအ၀ယ္စာခ်ဳပ္ခ်ဳပ္ရန္၀ယ္ယူသူက ဆက္လက္ ေဆာင္ရြက္ႏိုင္ပါသည္။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)