1292 Views
အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ရာတွင် special powerကိုရောင်းသူနှင့်ဝယ်သူပူးပေါင်း၍ စာချုပ်စာတမ်းရုံးတွင်ပြုလုပ်ရသည်ကို သိရှိပါသည်။ စည်ပင်ရုံးတွင်ဂရန်မှန်မမှန်အမည်ပေါက်မှန်မမှန်စစ်ဆေးသည်မှ နောက်ဆုံးအဆင့်စည်ပင်ရုံးတွင် နာမည်ပေါက်ပြောင်းသည်အထိ အဆင့်အားလုံးရုံးအားလုံးအတွက် special power တခုတည်းနှင့်လိုက်လုပ်၍ရပါသလား။ သို့မဟုတ် အဆင့်တခုစီအတွက် special power တစ်စောင်စီလုပ်ရပါသလား။ ဆိုလိုသည်မှာခေါင်းစဉ်တမျိုးစီအတွက် SP တစ်စောင်စီပြုလုပ်ရပါသလား။ ဂရန်မှန်မမှန် အမည်ပေါက်မှန်မမှန်စစ်ဆေးခြင်း၊ အရောင်းမြေပုံထုတ်ယူခြင်း၊ ရာဖြတ်ရုံးသို့တင်ခြင်း၊ မြို့နယ်အခွန်ရုံးကိစ္စပြုလုပ်ခြင်း၊ စာချုပ်ရုံးတွင်စာချုပ်ကြီးတင်ခြင်း၊ စည်ပင်ရုံးတွင်အမည်ပြောင်းခြင်းအားလုံးအတွက် SP တစ်စောင်ထဲနှင့်လုံလောက်ပါသလား။ခေါင်းစဉ်တစ်ခုအတွက် (သို့) ရုံးတစ်ခုစီအတွက် SP တစ်စောင်စီလိုအပ်ပါသလား။
မေးသူ - Htay Kywel
[Unicode]
Special Power ဆိုသည်မှာ လူတစ်ဦးတစ်ယောက်က မိမိပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ပိုင်ဆိုင်မှုအပြီးသတ်လွှဲပြောင်းပေးသော တရားဝင်ကိုယ်စားလှယ် ခွင့်ပြုမိန့်ဖြစ်သည့်အတွက် SP တစ်စောင် ယူထားရုံမျှဖြင့် ပိုင်ဆိုင်ခွင့်ပေးထားသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်ရပ်၏သက်ဆိုင်ရာကိစ္စရပ်နှင့် ပက်သက်သမျှအားလုံး ဆောင်ရွက်ခွင့်ရှိသည်။
ဥပမာ- မြေကွက်ရောင်းချသူသည် သူရောင်းလိုက်တဲ့ မြေကွက်ကို ဝယ်ယူသူအား မိမိဆောင်ရွက်ပေးသကဲ့သို့ အခွင့်ရှိစေရန် ပါဝါလွှဲဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။ ၎င်းပါဝါသည် ယင်းမြေကွက်ပိုင်ဆိုင်မှုတစ်ရပ်နှင့်သာသက်ဆိုင်သည်။ ပါဝါလွှဲပေးသူသေဆုံးခဲ့သည်ရှိသော် SP သည် အလိုအလျောက်ပျက်ပြယ်သွားပါသည်။ ထို့ကြောင့် မြေကွက်နှင့်ပက်သက်သမျှ ဆောင်ရွက်ချက် အသီးသီးတို့ကို ယင်း SP ရှိရုံဖြင့် မိမိပိုင်ဆိုင်မှုအဖြစ် ဆောင်ရွက်ခွင့်ရှိပါသည်။
[Zawgyi]
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.
To Make Property Questions
Other Property Questions And Answers
Subscribe For Property News
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)