အိမ်ဆောက်ခွင့်မတင်ခင် အိမ်ဟောင်းဖျက်ခွင့်ရှိမရှိ သိချင်ပါတယ် ခင်ဗျာ။
မေးသူ - ဦင်္းတင့်ဆွေ အဆောက်အဦ ဖြိုဖျက်ရာတွင် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီ၌ အဆောက်အအုံ ဖျက်သိမ်းခွင့် ဦးစွာလျှောက်ထားရမှာဖြစ်ပါတယ်။
အဆောက်အအုံဖျက်သိမ်းခွင့် ခွင့်ပြုချက်ရမှသာ အဆောက်အဦကို တရားဝင် ဖျက်ခွင့်ရှိမှာဖြစ်ပါတယ်။ အဆောက်အဦဖျက်သိမ်းပြီးမှသာ အဆောက်အအုံ ဆောက်လုပ်ခွင့်ကို ၃ ထပ်နှင့်အောက် အထပ်နိမ့်ဆိုလျှင် မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် လျှောက်ထားရမှာဖြစ်ပြီး ၄ ထပ်နှင့်အထက် အထပ်မြင့်ဆိုလျှင် မြို့တော်ခန်းမ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)တွင် ဆက်လက်လျှောက်ထားရမှာဖြစ်ပါသည်။
ထို့ကြောင့် အဆောက်အအုံဖျက်သိမ်းခွင့် လျှောက်ထားပြီးမှ အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားရန် ရှင်းလင်းအကြံပြုအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.