631 Views

မင်္ဂလာပါရှင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ၈ထပ်ခွဲမီနီကွန်ဒိုအဆောက်အဦနဲ့ ပတ်သတ်ပြီး မေးချင်ပါတယ်ရှင်။ ၎င်းမီနီကွန်ဒိုကို ကန်ထရိုက်နှင့် ဆောက်လုပ်ပြီး တခန်းလျှင် 1600 sqft ဝန်းကျင် ရှိပါတယ်ရှင်။ ကန်ထရိုက်ထံမှ ဝယ်ယူသော အခန်းပိုင်ရှင်များအနေဖြင့် ၎င်းတို့စာချုပ်တွင် " ဝယ်ယူသူသည် အဆိုပါတိုက်ခန်းတွင် မြေရှင့် အခန်းလခ၊ မြေခကို ကာလပေါက်ဈေးအတိုင်း ပေးဆောင်ရမည်ကို သိရှိသဘောတူပါသည် "ဟု ချုပ်ဆိုကြပါသည်။ကျွန်မအနေဖြင့် မြေခကို မည်၍ မည်မျှ ကောက်ခံရမည်ကို အနည်း၊ အများ မဝေခွဲတတ်ပါသဖြင့် အကြံပေး ဖြေကြားပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင်။ ကြိုပွိုင့်ဝယ်သူများ၏ နှုန်းမှာ သိန်း ၁၆၀၀ နှင့် ၁၈၀၀ကြားဖြစ်ပြီး ရာဖြတ်ဈေးမှာ သိန်း ၈၀၀ - ၈၅၀ ဖြစ်ပါတယ်ရှင်။ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

မေးသူ - မျဖိဳးစု
"​မြေခ" လို့ဆိုတဲ့ "အခန်း​မြေ​နေရာငှါးခ" ​ကောက်​ခံတာက တရားဝင်​စံနှုန်း ပြဋ္ဌာန်းချက်​ရှိတာ မ​တွေ့ရပါဘူး။ "ကာလ၊ ​ဒေသ၊ ပုဂ္ဂလ"အ​ခြေအ​နေ​ပေါ် မူတည်​ပြီး ​တောင်းကြတာ​တွေ့ရပါတယ်​။ "မဖြိုး"တို့ရဲ့ လှိုင်​မြို့နယ်​က မီနီကွန်​ဒို နဲ့ အလားတူတဲ့၊ ဒဂုံမြို့နယ်​၊ ​ယောမင်းကြီးရပ်​ကွက်​က ကွန်​ဒိုတစ်​ခုဆိုရင်​ "​မြေငှါးခ" တစ်​လ ၃၀၀၀(ကျပ်​၃ထောင်)​တောင်းတာ ​တွေ့ရပါတယ်​။ အဲ့ဒီ​တော့ မဖြိုး​ပြောတဲ့ လှိုင်​ကွန်​ဒိုက အခန်းအကျယ်​နဲ့ အခု​ပြောတဲ့ ​ယောမင်းကြီးရပ်​ကွက်​က ကွန်​ဒိုတစ်​ခုရဲ့ အကျယ်​အ၀န်း က သိပ်​မကွာလှလို့ ၃၀၀၀ လို့ ခန့်​မှန်းကြည့်​မိတာပါ။
ဒါ​ပေမဲ့ "တစ်​​ကျောင်းတစ်​ဂါထာ၊ တစ်​ရွာတစ်​ပုဒ်​ဆန်း"ဆိုသလိုပါဘဲ တစ်​မြို့နယ်​နဲ့ တစ်​မြို့နယ်​ ​ကောက်​ယူပုံချင်းက​တော့ ကွာခြားပါလိမ့်​မယ်​။ အဲဒီ​တော့ "မဖြိုး" ဘယ်​​လောက်​​ကောက်​ခံသင့်​တယ်​ ဆိုတာကို အနီးစပ်​ဆုံး ခန့်​မှန်း​ပေးနိုင်​တဲ့ သူ​တွေက​တော့ လှိုင်​မြို့နယ်​ အတွင်းက အိမ်​ခြံ​မြေအကျိုး​ဆောင်​ ကုမ္ပဏီ ​တွေဖြစ်​လို့ သူ​တို့​တွေရဲ့ အ​တွေ့အကြုံအရ ​မြေခ ​ကောက်​ခံပုံ နှုန်းထားကို သွား​ရောက်​​မေးမြန်း ကြည့်​သင့်​ပါတယ်​လို့ အကြံ​ပေးလိုက်​ပါတယ်​။ လှိုင်​မြို့နယ်​ အတွင်းက အိမ်​ခြံ​မြေ အကျိုး​ဆောင်​ ကုမ္ပဏီ ​တွေသိချင်​ရင်​​တော့ အကျိုး​ဆောင်​ဂျာနယ်​၊ ​ရွှေဆဋ္ဌဂံ ဂျာနယ်​ နဲ့ ​ဈေးကွက်​ဂျာနယ်​တို့မှာ ရှာကြည့်​ပါလို့ ထပ်​​လောင်းအမှာပါးလိုက်​ပါတယ်​ဗျာ။ ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)