898 Views

ဆရာ ကျွန်တော် အိမ်ခြံမြေရောင်းဝယ်တာနဲ့ပါတ်သက်ပြီးမေးချင်လို့ပါ။ ကျွန်တော်တို့ကတော့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာနေထိုင်ပါ တယ်ဆရာ။ မန္တလေး မြစ်ကြီးနားကားလမ်းဖောက်လိုက်တော့ ကျွန်တော်တို့ လယ်တွေက အလယ်ကောင်ကနေ ပိုင်းပီးတော့ပါသွားပါတယ်ဆရာ။ လယ်တွေက ရွာနဲ့နီးတော့လုပ်စားလို့ကလည်းအဆင်မပြေတော့ဘူးဆရာ။ ကားလမ်းဘေးဆိုတော့ ၀ယ်မဲ့သူတော့ရှိပါတယ်ဆရာ။ရွာက ဥက္ကဌ က လယ်မြေတွေကို မရောင်းရဘူးပြောလို့ ရောင်းသူနဲ့ဝယ်သူအခက်တွေ့နေလို့ပါဆရာ။ ကျွန်တော်တို့ဆီမှာရှိတာကလည်း လယ်ခွန်မြေခွန် ပုံစံ10 တွေရှိပါတယ်ဆရာ။ ကျွန်တော်လို့ လယ်နဲ့ကပ်ရပ်ဘဲ ဥက္ကဌက သူလည်းရောင်းပါတယ်ဆရာ ကျွန်တော်တို့က သွားမေးတော့ သူတို့က အနေထားကမတူဘူးလို့ပြန်ပြောလို့ပါဆရာ။ အာ့တာကြောင့် ဆရာတို့ဆီက အကြံညံလေးတောင်းတာပါဆရာ။ ကျွန်တော်တို့ ဘယ်လိုလုပ်ထားရင် ရောင်းလို့ရသလဲဆိုတာသိချင်လို့ပါဆရာ။ ကန့်ဘလူက မြေတိုင်းစာရေးနဲ့တိုင်ပင်တော့လည်း သူတို့က အဆင်မပြေဘူး (ရွာက ဥက္ကဌ နဲ့သူတို့နဲ့က အတူတူဖြစ်နေလို့ပါဆရာ)အဲ့ဒါကြောင့် ကျွန်တော်တို့ဘယ်လိုလမ်းကြောင်းလေးနဲ့ ရှေ့ဆက်လုပ်ရမယ်ဆိုတာ ဆရာဆီကအကြံညံလေးတောင်းခံချင်လို့ပါဆရာ။ ဆရာတို့ပညာများကို လေးစားလျက်ပါ ....

မေးသူ - ကိုအောင်သက်ထွေ
လယ်​​တွေက ရွာနဲ့နီးတယ်​ဆိုရင်​​တော့ တဖြည်းဖြည်းနဲ့ လူဦး​ရေ တိုးလာပြီး ရွာပြင်​ထွက်​ကြရမှာဘဲ။ အဲဒီအခါကျရင်​​တော့ လယ်​ယာ​မြေကို အခြားနည်​သုံးစွဲခွင့်​ ​လျှောက်​ယူရမှာ​ပေါ့။ အခြားနည်​သုံးစွဲခွင့်​ ရရင်​​တော့ အိမ်​​ဆောက်​၊ စာသင်​​ကျောင်း​ဆောက်​၊ ​ဆေးခန်း​ဆောက်​ စသည်​ဖြင့်​ ကြိုက်​သလို​ဆောက်​ကာ လူ​နေထိုင်​ခွင့်​ ရှိပါတယ်​။
အခုလက်​ရှိ "ကို​အောင်​သက်​​ထွေး"မှာ လယ်​ခွန်​၊​မြေခွန်​ ပုံစံ(၁၀)ပဲ ရှိ​သေး​တော့ ​ရောင်းလို့မရဘူးလို့ ရွာက ဥက္ကဋ္ဌက တားမြစ်​တာ ဖြစ်​မှာ​ပေါ့။ အချို့မြို့နယ်​​တွေမှာ​တော့ လယ်​​မြေ​ပြေစာ ရှိရင်​ ​ကျေးရွာဥက္ကဋ္ဌ ​ရှေ့မှာ ​ရောင်းသူ၊၀ယ်​သူ နှစ်​ဦးသ​ဘောတူ လက်​မှတ်​​ရေးထိုးလိုက်​ကြတာဘဲ။ ​ကျေးရွာ ဥက္ကဋ္ဌကတစ်​ဆင့်​ မြို့နယ်​ လယ်​ယာ​မြေစီမံခန့်​ခွဲ​ရေး စာရင်​အင်းဦးစီးဋ္ဌာန (ယခင်​ ​မြေစာရင်းဦးစီးဋ္ဌာန) ကို ဆက်​လက်​တင်​ပြလိုက်​တယ်​။ ​နောင်​နှစ်​ လယ်​လုပ်​ချိန်​မှာ ၀ယ်​ယူသူနာမည်​နဲ့ ​လယ်​​မြေ​ပြေစာ ထွက်​လာတယ်​လို့ ဆိုကြပါတယ်​။ ဒီနည်းက လယ်​​မြေ​ပြေစာ ရတာဖြစ်​တဲ့အတွက်​ လယ်​လုပ်​လို့ဘဲ ရပါတယ်​။ အိမ်​​ဆောက်​လို့ မရ​သေးဘူး​ပေါ့။ အခု ​ကျေးရွာဥက္ကဋ္ဌက အဲဒီနည်းကို သုံးပြီး ​ရောင်းလိုက်​လို့ သူတို့နဲ့ အ​နေအထား မတူဘူးလို့ ​ပြောတာလားမှ မသိတာ။ အဲဒီလိုမရရင်​ ဒုတိယနည်းက​တော့ လယ်​ယာ​မြေ ဥပ​ဒေ ၊ နည်းဥပ​ဒေ​တွေ နဲ့အညီ အဆင့်​ဆင့်​ ​ဆောင်​ရွက်​ရ​တော့မှာ​ပေါ့။ "ကို​အောင်​သက်​​ထွေး " ရဲ့အမည်​​ပေါက်​ လယ်​ခွန်​/​မြေခွန်​ ပုံစံ-၁၀ ရှိတယ်​ဆိုရင်​ လယ်​ယာ​မြေဥပ​ဒေအရ (ပုံစံ-၇)လို့​ခေါ်တဲ့ "လယ်​ယာ​မြေလုပ်​ပိုင်​ခွင့်​ လက်​မှတ်​"ရ​အောင်​ အရင်​ဆုံး​လျှောက်​ယူရမယ်​။ ​လျှောက်​တဲ့အခါ မှာလည်း ​ကျေးရွာ နဲ့မြို့နယ်​ လယ်​ယာ​မြေစီမံခန့်​ခွဲ​ရေးနဲ့စာရင်းအင်းဦးစီးဋ္ဌာန မှာ ​လျှောက်​ယူရမယ်​။ ​လျှောက်​လွှာပုံစံနဲ့ ​လျှောက်​ပုံ​လျှောက်​နည်း "၂၀၁၂ခုနှစ်​ လယ်​ယာ​မြေဥပ​ဒေနှင့်​ နည်းဥပ​ဒေ များ" စာအုပ်​မှာ အပြည့်​အစုံပါပါတယ်​။ "ပုံစံ-၇" ရရင်​ တရားဝင်​ အ​ရောင်းအ၀ယ်​ လုပ်​လို့ရပါပြီ။ ​ရောင်းချ/​ပေးကမ်း/လှူဒန်း/​ပေါင်​နှံ ကြိုက်​ရာလုပ်​နိုင်​ပါတယ်​။ အနှစ်​ချုပ်​​ပြောရရင်​ လယ်​မြေ​ပြေစာအဆင့်​က​နေ (ပုံစံ-၇)လယ်​ယာ​မြေလုပ်​ပိုင်​ခွင့်​ ရလာမယ်​။ "ပုံစံ-၇" ရလာပြီး လယ်​လုပ်​ပြရမယ်​။ နည်းနည်း ကြာမှ အခြားနည်း သုံးစွဲခွင့်​ ​လျှောက်​ယူနိုင်​ပါတယ်​။ အခြားနည်းသုံးစွဲခွင့်​ ရပြီဆိုရင်​​တော့ ကြိုက်​သလို​ရောင်းခွင့်​ ရှိတယ်​၊ အိမ်​​ဆောက်​ခွင့်​ ရှိပါပြီလို့ ​ဖြေကြား​ပေးလိုက်​ပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)