[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ သိန်း(၃၀၀)ကျော်မှ စတင်ဝယ်ယူနိုင်သည့် အီတလီအငွေ့အသက်ဖြင့် အိမ်ရာစီမံကိန်းအသစ် Tuscan Village Taunggyi အထူးပရိုမိုးရှင်းအရောင်းပြပွဲကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက်( စနေ၊ တနင်္ဂနွေ) နေ့များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ရန်ကုန်မြို့ ၊ ပြည်လမ်းမပေါ်ရှိ Lotte Hotel( Emerald Room - Level 2 ) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြပွဲ (၂) ရက်အတွင်း ဝယ်ယူခဲ့ကြသူများကို 25% အထိအထူးသက်သာခွင့်များ ၊ ၂ နှစ်အတိုးမဲ့အရစ်ကျစနစ်များဖြင့် ရောင်းချပေးအပ်ခဲ့ပါသည်။
Tuscan Village Taunggyi သည် ရှမ်းပြည်နယ်၏ အလှဆုံးနှင့်အကောင်းဆုံးလမ်းဖြစ်သည့် ဂျာမနီလမ်းမကြီးမေးတင် သီတဂူဗုဒ္ဓဝိဟာရကျောင်းတိုက် ဘေးကပ်တွင် တည်ရှိသည်။ (၅၈.၉၄) ဧကအကျယ်ရှိ Developer ပိုင်သည့်မြေပေါ်တွင် ဖော်ဆောင်နေသည့် အကောင်းဆုံး အိမ်ရာစီမံကိန်းတစ်ခုဖြစ်သည်။ 2500 sqft မှ 15000 sqft အထိ ကျယ်ဝန်းသောမြေကွက်များကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်သည်။ စီမံကိန်းထဲတွင် Typical Villa ၊ Villas ၊ Town Centre ၊ Horse Riding Club စသည်ဖြင့် Zone (၄) ခုပါရှိနေမည်ဖြစ်သည်။
စီမံကိန်းအတွင်း မြေကွက်များကို ခြံစည်းရိုးခတ်ပေးခြင်း ၊ လျှပ်စစ်မီးခြံရှေ့အရောက် သွယ်တန်းပေးခြင်း ၊ ခြံရှေ့အရောက် ကတ္တရာလမ်းခင်းပေးခြင်း ၊ ကျောက်လမ်းများခင်းပေးခြင်း၊ တို့ ပြုလုပ်ပေးမည်ဖြစ်ပြီး မိမိခြံဝန်းအတွင်း အဝီစိတွင်းများလည်း တူးနိုင်မည်။
အနီးအနားတွင်လည်း ဘုရားဖြူဈေး ၊ ILBC ၊ Total Brainwork ၊ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းများ ၊ ခိုင်မေတ္တာဆေးရုံ ၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် တို့ရှိသည်။
Tuscan Village Taunggyi သည် အေးချမ်းတိတ်ဆိတ်၍ ရင်သပ်ရှုမောဖွယ်လှပပြီး ထင်ရှားကျော်ကြားသည့် ဂျာမဏီလမ်းမပေါ်တွင်ရှိပြီး ဟဲဟိုးလေဆိပ်သို့လည်း မိနစ်(၄၀) ခန့်လောက်နှင့် သွားလာနိုင်တာကြောင့် သွားလာရေး လွယ်ကူအဆင်ပြေသည့် နေရာတစ်ခုဖြစ်သည်။
Facilities များအနေဖြင့် အဆင့်မြင့်အပန်းဖြေဟိုတယ်၊ မြင်းစီးကွင်း ၊ ရေပူ/ရေအေး ရေကူးကန် ၊ ချယ်ရီပန်းပင် တစ်သောင်းကျော်စိုက်ထားသော ပျော်ပွဲစားထွက်နိုင်သည့် အပန်းဖြေဧရိယာနေရာ ၊ လှပသော ရှုခင်းများကို ရှုစားရင်း အပန်းဖြေနိုင်မည့် Coffee ဆိုင် ၊ အားကစားခန်းမ ၊ မီးဖိုချောင်သုံးပစ္စည်းများကို အလွယ်တကူရရှိနိုင်မည့် Mini Mart ၊ ဆေးပေးခန်း ၊ TVT ဧရိယာအတွင်း ကားလမ်းတစ်လျှောက်တွင် ထင်းရှုးပင်အပါအဝင်လှပသော သစ်ပင်ပန်းပင်များဖြင့် မြေယာရှုခင်းအလှဆင်ပေးခြင်း ၊ မိုးရာသီအတွင်း သစ်ပင် ၊ ပန်းပင် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးပေးသည့် ဝန်ဆောင်မှုတို့ပါရှိခြင်းစသည်တို့ပါဝင်တာကြောင့် မြန်မာနိုင်ငံ၏ Facilities အများဆုံးနှင့် အကောင်းဆုံး စီမံကိန်းတစ်ခုဖြစ်ပါသည်။
“ Tuscan Village Taunggyi ဟာ Green Stone Realty Company မှ ဖော်ဆောင်နေတဲ့ အိမ်ရာစီမံကိန်းဖြစ်တာကြောင့် ယုံကြည်စိတ်ချရခြင်း ၊ ဂရန်ရရှိမည်ဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာခြင်း ၊ Return ပြန်ရစေဖို့ Holiday Home အဖြစ် ငှားရမ်းပေးခြင်း ဝန်ဆောင်မှုကို Developer ဘက်မှ ဆောင်ရွက်ပေးခြင်း၊ Second Home အတွက်ဝယ်လိုသူများ ၊ ရင်းနှီးမြုပ်နှံလိုသူများအတွက် တန်ဖိုးတက်နှုန်းအလွန်မြန်မည့် စီမံကိန်းဖြစ်တာကြောင့် ရင်းနှီးမြုပ်နှံရန်အတွက် အထူးသင့်တော်ခြင်း ၊ ကောင်းမွန်ပြည့်စုံတဲ့ Facilities များ ၊ အလှဆုံး အကောင်းဆုံး ရင်သက်ရှုမောဖွယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားတဲ့ Tuscan Village Taunggyi မှ မြေကွက်တွေကို ပရိုမိုးရှင်းကာလအတွင်း အထူဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါတယ်” ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
သိန္း(၃၀၀)ေက်ာ္မွ စတင္ဝယ္ယူႏိုင္မည့္ အီတလီအေငြ႕အသက္ျဖင့္ အိမ္ရာစီမံကိန္းအသစ္ Tuscan Village Taunggyi အထူးပ႐ိုမိုး႐ွင္း
ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ျဖစ္ေသာ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ ႀကီးမႉး၍ သိန္း(၃၀၀)ေက်ာ္မွ စတင္ဝယ္ယူႏိုင္သည့္ အီတလီအေငြ႕အသက္ျဖင့္ အိမ္ရာစီမံကိန္းအသစ္ Tuscan Village Taunggyi အထူးပ႐ိုမိုး႐ွင္းအေရာင္းျပပြဲကို ၂၀၂၃ ခုႏွစ္၊ ဩဂုတ္လ ၂၆ ရက္ႏွင့္ ၂၇ ရက္( စေန၊ တနဂၤေႏြ) ေန႔မ်ားတြင္ မနက္ (၉) နာရီမွ ညေန (၅) နာရီအထိ ရန္ကုန္ၿမိဳ႕ ၊ ျပည္လမ္းမေပၚ႐ွိ Lotte Hotel( Emerald Room - Level 2 ) တြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။
ျပပြဲ (၂) ရက္အတြင္း ဝယ္ယူခဲ့ၾကသူမ်ားကို 25% အထိအထူးသက္သာခြင့္မ်ား ၊ ၂ ႏွစ္အတိုးမဲ့အရစ္က်စနစ္မ်ားျဖင့္ ေရာင္းခ်ေပးအပ္ခဲ့ပါသည္။
Tuscan Village Taunggyi သည္ ႐ွမ္းျပည္နယ္၏ အလွဆုံးႏွင့္အေကာင္းဆုံးလမ္းျဖစ္သည့္ ဂ်ာမနီလမ္းမႀကီးေမးတင္ သီတဂူဗုဒၶဝိဟာရေက်ာင္းတိုက္ ေဘးကပ္တြင္ တည္႐ွိသည္။ (၅၈.၉၄) ဧကအက်ယ္႐ွိ Developer ပိုင္သည့္ေျမေပၚတြင္ ေဖာ္ေဆာင္ေနသည့္ အေကာင္းဆုံး အိမ္ရာစီမံကိန္းတစ္ခုျဖစ္သည္။ 2500 sqft မွ 15000 sqft အထိ က်ယ္ဝန္းေသာေျမကြက္မ်ားကို စိတ္ႀကိဳက္ ေ႐ြးခ်ယ္ဝယ္ယူႏိုင္သည္။ စီမံကိန္းထဲတြင္ Typical Villa ၊ Villas ၊ Town Centre ၊ Horse Riding Club စသည္ျဖင့္ Zone (၄) ခုပါ႐ွိေနမည္ျဖစ္သည္။
စီမံကိန္းအတြင္း ေျမကြက္မ်ားကို ျခံစည္း႐ိုးခတ္ေပးျခင္း ၊ လွ်ပ္စစ္မီးျခံေ႐ွ႕အေရာက္ သြယ္တန္းေပးျခင္း ၊ ျခံေ႐ွ႕အေရာက္ ကတၱရာလမ္းခင္းေပးျခင္း ၊ ေက်ာက္လမ္းမ်ားခင္းေပးျခင္း၊ တို႔ ျပဳလုပ္ေပးမည္ျဖစ္ၿပီး မိမိျခံဝန္းအတြင္း အဝီစိတြင္းမ်ားလည္း တူးႏိုင္မည္။
အနီးအနားတြင္လည္း ဘုရားျဖဴေဈး ၊ ILBC ၊ Total Brainwork ၊ မေဟာ္သဓာ ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ား ၊ ခိုင္ေမတၱာေဆး႐ုံ ၊ ႐ွမ္းျပည္နယ္ဗုဒၶတကၠသိုလ္ တို႔႐ွိသည္။
Tuscan Village Taunggyi သည္ ေအးခ်မ္းတိတ္ဆိတ္၍ ရင္သပ္႐ႈေမာဖြယ္လွပၿပီး ထင္႐ွားေက်ာ္ၾကားသည့္ ဂ်ာမဏီလမ္းမေပၚတြင္႐ွိၿပီး ဟဲဟိုးေလဆိပ္သို႔လည္း မိနစ္(၄၀) ခန္႔ေလာက္ႏွင့္ သြားလာႏိုင္တာေၾကာင့္ သြားလာေရး လြယ္ကူအဆင္ေျပသည့္ ေနရာတစ္ခုျဖစ္သည္။
Facilities မ်ားအေနျဖင့္ အဆင့္ျမင့္အပန္းေျဖဟိုတယ္၊ ျမင္းစီးကြင္း ၊ ေရပူ/ေရေအး ေရကူးကန္ ၊ ခ်ယ္ရီပန္းပင္ တစ္ေသာင္းေက်ာ္စိုက္ထားေသာ ေပ်ာ္ပြဲစားထြက္ႏိုင္သည့္ အပန္းေျဖဧရိယာေနရာ ၊ လွပေသာ ႐ႈခင္းမ်ားကို ႐ႈစားရင္း အပန္းေျဖႏိုင္မည့္ Coffee ဆိုင္ ၊ အားကစားခန္းမ ၊ မီးဖိုေခ်ာင္သုံးပစၥည္းမ်ားကို အလြယ္တကူရ႐ွိႏိုင္မည့္ Mini Mart ၊ ေဆးေပးခန္း ၊ TVT ဧရိယာအတြင္း ကားလမ္းတစ္ေလွ်ာက္တြင္ ထင္း႐ႈးပင္အပါအဝင္လွပေသာ သစ္ပင္ပန္းပင္မ်ားျဖင့္ ေျမယာ႐ႈခင္းအလွဆင္ေပးျခင္း ၊ မိုးရာသီအတြင္း သစ္ပင္ ၊ ပန္းပင္ ဟင္းသီးဟင္း႐ြက္ပင္မ်ား စိုက္ပ်ိဳးေပးသည့္ ဝန္ေဆာင္မႈတို႔ပါ႐ွိျခင္းစသည္တို႔ပါဝင္တာေၾကာင့္ ျမန္မာႏိုင္ငံ၏ Facilities အမ်ားဆုံးႏွင့္ အေကာင္းဆုံး စီမံကိန္းတစ္ခုျဖစ္ပါသည္။
“ Tuscan Village Taunggyi ဟာ Green Stone Realty Company မွ ေဖာ္ေဆာင္ေနတဲ့ အိမ္ရာစီမံကိန္းျဖစ္တာေၾကာင့္ ယုံၾကည္စိတ္ခ်ရျခင္း ၊ ဂရန္ရ႐ွိမည္ျဖစ္၍ ပိုင္ဆိုင္မႈခိုင္မာျခင္း ၊ Return ျပန္ရေစဖို႔ Holiday Home အျဖစ္ ငွားရမ္းေပးျခင္း ဝန္ေဆာင္မႈကို Developer ဘက္မွ ေဆာင္႐ြက္ေပးျခင္း၊ Second Home အတြက္ဝယ္လိုသူမ်ား ၊ ရင္းႏွီးျမဳပ္ႏွံလိုသူမ်ားအတြက္ တန္ဖိုးတက္ႏႈန္းအလြန္ျမန္မည့္ စီမံကိန္းျဖစ္တာေၾကာင့္ ရင္းႏွီးျမဳပ္ႏွံရန္အတြက္ အထူးသင့္ေတာ္ျခင္း ၊ ေကာင္းမြန္ျပည့္စုံတဲ့ Facilities မ်ား ၊ အလွဆုံး အေကာင္းဆုံး ရင္သက္႐ႈေမာဖြယ္႐ႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားတဲ့ Tuscan Village Taunggyi မွ ေျမကြက္ေတြကို ပ႐ိုမိုး႐ွင္းကာလအတြင္း အထူေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးခဲ့ပါတယ္” ဟု iMyanmarHouse.com ၏ မန္ေနဂ်င္းဒါ႐ိုက္တာျဖစ္သူ ဦးေနမင္းသူက ေျပာၾကားသြားသည္။
iMyanmarHouse.com
အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း
ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္
ျမန္မာႏိုင္ငံသားတိုင္းအိမ္ပိုင္ဆိုင္ႏိုင္ေစရမည္