အိမ်မှာရှိတဲ့ ရှား‌စောင်းလက်ပတ်ပင်တွေက ရရှိနိုင်တဲ့ ဆန်းဆန်းပြားပြား အကျိုးကျေးဇူးများ - Property Knowledge in Myanmar from iMyanmarHouse.com
2948 Views

အိမ်မှာရှိတဲ့ ရှား‌စောင်းလက်ပတ်ပင်တွေက ရရှိနိုင်တဲ့ ဆန်းဆန်းပြားပြား အကျိုးကျေးဇူးများ

Knowledge | Posted by Si Thu Aung

[Unicode]

ရှားစောင်းလက်ပတ်အပင်ဆိုတာ ခြံနဲ့မြေအကျယ်ကြီးရှိမှ၊ သေသေချာချာမြေသြဇာတွေနဲ့ စိုက်မှ၊ အမြဲတမ်းပြုစုယုယမှ ရှင်သန်ကြီးထွားလာကြတာမဟုတ်ပါဘူး။ မြေအိုးလေးထဲ သူ့ရဲ့အကိုင်းလေးတစ်ကိုင်ကို စိုက်မယ် တစ်နေ့ ၂ ခါလောက် အနည်းဆုံးရေလောင်းပေးရုံနဲ့တင်ကို ရှင်သန်ကြီးထွားလာနိုင်တာမလို့ စိုက်ရလွယ်တဲ့အပင်တွေထဲ ထိပ်ဆုံးစာရင်းမှာ ပါဝင်လို့နေပါတယ်။

လက်ရှိအချိန်မှာလည်း နေအိမ်တော်တေ်ာများများမှာ ရှားစောင်းလက်ပတ်ပင်လေးတွေ စိုက်လာကြတာ တွေ့မိတဲ့ အတွက် အိမ်မှာ ရှားစောင်းလက်ပတ်စိုက်ထားရုံနဲ့ အသုံးပြုတဲ့အခါ ရနိုင်တဲ့ ဆန်းဆန်းပြားပြား အကျိုးကျေးဇူးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

အိမ်အတွက် အသုံးဝင်ပုံ

(၁) ရှားစောင်းလက်ပတ်အပင်လေးတွေဟာ အပူချိန်ကို တခြားအပင်တွေထက်ပိုစုတ်ယူနိုင်ပါတယ်တဲ့။ ဒါကြောင့် အခုလို ရာသီဥတုပူတဲ့အခါမျိုးကျရင် အိမ်ပတ်ပတ်လည်မှာ ရှားစောင်းလက်ပတ်အပင်လေးတွေကို အိုးခွဲစိုက်ပေးခြင်းအားဖြင့် အိမ်ထဲအပူချိန်သက်သာလာနိုင်ပါတယ်။

(၂) ၂၀၁၄ ခုနှစ်ရဲ့ Cambridge University Press ဆောင်းပါးအရ သုတေသီတွေဟာ ခရမ်းချဉ်သီးကို ရှားစောင်းလက်ပတ်အနှစ်တွေသုတ်လိမ်းပြီး ရက်တန်ကြာထားခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ခရမ်းချဉ်သီးဟာ ပုတ်ရမယ့်အချိန်ရောက်တာတောင် မပုတ်သွားဘဲ လတ်လတ်ဆတ်ဆတ်ရှိနေတာကို တွေ့ခဲ့ရတယ်။ ဒါကြောင့် မီးဖိုချောင်အတွက်လည်း ရှားစောင်းလက်ပတ်ဟာ အလွန်အသုံးဝင်တယ်ဆိုတာ သိသွားခဲ့ပါတယ်။

ကျန်းမာရေးအတွက်ကောင်းကျိုးများ

(၁) အပူလောင်တဲ့အခါမျိုးမှာ ရှားစောင်းလက်ပတ်ရဲ့အနှစ်ကို တစ်နေ့သုံးကြိမ်လိမ်းပေးရင် သဘာဝအတိုင်း မြန်မမြန်ဆန်ဆန်နဲ့ အနာကျက်နိုင်ပါတယ်။

(၂) ဒီအပြင်နေလောင်လို့ဖြစ်တဲ့ နေလောင်ကွက်တွေကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။

(၃) Evidence-Based Complementary နဲ့ Alternative Medicine တို့ရဲ့လေ့လာမှုတစ်ခုအရ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ aloe emodin ဆိုတာဟာ ရင်သားကင်ဆာဖြစ်တဲ့ရာခိုင်နှုန်းကို လျော့ကျစေပါတယ်တဲ့။

(၄) နောက်ထပ်တွေ့ရှိချက်တစ်ခုကတော့ နိုက်ဂျီးရီယားမှ သုတေသီတွေရှာတွေ့ခဲ့တဲ့ အချက်တစ်ချက်ပါ။ ရှားစောင်းလက်ပတ်ပင်တွေဟာ သဘာဝကပေးတဲ့ အရိုးတွေသန်မာကြံ့ခိုင်ဖို့ အားဆေးပါပဲတဲ့။ Health Line မှ ကိုးကားဖော်ပြပေးထားတာပါ။

(၅) သွေးတွင်းသကြားဓာတ်ကိုလည်း ရှော့ချပေးတယ်ဆိုပြီး Phytomedicine: International Journal of Phytotherapy and Phytopharmacy ဆောင်းပါးမှာ ဖော်ပြထားပါသေးတယ်။

(၆) ဒီအပြင် အီသီယိုးပီးယားမှ သုတေသီများကတော့ ရှားစောင်းလက်ပတ်ဟာ သဘာဝကပေးတဲ့ ပါးစပ်ဆေးရည် (ပလုတ်ကျင်းဆေး)ပါပဲတဲ့။ အပင်မှာပါတဲ့ vitamin C တွေကြောင့် သွားဖုံးတွေယောင်ယမ်းပြီး သွေးယိုတာတွေကို သက်သာစေတာပါ။

(၇) ပြတ်ရှရာသေးသေးလေးတွေအတွက်ဆိုရင်လည်း ရှားစောင်းလက်ပတ်အနှစ်ကို အုံထားလိုက်ရင် ပျောက်ကင်းသက်သာစေတယ်လို့ Hindawi BioMed Research International ဆောင်းပါးမှာ ဖော်ပြထားပါသေးတယ်။

အသားအရေအတွက် ကောင်းကျိုးများ

(၁) ရာသီဥတုကြောင့်ပဲဖြစ်ဖြစ် ရေဓာတ်နည်းလို့ပဲဖြစ်ဖြစ် အသားခြောက်ခြင်းအမျိုးမျိုးကိုလည်း ရှားစောင်းလက်ပတ်အနှစ်လိမ်းအုံခြင်းဖြင့် ကုသနိုင်ပါတယ်။

(၂) ရှားစောင်းလက်ပတ်မှာ ယောင်ယမ်းမှုတွေကိုလျော့ကျစေပြီး ပိုးသတ်ပေးတဲ့ အာနိသင်ပါဝင်တဲ့အတွက်ကြောင့် ဝက်ခြံတွေယောင်ယမ်းနေရင်၊ နီရဲနေရင်လည်း အနှစ်လေးကိုတို့၊ အုံထားနိုင်ပါတယ်။ တစ်နေ့ သုံးခါလောက်ပြုလုပ်ပေးပါ။

(၃) ထိလွယ်ရှလွယ်တဲ့အသားအရေပိုင်ရှင်များ (sensitive skin) အတွက် ရှားစောင်းလက်ပတ်ဟာ သဘာဝ makeup remover အဖြစ် ရှိနေပါတယ်။

(၄) ဒီအပြင် ရှားစောင်းလက်ပတ်အနှစ်ထူထူဟာ ခြေသလုံးမွှေးလို အမွှေးတွေရိတ်တဲ့အခါ shaving cream အနေနဲ့ အသုံးပြုနိုင်ပါတယ်။

(၅) ဖနေင့်ကွဲခြင်းတွေကိုလည်း ရှားစောင်းလက်ပတ်က အထိရောက်ဆံး ကူညီပေးနိုင်ပါတယ်။ အနှစ်ခပ်ထူထူသုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။

(၆) ချွေးပေါက်တွေကိုသန့်စင်ပေးတဲ့ skin exfoliator အနေနဲ့လည်း သုံးနိုင်ပါတယ်။

(၇) သဘာဝမျက်နှာပေါင်းတင်နိုင်တဲ့အရာလည်း ဖြစ်တယ်။

Amara News and Media Sharing မှ တဆင့်ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Credit: Amara News and Media Sharing

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

[Zawgyi]

 

အိမ္မွာရွိတဲ့ ရွား‌ေစာင္းလက္ပတ္ပင္ေတြက ရရွိႏိုင္တဲ့ ဆန္းဆန္းျပားျပား အက်ိဳးေက်းဇူးမ်ား

ရွားေစာင္းလက္ပတ္အပင္ဆိုတာ ၿခံနဲ႔ေျမအက်ယ္ႀကီးရွိမွ၊ ေသေသခ်ာခ်ာေျမၾသဇာေတြနဲ႔ စိုက္မွ၊ အၿမဲတမ္းျပဳစုယုယမွ ရွင္သန္ႀကီးထြားလာၾကတာမဟုတ္ပါဘူး။ ေျမအိုးေလးထဲ သူ႔ရဲ႕အကိုင္းေလးတစ္ကိုင္ကို စိုက္မယ္ တစ္ေန႔ ၂ ခါေလာက္ အနည္းဆုံးေရေလာင္းေပး႐ုံနဲ႔တင္ကို ရွင္သန္ႀကီးထြားလာႏိုင္တာမလို႔ စိုက္ရလြယ္တဲ့အပင္ေတြထဲ ထိပ္ဆုံးစာရင္းမွာ ပါဝင္လို႔ေနပါတယ္။

လက္ရွိအခ်ိန္မွာလည္း ေနအိမ္ေတာ္ေတ္ာမ်ားမ်ားမွာ ရွားေစာင္းလက္ပတ္ပင္ေလးေတြ စိုက္လာၾကတာ ေတြ႕မိတဲ့ အတြက္ အိမ္မွာ ရွားေစာင္းလက္ပတ္စိုက္ထား႐ုံနဲ႔ အသုံးျပဳတဲ့အခါ ရႏိုင္တဲ့ ဆန္းဆန္းျပားျပား အက်ိဳးေက်းဇူးေတြအေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။

အိမ္အတြက္ အသုံးဝင္ပုံ

(၁) ရွားေစာင္းလက္ပတ္အပင္ေလးေတြဟာ အပူခ်ိန္ကို တျခားအပင္ေတြထက္ပိုစုတ္ယူႏိုင္ပါတယ္တဲ့။ ဒါေၾကာင့္ အခုလို ရာသီဥတုပူတဲ့အခါမ်ိဳးက်ရင္ အိမ္ပတ္ပတ္လည္မွာ ရွားေစာင္းလက္ပတ္အပင္ေလးေတြကို အိုးခြဲစိုက္ေပးျခင္းအားျဖင့္ အိမ္ထဲအပူခ်ိန္သက္သာလာႏိုင္ပါတယ္။

(၂) ၂၀၁၄ ခုႏွစ္ရဲ႕ Cambridge University Press ေဆာင္းပါးအရ သုေတသီေတြဟာ ခရမ္းခ်ဥ္သီးကို ရွားေစာင္းလက္ပတ္အႏွစ္ေတြသုတ္လိမ္းၿပီး ရက္တန္ၾကာထားခဲ့ပါတယ္တဲ့။ ဒါေပမဲ့ ခရမ္းခ်ဥ္သီးဟာ ပုတ္ရမယ့္အခ်ိန္ေရာက္တာေတာင္ မပုတ္သြားဘဲ လတ္လတ္ဆတ္ဆတ္ရွိေနတာကို ေတြ႕ခဲ့ရတယ္။ ဒါေၾကာင့္ မီးဖိုေခ်ာင္အတြက္လည္း ရွားေစာင္းလက္ပတ္ဟာ အလြန္အသုံးဝင္တယ္ဆိုတာ သိသြားခဲ့ပါတယ္။

က်န္းမာေရးအတြက္ေကာင္းက်ိဳးမ်ား

(၁) အပူေလာင္တဲ့အခါမ်ိဳးမွာ ရွားေစာင္းလက္ပတ္ရဲ႕အႏွစ္ကို တစ္ေန႔သုံးႀကိမ္လိမ္းေပးရင္ သဘာဝအတိုင္း ျမန္မျမန္ဆန္ဆန္နဲ႔ အနာက်က္ႏိုင္ပါတယ္။

(၂) ဒီအျပင္ေနေလာင္လို႔ျဖစ္တဲ့ ေနေလာင္ကြက္ေတြကိုလည္း ေပ်ာက္ကင္းသက္သာေစပါတယ္။

(၃) Evidence-Based Complementary နဲ႔ Alternative Medicine တို႔ရဲ႕ေလ့လာမႈတစ္ခုအရ ရွားေစာင္းလက္ပတ္မွာပါဝင္တဲ့ aloe emodin ဆိုတာဟာ ရင္သားကင္ဆာျဖစ္တဲ့ရာခိုင္ႏႈန္းကို ေလ်ာ့က်ေစပါတယ္တဲ့။

(၄) ေနာက္ထပ္ေတြ႕ရွိခ်က္တစ္ခုကေတာ့ ႏိုက္ဂ်ီးရီယားမွ သုေတသီေတြရွာေတြ႕ခဲ့တဲ့ အခ်က္တစ္ခ်က္ပါ။ ရွားေစာင္းလက္ပတ္ပင္ေတြဟာ သဘာဝကေပးတဲ့ အ႐ိုးေတြသန္မာႀကံ့ခိုင္ဖို႔ အားေဆးပါပဲတဲ့။ Health Line မွ ကိုးကားေဖာ္ျပေပးထားတာပါ။

(၅) ေသြးတြင္းသၾကားဓာတ္ကိုလည္း ေရွာ့ခ်ေပးတယ္ဆိုၿပီး Phytomedicine: International Journal of Phytotherapy and Phytopharmacy ေဆာင္းပါးမွာ ေဖာ္ျပထားပါေသးတယ္။

(၆) ဒီအျပင္ အီသီယိုးပီးယားမွ သုေတသီမ်ားကေတာ့ ရွားေစာင္းလက္ပတ္ဟာ သဘာဝကေပးတဲ့ ပါးစပ္ေဆးရည္ (ပလုတ္က်င္းေဆး)ပါပဲတဲ့။ အပင္မွာပါတဲ့ vitamin C ေတြေၾကာင့္ သြားဖုံးေတြေယာင္ယမ္းၿပီး ေသြးယိုတာေတြကို သက္သာေစတာပါ။

(၇) ျပတ္ရွရာေသးေသးေလးေတြအတြက္ဆိုရင္လည္း ရွားေစာင္းလက္ပတ္အႏွစ္ကို အုံထားလိုက္ရင္ ေပ်ာက္ကင္းသက္သာေစတယ္လို႔ Hindawi BioMed Research International ေဆာင္းပါးမွာ ေဖာ္ျပထားပါေသးတယ္။

အသားအေရအတြက္ ေကာင္းက်ိဳးမ်ား

(၁) ရာသီဥတုေၾကာင့္ပဲျဖစ္ျဖစ္ ေရဓာတ္နည္းလို႔ပဲျဖစ္ျဖစ္ အသားေျခာက္ျခင္းအမ်ိဳးမ်ိဳးကိုလည္း ရွားေစာင္းလက္ပတ္အႏွစ္လိမ္းအုံျခင္းျဖင့္ ကုသႏိုင္ပါတယ္။

(၂) ရွားေစာင္းလက္ပတ္မွာ ေယာင္ယမ္းမႈေတြကိုေလ်ာ့က်ေစၿပီး ပိုးသတ္ေပးတဲ့ အာနိသင္ပါဝင္တဲ့အတြက္ေၾကာင့္ ဝက္ၿခံေတြေယာင္ယမ္းေနရင္၊ နီရဲေနရင္လည္း အႏွစ္ေလးကိုတို႔၊ အုံထားႏိုင္ပါတယ္။ တစ္ေန႔ သုံးခါေလာက္ျပဳလုပ္ေပးပါ။

(၃) ထိလြယ္ရွလြယ္တဲ့အသားအေရပိုင္ရွင္မ်ား (sensitive skin) အတြက္ ရွားေစာင္းလက္ပတ္ဟာ သဘာဝ makeup remover အျဖစ္ ရွိေနပါတယ္။

(၄) ဒီအျပင္ ရွားေစာင္းလက္ပတ္အႏွစ္ထူထူဟာ ေျခသလုံးေမႊးလို အေမႊးေတြရိတ္တဲ့အခါ shaving cream အေနနဲ႔ အသုံးျပဳႏိုင္ပါတယ္။

(၅) ဖေနင့္ကြဲျခင္းေတြကိုလည္း ရွားေစာင္းလက္ပတ္က အထိေရာက္ဆံး ကူညီေပးႏိုင္ပါတယ္။ အႏွစ္ခပ္ထူထူသုတ္လိမ္းၿပီး ႏွိပ္နယ္ေပးပါ။

(၆) ေခြၽးေပါက္ေတြကိုသန႔္စင္ေပးတဲ့ skin exfoliator အေနနဲ႔လည္း သုံးႏိုင္ပါတယ္။

(၇) သဘာဝမ်က္ႏွာေပါင္းတင္ႏိုင္တဲ့အရာလည္း ျဖစ္တယ္။

Amara News and Media Sharing မွ တဆင့္ျပန္လည္ေဖာ္ျပျခင္းျဖစ္ပါသည္။

Credit: Amara News and Media Sharing

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

Upcoming Property Events

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service