ဆောက်လုပ်ရေးတင်ဒါတွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ကုမ္ပဏီလိုင်စင် အရေအတွက်ထပ်ထိုး - Property News in Myanmar from iMyanmarHouse.com
3118 Views

ဆောက်လုပ်ရေးတင်ဒါတွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ကုမ္ပဏီလိုင်စင် အရေအတွက်ထပ်ထိုး

[Unicode]

အစိုးရရဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ တင်ဒါစနစ်နဲ့ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ဆောက်လုပ်ရေးကုမ္ပဏီတွေကိုလိုင်စင်ထုတ်ပေးနေတာ ကုမ္ပဏီပေါင်း ၁,၆၀၀ ကျော်သွားပါပြီ။

အခုဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်နေ့က စတင်လို့ နိုင်ငံတော်အဆင့်စီမံကိန်းတွေမှာ အစိုးရကဝင်ရောက်လုပ်ကိုင်မှာမဟုတ်ဘဲ ပြင်ပကုမ္ပဏီတွေကိုသာ ခွင့်ပြုမှာဖြစ်တာကြောင့် အခုလို လိုင်စင်ထုတ်ပေးနေရတဲ့ ကုမ္ပဏီအရေအတွက်တွေ များပြားလာရခြင်းဖြစ်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ကုမ္ပဏီများ ကန်ထရိုက်မှတ်ပုံတင်ရေး လုပ်ငန်းကော်မတီက ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်ကစပြီး ကန်ထရိုက်စနစ်နဲ့ ဆောင်ရွက်လိုတဲ့ကုမ္ပဏီတွေကို ခွင့်ပြုပေးနေတာလည်းဖြစ်ပါတယ်။

အခုနှစ်မှာ အိမ်ရာ၊ ဆေးရုံ၊စာသင်ကျောင်း၊ လမ်းတံတား၊ အစရှိတဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေအားလုံးကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပုဂ္ဂလိကကို ပဲ လုပ်ကိုင်ခွင့်ပြုတော့မှာပါ။ ကုမ္ပဏီတွေကို မှတ်ပုံတင်ထုတ်ပေးရမှာတော့ အမျိူးအစားတွေခွဲခြားထားတယ်လို့ သိရပါတယ်။

အရည်အသွေးထိန်းသိမ်းရေးကုမ္ပဏီ (Quality Control)၊ အင်ဂျင်နီယာပညာရပ် ဆိုင်ရာ အကြံဉာဏ်ပေးသောကုမ္ပဏီ (Engineering Consultant)၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုပေးသောကုမ္ပဏီ (Service)၊ တည်ဆောက်ရေးကုမ္ပဏီ (Construction)နှင့် အဓိက တည်ဆောက်ရေးပစ္စည်း ပေးသွင်းသည့်ကုမ္ပဏီ (Trading)ဆိုပြီးလိုင်စင်တွေထုတ်ပေးနေတာဖြစ်ပါတယ်။

ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ ကပ်ရောဂါကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေပြန်လည်ရပ်နားထားရာကနေ ဒီဇင်ဘာလအတွင်းကစတင်ပြီး ပြန်လည်စတင်နေပါပြီ။

ကိုဗစ်ကော်မတီကိုတင်ပြထားတဲ့ ခရိုင်အလိုင် ဆောက်လုပ်ရေးလုပ်ငန်းတွေကိုပြန်လည်ခွင့်ပြုပေးနေတာပဲဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ ခရိုင်လေးခရိုင်မှာ လုပ်ငန်းတွေပြန်လုပ်ဆောင်ဖို့ လျှောက်ထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် သုံးရာကျော်လောက်ရှိပြီးခွင့်ပြုမိန့်ကိုစောင့်ဆိုင်းနေတာလို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဦးမျိုးမြင့်က ပြောပါတယ်။

စက်ရုံအလုပ်ရုံတွေလို ဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း ကျန်းမာရေးနဲ့အညီပြန်လည်ဖွင့်လှစ်ဖို့ စည်းကမ်းချက်တွေ သတ်မှတ်ထားတာရှိပြီး မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်သွားမယ်လို့ဦးမျိုးမြင့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမအပတ်ကတော့ နိုင်ငံတော်အဆင့်စီမံကိန်းတွေအရေးကြီးတဲ့ဆောက်လုပ်ရေးလုပ်ငန်း ၁၀ ရာခိုင်နှုန်းလောက်ကို အစိုးရရဲ့ခွင့်ပြုချက်နဲ့ ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

စီမံကိန်းတွေ အချိန်မီပြီးစီးရေးတွေအပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေက အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပေါ်နေတာကြောင့် ပြန်လည်စတင်ဖို့ မျှော်လင့်နေကြတယ်လို့သိရပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေဆာက္လုပ္ေရးတင္ဒါေတြမွာ ဝင္ေရာက္လုပ္ကိုင္ဖို႔ ကုမၸဏီလိုင္စင္ အေရအတြက္ထပ္ထိုး

အစိုးရရဲ႕ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ တင္ဒါစနစ္နဲ႔ ဝင္ေရာက္လုပ္ကိုင္ႏိုင္ဖို႔ ေဆာက္လုပ္ေရးကုမၸဏီေတြကိုလိုင္စင္ထုတ္ေပးေနတာ ကုမၸဏီေပါင္း ၁,၆၀၀ ေက်ာ္သြားပါၿပီ။

အခုဘ႑ာႏွစ္ ေအာက္တိုဘာ ၁ ရက္ေန႔က စတင္လို႔ ႏိုင္ငံေတာ္အဆင့္စီမံကိန္းေတြမွာ အစိုးရကဝင္ေရာက္လုပ္ကိုင္မွာမဟုတ္ဘဲ ျပင္ပကုမၸဏီေတြကိုသာ ခြင့္ျပဳမွာျဖစ္တာေၾကာင့္ အခုလို လိုင္စင္ထုတ္ေပးေနရတဲ့ ကုမၸဏီအေရအတြက္ေတြ မ်ားျပားလာရျခင္းျဖစ္ပါတယ္။

ေဆာက္လုပ္ေရးဝန္ႀကီး ဌာန၊ ကုမၸဏီမ်ား ကန္ထ႐ိုက္မွတ္ပုံတင္ေရး လုပ္ငန္းေကာ္မတီက ၂၀၁၆ - ၂၀၁၇ ဘ႑ာေရးႏွစ္ကစၿပီး ကန္ထ႐ိုက္စနစ္နဲ႔ ေဆာင္႐ြက္လိုတဲ့ကုမၸဏီေတြကို ခြင့္ျပဳေပးေနတာလည္းျဖစ္ပါတယ္။

အခုႏွစ္မွာ အိမ္ရာ၊ ေဆး႐ုံ၊စာသင္ေက်ာင္း၊ လမ္းတံတား၊ အစ႐ွိတဲ့ အေျခခံ အေဆာက္အအုံ တည္ေဆာက္ေရးလုပ္ငန္းေတြအားလုံးကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ပုဂၢလိကကို ပဲ လုပ္ကိုင္ခြင့္ျပဳေတာ့မွာပါ။ ကုမၸဏီေတြကို မွတ္ပုံတင္ထုတ္ေပးရမွာေတာ့ အမ်ိဴးအစားေတြခြဲျခားထားတယ္လို႔ သိရပါတယ္။

အရည္အေသြးထိန္းသိမ္းေရးကုမၸဏီ (Quality Control)၊ အင္ဂ်င္နီယာပညာရပ္ ဆိုင္ရာ အၾကံဉာဏ္ေပးေသာကုမၸဏီ (Engineering Consultant)၊ အင္ဂ်င္နီယာပညာရပ္ဆိုင္ရာ ဝန္ေဆာင္မႈေပးေသာကုမၸဏီ (Service)၊ တည္ေဆာက္ေရးကုမၸဏီ (Construction)ႏွင့္ အဓိက တည္ေဆာက္ေရးပစၥည္း ေပးသြင္းသည့္ကုမၸဏီ (Trading)ဆိုၿပီးလိုင္စင္ေတြထုတ္ေပးေနတာျဖစ္ပါတယ္။

ရန္ကုန္အပါအဝင္ၿမိဳ႕ႀကီးေတြမွာ ကပ္ေရာဂါေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းေတြျပန္လည္ရပ္နားထားရာကေန ဒီဇင္ဘာလအတြင္းကစတင္ၿပီး ျပန္လည္စတင္ေနပါၿပီ။

ကိုဗစ္ေကာ္မတီကိုတင္ျပထားတဲ့ ခ႐ိုင္အလိုင္ ေဆာက္လုပ္ေရးလုပ္ငန္းေတြကိုျပန္လည္ခြင့္ျပဳေပးေနတာပဲျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးရဲ႕ ခ႐ိုင္ေလးခ႐ိုင္မွာ လုပ္ငန္းေတြျပန္လုပ္ေဆာင္ဖို႔ ေလွ်ာက္ထားတဲ့ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ သုံးရာေက်ာ္ေလာက္႐ွိၿပီးခြင့္ျပဳမိန္႔ကိုေစာင့္ဆိုင္းေနတာလို႔ ျမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ငန္း႐ွင္မ်ားအသင္းရဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္ဦးမ်ိဳးျမင့္က ေျပာပါတယ္။

စက္႐ုံအလုပ္႐ုံေတြလို ေဆာက္လုပ္ေရး လုပ္ငန္းေတြမွာလည္း က်န္းမာေရးနဲ႔အညီျပန္လည္ဖြင့္လွစ္ဖို႔ စည္းကမ္းခ်က္ေတြ သတ္မွတ္ထားတာ႐ွိၿပီး ေျမျပင္ကြင္းဆင္းစစ္ေဆးမႈေတြလည္း လုပ္ေဆာင္သြားမယ္လို႔ဦးမ်ိဳးျမင့္က ဆိုပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ပထမအပတ္ကေတာ့ ႏိုင္ငံေတာ္အဆင့္စီမံကိန္းေတြအေရးႀကီးတဲ့ေဆာက္လုပ္ေရးလုပ္ငန္း ၁၀ ရာခိုင္ႏႈန္းေလာက္ကို အစိုးရရဲ႕ခြင့္ျပဳခ်က္နဲ႔ ျပန္လည္လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

စီမံကိန္းေတြ အခ်ိန္မီၿပီးစီးေရးေတြအျပင္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြက အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ေပၚေနတာေၾကာင့္ ျပန္လည္စတင္ဖို႔ ေမွ်ာ္လင့္ေနၾကတယ္လို႔သိရပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service